သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတွေကြောင့် Ottawa မြို့အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ရ


လွှတ်တော်ရှေ့မှာ ကိုဗစ်ကပ်ဘေးဆိုင်ရာကန့်သတ်ချက်တွေနဲ့ မဖြစ်မနေဆေးထိုးရေးစည်းကမ်းတွေကို ဆန့်ကျင်နေတဲ့ ထရပ်ကားမောင်းသူတွေနဲ့ထောက်ခံသူတွေကြားမှာ ရပ်ပြီးစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၂)  
လွှတ်တော်ရှေ့မှာ ကိုဗစ်ကပ်ဘေးဆိုင်ရာကန့်သတ်ချက်တွေနဲ့ မဖြစ်မနေဆေးထိုးရေးစည်းကမ်းတွေကို ဆန့်ကျင်နေတဲ့ ထရပ်ကားမောင်းသူတွေနဲ့ထောက်ခံသူတွေကြားမှာ ရပ်ပြီးစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၂)  

[[Zawgyi/Unicode}}

Covid-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ထရပ်ကားတွေနဲ့ ကန့်ကွက် တဲ့ ဆန္ဒပြပွဲတွေကြောင့် ကနေဒါမြို့တော် Ottawa မှာ သွားလာလုပ်ကိုင်လို့ မရအောင်ဖြစ်လာတဲ့အတွက် မြို့တော်ဝန်က မနေ့ တနင်္ဂနွေနေ့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။

အခြား အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရဌာနတွေရဲ့ အားပေးထောက်ခံမှုလိုအပ်နေပြီဆိုတာ ဒီထုတ်ပြန်ချက်က မီးမှောင်းထိုးပြနေပါတယ်လို့ မြို့တော်ဝန် Jim Watson ကပြောပါတယ်။ ဒီအမိန့်ကြောင့် ကျန်းမာရေးလုပ်သားတွေနဲ့ အရေးပေါ်အခြေအနေတုံ့ပြန်ရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေ မြို့တဝိုက် ပေးပို့နိုင်ရေး အထောက်အကူဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့တပတ်ကတည်းက ဆန္ဒပြနေတဲ့ ရာနဲ့ချီတဲ့ လူတွေကို ထောင်ချီတဲ့ နောက် ထပ်ဆန္ဒပြသူတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာလာပြီးပူးပေါင်းခဲ့ကြတာပါ။ ကားဟွန်းတွေ အဆက်မပြတ်တီးတာ၊ လမ်းတွေပိတ်ကုန်တာကြောင့် မြို့နေလူထုတွေလည်း သည်းမခံနိုင်အောင် စိတ်ဆိုးလာကြပါတယ်။ ရဲချုပ်ကလည်း ဒါဟာ ဆန္ဒပြသူတွေက မြို့ကို စီးနင်းထားတဲ့လုပ်ရပ်အဖြစ်ခေါ်ဆိုလိုက်သလို သူ့အနေနဲ့ မထိမ်းနိင်ဘူးလို့လည်းပြောပါတယ်။

ကနေဒါမှာ ခုလို ကားတွေနဲ့ ဆန္ဒပြနေကြတာကို အမေရိကန် သမ္မတဟောင်း Donald Trump အပါအဝင် ရီပတ်ဘလစ်ကန်တွေက ထောက်ခံကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode}}

ဆန်ဒပွမှုတှကွေောင့ျ Ottawa မွို့အရေးပေါျအခွအေနထေုတျပွနျခဲ့ရ





============

XS
SM
MD
LG