သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၄၂ ဦးအထိ ရှိလာ


မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ရှိ စာသင်ကျောင်းတခုမှာ ကျောင်းလာတက်တဲ့ ကလေးငယ်တွေကို ကိုယ်အပူချိန် တိုင်းတာနေတဲ့မြင်ကွင်း။ (မေ ၁၂၊ ၂၀၂၂)
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ရှိ စာသင်ကျောင်းတခုမှာ ကျောင်းလာတက်တဲ့ ကလေးငယ်တွေကို ကိုယ်အပူချိန် တိုင်းတာနေတဲ့မြင်ကွင်း။ (မေ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

COVID-19 ရောဂါ စတင်ပျံ့နှံ့ကြောင်း မကြာခင်ကဘဲ စတင်သိရှိရတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ မေလ ၁၅ ရက်နေ့မှာ သေဆုံးသူ ၁၅ ဦး ထပ်ပြီး အတည်ပြုလိုက်တာကြောင့် ဒီကပ်ရောဂါနဲ့ ဆက်စပ်သေဆုံးသူ ၄၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက ၂ နှစ်ကြာ သူ့နိုင်ငံအတွင်း ရောဂါပိုး ကူးစက်ပြန့်ပွားခြင်း မရှိဘူးလို့ ပြောလာခဲ့တဲ့ မြောက်ကိုရီးယားမှာ COVID-19 ကူးစက်နေသူ စတင်တွေ့ရှိရကြောင်း ကြာသပတေးနေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံအတွင်း ကိုဗစ်ကူးစက်နေသူတွေကို ဧပြီလမှာ စတင်တွေ့ရှိခဲ့တယ်လို့ ရောဂါပိုးဖြစ်ပေါ်နေကြောင်း အတည်ပြုပြီးတဲ့နောက်မှာ မြောက်ကိုရီးယား အာဏာပိုင်တွေက ထပ်မံအတည်ပြု ပြောကြားခဲ့ပေမဲ့ တိုင်းပြည်အတွင်း COVID-19 ဖြစ်နေသူ ဘယ်နှစ်ဦးရှိတယ်ဆိုတာ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

တုပ်ကွေးရောဂါလက္ခဏာနဲ့တူတဲ့ ရောဂါပိုးဖြစ်နေသူ နောက်ထပ် ၃ သိန်းနီးပါး စမ်းသပ် တွေ့ရှိရကြောင်း နိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုး ကူးစက်နေသူ ၈ သိန်း ၂ သောင်း ကျော်သွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အားနည်းချက်ရှိတဲ့အပြင် ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်လည်းမရှိတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ အခုလို ရောဂါပိုးကူးစက်မှု တရှိန်ထိုး မြင့်တက်သွားတာကြောင့် စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

မြောက်ကိုရီးယားကို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီပေးရေး ဆောင်ရွက်မှုတွေကို အမေရိကန်က ထောက်ခံပေမဲ့ အမေရိကန်အနေနဲ့တော့ မြောက်ကိုရီးယားကို ကာကွယ်ဆေး ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)

မွောကျကိုရီးယားမှာ ကိုဗဈကွောင့ျသဆေုံးသူ ၄၂ ဦးအထိ ရှိလာ







XS
SM
MD
LG