သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အတြက္ ျမန္မာကိုကူညီမယ္႔ ကန္ အစီအစဥ္ စစ္ေကာင္စီႏွင္႔ ပူးေပါင္းမည္မဟုတ္


[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတဲ့အေပၚ စိုးရိမ္ေၾကာင္းနဲ႔ လူထုက်န္းမာေရး ျပႆနာကို ရင္ဆိုင္ႏိုင္ေအာင္ အကူအညီေပးဖို႔ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္က ေျပာလိုက္ပါတယ္။

ဓာတ္ခဲြခန္းသုံးပစၥည္းေတြ၊ ေရာဂါပိုး ေစာင့္ၾကည့္စစ္ေဆးမႈနဲ႔ က်န္းမာေရး ပညာေပးေရး အစီအစဥ္ေတြ အပါအ၀င္ ကပ္ေရာဂါတိုက္ဖ်က္ေရး အကူအညီအျဖစ္ အေမရိကန္က ေဒၚလာသန္း ၂၀ ေက်ာ္ ေပးအပ္ခဲ့ေၾကာင္းလည္း အေမရိကန္ အစိုးရ အဆင့္ျမင့္အရာရွိ တဦးက ဗြီအိုေအကို ေျပာပါတယ္။ အေမရိကန္ရဲ႕ အကူအညီနဲ႔ ေရာဂါကူးစက္မႈေတြကို ကာကြယ္ရာမွာေရာ၊ စမ္းသပ္စစ္ေဆးရာမွာပါ အေထာက္အကူေတြ ျဖစ္ခဲ့ေပမဲ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ အေျခအေနေတြ ပိုဆိုးလာတာကို စိတ္မေကာင္းစရာ ေတြ႕ျမင္ရေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ဆိုးရြားလာေနတဲ့ လူထုက်န္းမာေရး ျပႆနာကို ရင္ဆိုင္ရာမွာ အကူအညီ ေပးႏိုင္ဖို႔ ႏိုင္ငံတကာက မိတ္ဖက္ေတြနဲ႔ ေဆြးေႏြးေျပာဆိုေနေၾကာင္းလည္း ေျပာပါတယ္။ ဒါေပမဲ့လည္း ျမန္မာျပည္သူေတြအတြက္ အေရးတႀကီး လိုအပ္ေနတဲ့ အကူအညီေတြကို ေပးအပ္ဖို႔ ရည္ရြယ္ထားတာသာျဖစ္ၿပီး ျမန္မာစစ္အာဏာပိုင္ေတြနဲ႔ လက္တဲြ အလုပ္လုပ္ဖို႔ မဟုတ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ျမန္မာစစ္အာဏာပိုင္ေတြ အေနနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို ညီတူညီမွ် ေပးအပ္ဖို႔နဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးအပ္ေနတဲ့ လူထုအေျချပဳအဖဲြ႕အစည္းေတြ၊ ပုဂၢလိကလုပ္ငန္းေတြကို ေႏွာက္ယွက္တာေတြ မလုပ္ဖို႔လည္း ေတာင္းဆိုထားပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ စတင္ခ်ိန္ကစလို႔ အဆိုးဆုံး အေျခအေနနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံတကာ အသိုင္းအ၀န္းက ကူညီၾကဖို႔လည္း ဒီသီတင္းပတ္ထဲမွာပဲ ပန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]ကိုဗစ်အတွက် မြန်မာကိုကူညီမယ့် ကန် အစီအစဉ် စစ်ကောင်စီနှင့် ပူးပေါင်းမည်မဟုတ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ လူထုကျန်းမာရေး ပြဿနာကို ရင်ဆိုင်နိုင်အောင် အကူအညီပေးဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။

ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊ ရောဂါပိုး စောင့်ကြည့်စစ်ဆေးမှုနဲ့ ကျန်းမာရေး ပညာပေးရေး အစီအစဉ်တွေ အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီအဖြစ် အမေရိကန်က ဒေါ်လာသန်း ၂၀ ကျော် ပေးအပ်ခဲ့ကြောင်းလည်း အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်ရဲ့ အကူအညီနဲ့ ရောဂါကူးစက်မှုတွေကို ကာကွယ်ရာမှာရော၊ စမ်းသပ်စစ်ဆေးရာမှာပါ အထောက်အကူတွေ ဖြစ်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အခြေအနေတွေ ပိုဆိုးလာတာကို စိတ်မကောင်းစရာ တွေ့မြင်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ လူထုကျန်းမာရေး ပြဿနာကို ရင်ဆိုင်ရာမှာ အကူအညီ ပေးနိုင်ဖို့ နိုင်ငံတကာက မိတ်ဖက်တွေနဲ့ ဆွေးနွေးပြောဆိုနေကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို ပေးအပ်ဖို့ ရည်ရွယ်ထားတာသာဖြစ်ပြီး မြန်မာစစ်အာဏာပိုင်တွေနဲ့ လက်တွဲ အလုပ်လုပ်ဖို့ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ညီတူညီမျှ ပေးအပ်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နေတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေကို နှောက်ယှက်တာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာ အသိုင်းအဝန်းက ကူညီကြဖို့လည်း ဒီသီတင်းပတ်ထဲမှာပဲ ပန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG