သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေးရရှိမှု မညီမျှချက်ပိုကြီးမားလာမှာ Gavi စိုးရိမ်


FILE PHOTO: A woman holds a small bottle labelled with a "Coronavirus COVID-19 Vaccine" sticker and a medical syringe in this illustration taken October 30, 2020.
FILE PHOTO: A woman holds a small bottle labelled with a "Coronavirus COVID-19 Vaccine" sticker and a medical syringe in this illustration taken October 30, 2020.

[[Zawgyi/Unicode]]

ချမ်းသာတဲ့တိုင်းပြည်တွေက အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်အပေါ် စိုးရိမ်ကြတာကြောင့် သူတို့ လှူကြမယ့် ကာကွယ်ဆေးတွေကို ပြန်ထိန်းလိုက်ကြတဲ့အတွက် ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေကြား ကာကွယ်ဆေးရရှိတာ မညီမမျှ ပိုမို ကြီးမားသွားနိုင်တယ်လို့ Vaccine Alliance Gavi ခေါ် ကာကွယ်ဆေး မဟာမိတ်ဂါဗီအဖွဲ့က သတိပေးလိုက်ပါတယ်။

ဂါဗီအဖွဲ့ဟာ ကုလသမဂ္ဂက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေး ရရှိရေးကို COVAXX အစီအစဉ်နဲ့ ဆောင်ရွက်နေရာမှာ ဦးဆောင် စည်းရုံးပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

အိုမီခရွန် ဗိုင်းရပ်ကြောင့် တိုင်းပြည်တော်တော်များများ အထိတ်တလန့်ဖြစ်ကြပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို အားဖြည့် ထပ်ထိုးကြတာ အချိန်အားဖြင့်လည်း ပိုပြီး မြန်လာကြပါတယ်လို့ ဂါဗီအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Dr. Seth Berkley က အေပီသတင်းဌာနနဲ့ အင်တာဗျူး မှာ အင်္ဂါနေ့က ပြောပါတယ်။ သူက ကာကွယ်ဆေး ဒုတိယအလုံးအပြင် တတိယအလုံးထိ တိုးထိုးကြတာကို ရည်ညွှန်းပြောသွားတာပါ။

ကာကွယ်ဆေးအလုံး သန်းပေါင်း ၁၀,၀၀၀ ဖြန့်ပြီးရာမှာ COVAXX အစီအစဉ်က သန်း ၇၀၀ ပဲ ရရှိခဲ့ပါတယ်။ အလှူရှင်တွေက ခုအခါမှာ လှူဖို့ရှိတဲ့ ကာကွယ်ဆေးတွေကို မလှူကြတော့တာကို စတွေ့နေရပါပြီလို့ သူက ပြောပါတယ်။

ဝေဖန်သူတွေကတော့ ဂါဗီအဖွဲ့ဟာ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွါးကို လျှော့တွက်ခဲ့တယ်လို့ ဝေဖန်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]







#CovidVaccine #AllianceGAVI #VOABurmse


===========

XS
SM
MD
LG