သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ရောဂါကြောင့်လူငယ်လုပ်သားရရှိရေးအခက်ကြုံ(ILO)


မစ္စစပီပြည်နယ်၊ Tupelo မြို့အလုပ်အကိုင်ဆိုင်ရာပြပွဲ၊ အောက်တိုဘာ ၁၂၊ ၂၀၂၁
မစ္စစပီပြည်နယ်၊ Tupelo မြို့အလုပ်အကိုင်ဆိုင်ရာပြပွဲ၊ အောက်တိုဘာ ၁၂၊ ၂၀၂၁

Covid-19 ကပ်ဘေးရောဂါကြောင့် လူငယ်လုပ်သား ဈေးကွက်မှာ အကြီးအကျယ် ထိခိုက် ပျက်စီးစေကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီး ILO က ပြောပါတယ်။ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေရဲ့ အလုပ်အကိုင်အလားအလာဟာဆိုရင် တခြားသောအသက်အရွယ်အုပ်စုတွေနဲ့ ယှဉ်ရင် နောက်ကျနေကြောင်း ILO ကထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ ္ဘာတလွှား အလုပ်အကိုင် အလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် အတွင်း ကပ်ဘေးရောဂါဖြစ်လာပြီး နောက်ပိုင်း အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ်လည်း လေ့ကျင်သင်တန်းတွေမရှိဘဲ ဖြစ်နေကြတဲ့ လူငယ်အရေအတွက်ဟာ ၂၃ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပြီး ၁၅ နှစ်တာအတွင်းအမြင့်ဆုံး ဖြစ်ကြောင်း ILO အဖွဲ့ကြီးရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Martha Newton က ပြောခဲ့တာပါ။ လူငယ်တွေ အတွက် ဆောင်ရွက်ပေးဖို့ လိုအပ်တဲ့ကိစ္စတွေမှာ ချို့ယွင်းအားနည်းချက်တွေ ရှိနေတာကို Covid-19 ကပ်ဘေးကြောင့် ထင်သာမြင်သာ ဖြစ်လာစေတယ်လို့လည်း ILO ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

လုပ်သားဈေးကွက်မှာ အခွင့်အလမ်း အနည်းဆုံး သူတွေထဲမှာ ပထမဆုံး အလုပ်ရှာသူတွေ၊ ကျောင်းထွက်ထားသူတွေ၊ လုပ်ငန်း အတွေ့အကြုံ မရှိသေးတဲ့ လောလောလတ်လတ် ဘွဲ့ရထားသူတွေလည်း ပါဝင်ကြောင်း သူမက ပြောပါတယ်။ ဒီနှစ် အတွင်း ကမ ္ဘာတလွှား အလုပ်လက်မဲ့လူငယ် ဦးရေ ၇၃ ရာခိုင်နှုန်းထိ ရောက်မယ်လို့လည်း အခု နောက်ဆုံးထုတ် စာရင်းတွေမှာ ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်ဟာဆိုရင် ၂၀၂၁ ခုနှစ်ကထက် အနည်းငယ် တိုးတက်လာတာ ဖြစ်ပေမယ့်လည်း ၂၀၁၉ ခုနှစ်ကပ်ရောဂါမတိုင်ခင်ကနဲ့ ယှဉ်ရင်တော့ အလုပ်မရှိတဲ့ လူငယ် အရေအတွက် ၆ သန်း ပိုများနေတာ ဖြစ်တယ်လို့လည်း ILO က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode




XS
SM
MD
LG