သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေး တိုးမြှင့် မသုံးရင် ဥရောပ မှာ ကိုဗစ်ကြောင့် သေဆုံးသူပိုများနိုင်


ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)

Zawgyi

ကာကွယ်ဆေး တိုးမြှင့် မသုံးရင် ဥရောပ မှာ ကိုဗစ်ကြောင့် သေဆုံးသူပိုများနိုင်

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေ ထပ်မံပြီးတော့ တိုးမြှင့်ပြီးမသုံးစွဲကြဘူးဆိုရင် နောက်ထပ်လေးလလောက်မှာ နိုင်ငံ ၅၃နိုင်ငံပါဝင်တဲ့ဒေသမှာနောက်ထပ်သေဆုံးမှုတွေ ၇သိန်းအထိရှိလာလိမ့်မယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ဥရောပဆိုင်ရာ ရုံးကနေ မနေ့ အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ၄၂ဝဝ နီးပါးသေဆုံးခဲ့ရပြီး ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ နေ့စဉ်သေဆုံးခဲ့တဲ့အရေအတွက်ထက် ၂ ဆပိုများတယ်လို့လည်း အဲဒီအထဲမှာ ဖော်ပြထားပါတယ်။ ဒေသတွင်မှာ ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးတဲ့အရေအတွက်ဟာ တသန်းခွဲကျော်သွားပြီလို့လည်း WHO ဥရောပရုံးကနေ ဥရောပ နဲ့ အရှေ့အလယ်ပိုင်းဒေသက သေဆုံးတဲ့အရေအတွက်တွေကို စာရင်းပြုစုထားတဲ့ IHME ကျန်းမာရေး ဆိုင်ရာ ကွင်းဆင်းလေ့လာမှုနဲ့ အချက်အလက်စုဆောင်းရေးဌာန အပေါ်အခြေပြုပြီးပြောပါတယ်။ ဒါကြောင့် WHO ဥရောပ ဒေသဆိုင်ရာရုံးအနေနဲ့၂၅နိုင်ငံမှာ ဆေးရုံကုတင်တွေနဲ့ ၄၉ နိုင်ငံမှာ အထူးကြပ်မတ်ကုသဆောင်တွေကိုလည်း မြှင့်တင်ပေးဖို့ အခုအချိန်ကစပြီး လာမယ့် ၂ဝ၂၂ မတ်လ ၁ရက်နေ့အထိ စီမံကိန်းရေးဆွဲနေပါတယ်လို့လည်း ဖော်ပြထားပါတယ်။ အခုလက်ရှိလုပ်ဆောင်နေတဲ့အနေအထားအတိုင်းဆိုရင်သေဆုံးတဲ့အရေအတွက်တွေဟာလာမယ့်နှစ် မတ်လမှာ ၂ဒသမ ၂သန်းရှိလာနိုင်တယ်လို့လည်း တွက်ချက်ထားပါတယ်။ ဒါကြောင့် WHO ဥရောပဒေသဆိုင်ရာ ညွှန်ကြာ းရေးမှူး Hans Kluge က ကာကွယ်ဆေး တခုတည်းသာမကပဲနေစဉ်ဘဝတွေမှာ တခြားလုပ်ဆောင်စရာတွေကိုလည်း လိုက်နာကြဖို့တိုက်တွန်းထားပါတယ်။ သူဆိုလိုတာကတော့ နှာခေါင်းစည်း ပါးစပ်ကာ Mask တွေ၊ လက်ဆေးတာတွေ ၊ လေဝင်လေထွက် ကောင်းမွန်တဲ့နေရာတွေ၊ သတ်မှတ်ထားတဲ့အတိုင်းလူချင်း အကွာအဝေးနေကြတာတွေ နဲ့ နှာချေရင် လက်တံတောင်ကာတာတွေ ပါဝင်ကြပါတယ်။ ဒီတောအတွင်းမှာ ဥရာပ သမဂ္ဂ EU ဝန်ကြီးတွေဟာBrussel မြို့မှာအင်္ဂါနေ့က စည်းဝေးကာ ဒေသတွင်းမှာအားမြှင့် ကိုဗစ်ကပ်ရောဂါကာကွယ်ဆေး ထိုးကြဖို့ကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

###

Unicode



XS
SM
MD
LG