သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ တရက်အတွင်း ကိုဗစ်ကူးစက်သူ တသန်းကျော်ခဲ့


အမေရိကန်၊ နယူးယောက်မြို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းနဲ့ ခြေရာခံလုပ်ငန်းအဖွဲ့ရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ကားမှာ လာရောက် ကာကွယ်ဆေးထိုးသူတဦး။
အမေရိကန်၊ နယူးယောက်မြို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းနဲ့ ခြေရာခံလုပ်ငန်းအဖွဲ့ရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ကားမှာ လာရောက် ကာကွယ်ဆေးထိုးသူတဦး။

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၃ ရက်၊ တနင်္လာနေ့တရက်တည်းမှာတင် ကိုဗစ်-၁၉ ကူးစက်သူ ၁ သန်းကျော်ရှိခဲ့တယ်လို့ ရောဂါပိုး ကူးစက်၊ သေဆုံးမှုစာရင်းတွေကို စောင့်ကြည့် ပြုစုနေတဲ့ Johns Hopkins တက္ကသိုလ်ကထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇကွဲ Omicron ကူးစက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်တာကြောင့် အခုလို တရက်အတွင်း ရောဂါပိုး ကူးစက်မှု စံချိန်တင် ဖြစ်ပေါ်ခဲ့တာပါ။

တနင်္လာနေ့တရက်တည်းမှာတင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁,၆၈၈ ဦးရှိခဲ့တယ်လို့လည်း Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ဖြစ်ပေါ်တဲ့အချိန်ကစလို့ အမေရိကန်မှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၅၆ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း တနင်္လာနေ့မှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၄၈,၀၀၀ နီးပါး ရှိခဲ့တာကြောင့် ဒါဟာ သြစတြေးလျအတွက် တရက်အတွင်း ကူးစက်မှု စံချိန်တင်လိုက်တာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ မျိုးဗီဇကွဲ Omicron ကူးစက်မှု သြစတြေးလျနိုင်ငံအတွင်း ဒီကနေ့ အင်္ဂါနေ့အထိ အရှိန်မြင့်ဖြစ်ပေါ်နေတာကြောင့် ဆေးရုံတွေ လူနာလက်ခံဖို့ အခက်အခဲရှိနေသလို ကိုဗစ် ကူးစက်ခြင်းရှိမရှိ စစ်ဆေးဖို့အတွက်လည်း အရင်ကထက် အချိန်အကြာကြီး စောင့်ဆိုင်းနေကြရပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဒီကနေ့ အင်္ဂါနေ့မှာ ကိုဗစ်-၁၉ ကူးစက်သူ ၁,၀၀၀ ကျော်သွားတဲ့အတွက် ဒါဟာ ၃ လအတွင်း ကူးစက်မှုအများဆုံး စံချိန်တင်လိုက်တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အခုနှစ် ဆောင်းရာသီအတွင်း ရောဂါပိုးကူးစက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်ပြီး ဆဌမလှိုင်း ဖြစ်လာနိုင်ခြေရှိကြောင်း ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတာမှာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကိုဗစ်ကူးစက်ခံလိုက်ရပြီးတဲ့နောက် အခုလာမယ့် သီတင်းပတ်ကုန်မှာ Stay at Home မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








===============

XS
SM
MD
LG