သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် အားဖြည့်ကာကွယ်ဆေးသစ် အမေရိကန် FDA အတည်ပြု


A man wearing a face mask stands next to a board showing the progress of developing an mRNA type vaccine candidate for COVID-19 during a news conference at the National Primate Research Center of Chulalongkorn University, June 22, 2020.
A man wearing a face mask stands next to a board showing the progress of developing an mRNA type vaccine candidate for COVID-19 during a news conference at the National Primate Research Center of Chulalongkorn University, June 22, 2020.

[[ ZAWGYI / UNICODE ]]

ကိုဗစ် အားဖြည့်ကာကွယ်ဆေးသစ် အမေရိကန် FDA အတည်ပြု

အိုမီခရွန် ကိုဗစ်မျိုးကွဲ အန္တရာယ်က ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ ပထမဆုံး အားဖြည့်ကာကွယ်ဆေး အမျိုးအစားသစ်တွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး (FDA) က အတည်ပြုလိုက်ပါတယ်။

“အဆင့်မြင့် ထုတ်လုပ်ထားတဲ့ အားဖြည့်ကာကွယ်ဆေးတွေမှာ မူလ COVID-19 mRNA ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့ အခြေခံဓာတ်တွေ ပါဝင်မှာ ဖြစ်ပေမဲ့ အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 တို့အပြင်၊ မူလကာကွယ်ဆေးမှာလို တခြားမျိုးကွဲတွေကိုပါ ကာကွယ်နိုင်အောင် ပြုပြင်ထားပါတယ်။” လို့ FDA ကော်မရှင်နာ Dr. Robert Califf ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောလိုက်တာပါ။

အားဖြည့်ကာကွယ်ဆေးသစ်မှာတော့ မူလ ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့ ဓာတ်တွေအတိုင်း တဝက်ပါဝင်ပြီး၊ ကျန်တဝက်ကိုတော့ အခုအချိန်အထိ ကူးစက်မှု အမြန်ဆုံးလို့ ယူဆထားကြတဲ့ အိုမီခရွန်မျိုးကွဲတွေ အပါအဝင် နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲသစ်တွေကို ကာကွယ်နိုင်အောင် ပေါင်းစပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

FDA က အတည်ပြုလိုက်တဲ့ Pfizer နဲ့ ပြိုင်ဖက် Moderna ကုမ္ပဏီထုတ် အားဖြည့်ကာကွယ်ဆေးတွေကိုတော့ ရက်ပိုင်းအတွင်း စတင်ထိုးနှံခွင့် ရမယ်လို့လည်း ခန့်မှန်းရပါတယ်။ အားဖြည့်ဆေးသစ်ကိုတော့ မူရင်းကာကွယ်ဆေး ထိုးပြီးသား သူတွေသာ ထိုးခွင့်ရမှာ ဖြစ်ပါတယ်။

Pfizer နဲ့ BioNTech ကုမ္ပဏီတို့ ပူးတွဲ ထုတ်လုပ်တဲ့ အားဖြည့် ကာကွယ်ဆေးသစ်ကို အသက် ၁၂ နှစ်နဲ့ အထက်အရွယ်တွေ ထိုးခွင့်ရမှာဖြစ်ပြီး Moderna ဆေးသစ်ကတော့ အရွယ်ရောက်သူတွေသာ ထိုးခွင့်ရမှာပါ။

အားဖြည့်ကာကွယ်ဆေးသစ်တွေ ထိုးခွင့်ပြုဖို့အတွက်ကိုတော့ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာန (CDC) က ထောက်ခံချက်ပေးရမှာဖြစ်ပြီး၊ ကြာသပတေးနေ့မှာ ဆွေးနွေး ဆုံးဖြတ်မယ်လို့လည်း ခန့်မှန်းရပါတယ်။ ဆေးကုမ္ပဏီ ၂ ခုကနေ အမေရိကန် အစိုးရက ကာကွယ်ဆေး သန်း ၁၇၀ ကျော် မှာယူထားပြီး Pfizer ကုမ္ပဏီကတော့ ၁၅ သန်းကို ရှေ့သီတင်းပတ်ကုန် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}






Pfizer နဲ့ BioNTech ကုမ်ပဏီတို့ ပူးတှဲ ထုတျလုပျတဲ့ အားဖွည့ျ ကာကှယျဆေးသဈကို အသကျ ၁၂ နှဈနဲ့ အထကျအရှယျတှေ ထိုးခှင့ျရမှာဖွဈပွီး Moderna ဆေးသဈကတော့ အရှယျရောကျသူတှသော ထိုးခှင့ျရမှာပါ။


XS
SM
MD
LG