သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅ နှစ်အောက် ကလေး ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကန် ဆေးဝါးကွပ်ကဲမှု အဖွဲ့ထောက်ခံတင်ပြ


HEALTH-CORONAVIRUS/VACCINES-CHILDREN
HEALTH-CORONAVIRUS/VACCINES-CHILDREN

အမေရိကန်မှာ နို့စို့အရွယ်နဲ့ မူကြိုအရွယ် ကလေးတွေအတွက် ၂ ကြိမ်ထိုးရတဲ့ Moderna ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ပြုဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က ဗုဒ္ဓဟူးနေမှာ ထောက်ခံချက် ပေးလိုက်ပါတယ်။ အသက် ၅ နှစ်အောက် ကလေးတွေအတွက် Moderna ကာကွယ်ဆေးဟာ အဆိုးထက် အကောင်းရလဒ်က ပိုများကြောင်း ကျွမ်းကျင်သူတွေ တခဲနက် မဲပေးထောက်ခံလိုက်ကြတာပါ။
“အန္တရယ်ထက် အကျိုးရလဒ်က ပိုများတယ်လို့ အလေးအနက် ယုံကြည်ပါတယ်။” လို့ FDA ကော်မတီဝင် Dr. Michael Nelson က ပြောဆိုလိုက်တာပါ။ အမေရိကန်မှာ ခန့်မှန်းချေ ၁၈ သန်းလောက်ရှိတဲ့ ၅ နှစ်အောက် ကလေးတွေအတွက် ၃ ကြိမ်ထိုးရတဲ့ Pfizer ကာကွယ်ဆေးကိုလည်း ထောက်ခံချက် ပေးသင့်မသင့် ကျွမ်းကျင်သူတွေ ဆုံးဖြတ်မှာဖြစ်ပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ ၆ လအထိ ငယ်ရွယ်တဲ့ ကလေးတွေအတွက် ဆေး ၂ မျိုး စလုံးဟာ ဘေးကင်းပြီး၊ ထိရောက်မှုရှိပုံရတယ်လို့လည်း ကျွမ်းကျင်သူ အဖွဲ့က ဗုဒ္ဓဟူးနေ့ တနေကုန် အစည်းအဝေး မတိုင်ခင်မှာ ပြောထားပါတယ်။

အမေရိကန်မှာ ကာကွယ်ဆေးထိုးဖို့ ကျန်နေတဲ့ ကလေးတွေအတွက် ခွင့်ပြုချက်ရပြီ ဆိုရင်တော့ အစောဆုံး ရှေ့သီတင်းပတ်လောက်ကစ ကလေးတွေ ဆေးထိုးနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်မှုတွေ ကြုံရချိန်မှာ ကလေးငယ်တွေ ဆေးရုံတင်ကုသရမှုတွေ စိုးရိမ်စရာ ကောင်းအောင် များပြားခဲ့ပြီး ကပ်ရောဂါကာလမှာ ၄ နှစ်အောက်ကလေး ၄၄၂ ယောက် ကိုဗစ်ကြောင့် သေဆုံးခဲ့ရကြောင်းလည်း FDA ရဲ့ ကာကွယ်ဆေး လုပ်ငန်းဆိုင်ရာ အကြီးအကဲ Dr. Peter Marks ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode


XS
SM
MD
LG