သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ COVID-19 တိုက်ဖျက်ရေး လှုပ်ရှားမှု


အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမှ တားဆီးနိုင်ရေး အသွားအလာ ကန့်သတ်ထားသည့်နေရာတခု။ (ဧပြီ ၁၅၊ ၂၀၂၀)
အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမှ တားဆီးနိုင်ရေး အသွားအလာ ကန့်သတ်ထားသည့်နေရာတခု။ (ဧပြီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ရုပ်သံအထူးအစီအစဉ်တခုကို မနေ့ စနေနေ့က ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာကျော် ဂီတပညာရှင်တွေဖြစ်တဲ့ Lady Gaga, Stevie Wonder, Lizzo, Shawn Mendez အပါအဝင် တခြား အဆိုတော်တွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။

ဒီအစီအစဉ်မှာ အဆိုတော်တွေက မျှော်လင့်ချက်တွေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ စိတ်ခွန်အားဖြစ်အောင် ရေးစပ်ထားတဲ့ နာမည်ကြီး ဂန္ထဝင်သီချင်းတွေ သီဆိုခဲ့ကြသလို သမ္မတဟောင်း ကတော်တွေဖြစ်ကြတဲ့ Michelle Obama, Laura Bush တို့ အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ Oprah Winfrey၊ ကမ္ဘာကျော် မိုက်ကရိုဆော့ဖ်ကုမ္ပဏီ သူဌေးကြီး Bill Gates နဲ့ ဇနီး Melinda Gates, Kerry Washington နဲ့ Henry Golding တို့ကလည်း စိတ်ခွန်အားဖြစ်စေမယ့် အပြုသဘောဆောင်တဲ့ စကားတွေကို ပြောခဲ့ကြပါတယ်။

သူတို့ ပြောနေတဲ့အချိန်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နေ့စဉ် လူတွေရဲ့ ပုံရိပ်တွေကို ပြသခဲ့ပါတယ်။

ဒါ့အပြင် One World: Together at Home လို့ နာမည်ပေးထားတဲ့ ဒီရုပ်သံအစီအစဉ်က အခုလို ကပ်ရောဂါကြီး ကျရောက်နေချိန်အတွင်း အိမ်တွေကို ပစ္စည်းတွေ၊ အစားအသောက်တွေ လိုက်လံပို့ဆောင်ပေးနေတဲ့သူတွေ၊ စာပို့သမားတွေနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

နာမည်ကျော်အဆိုတော် Beyonce လည်း ကြိုတင်ကြေငြာခြင်းမရှိဘဲ ပါဝင်ခဲ့ပြီး သူနဲ့ Alicia Keys တို့က ဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာရှိတဲ့ လူမည်းအသိုင်းအဝိုင်းအပေါ် ထိခိုက်မှုတွေကို ပြောဆိုခဲ့တာ အပါအဝင် ဗိုင်းရပ်စ်ပညာပေးတာတွေနဲ့ ဗိုင်းရပ်စ်အန္တရာယ် ကူညီရေးအတွက် အလှူငွေ ကောက်ခံတာတွေလည်း လုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)

ကမ်ဘာကြောျ အနုပညာရှငျတှရေဲ့ COVID-19 တိုကျဖကြျရေး လှုပျရှားမှု






XS
SM
MD
LG