သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း Omicron မျိုးကွဲ ကူးစက်ပျံ့နှံ့မှု တိုး


လေ့ာစ်အိန်ဂျလိစ်မြို့က လင်ကွန်းပန်းခြံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိစစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေသူများ။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၁)
လေ့ာစ်အိန်ဂျလိစ်မြို့က လင်ကွန်းပန်းခြံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိစစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေသူများ။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကမ္ဘာတဝန်း Omicron မျိုးဗီဇကွဲ ကိုဗစ်-19 ရောဂါပိုး ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန်မှာ အိန္ဒိယနိုင်ငံကလည်း အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အကြား ဆယ်ကျော်အသက် လူငယ်တွေကို ကာကွယ်ဆေးထိုးပေးမယ့်အစီအစဉ်ကို ဒီကနေ့ တနင်္လာနေ့မှာ စတင်လိုက်ပါပြီ။ တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ ကိုဗစ်-19 ကူးစက်သူ ၃၃,၇၅၀ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေတာကို ဟန့်တားဖို့ ကြိုးစားတဲ့အနေနဲ့ ဒီကနေ့ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ပါတယ်။ အဲဒီ ကန့်သတ်ချက်အသစ်တွေထဲ အပြင်မှာ လူ ၅,၀၀၀ ထက်ပိုပြီး စုဝေးတာနဲ့ အဆောက်အဦးအတွင်း လူ ၂,၀၀၀ ထက်ပိုပြီး စုဝေးတာတွေ မလုပ်ရတဲ့ အချက်လည်း ပါဝင်ပါတယ်။

တောင်ကိုရီးယားမှာတော့ ကူးစက်မြန် ကိုဗစ်-19 မျိုးဗီဇကွဲ Omicron ကြောင့် ပထမဦးဆုံး သေဆုံးသူတွေ ရှိလာပြီဖြစ်ကြောင်း Yonhap သတင်းဌာနမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ အသက် ၉၀ အရွယ်ဝန်းကျင်ရှိပြီဖြစ်တဲ့ အခု သေဆုံးသူတွေဟာ Omicron ကြောင့် သေတာလား၊ တခြားအကြောင်းတခုခုကြောင့် သေဆုံးတာလားဆိုတာကို အတိအကျ မသိရသေးဘူးလို့ Yonhap သတင်းက ရေးပါတယ်။

အစ္စရေးဝန်ကြီးချုပ် Naftali Bennet ကတော့ သူ့နိုင်ငံမှာ Omicron မျိုးကွဲ ရောက်နေပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၄ ကြိမ်မြောက် အားဖြည့် ကာကွယ်ဆေးထိုးကြဖို့လည်း ဝန်ကြီးချုပ် Naftali Bennet က ပြောပါတယ်။ အဲဒီလို ၄ ကြိမ်မြောက် အားဖြည့် ကာကွယ်ဆေးထိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်ဆိုပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိတွေအကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

Johns Hopkins တက္ကသိုလ်က ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာတဝန်း ကိုဗစ် -19 ကူးစက်သူ သန်း ၂၉၀ ကျော် ရှိသွားပြီဖြစ်ပြီး သေဆုံးသူကတော့ ၅.၄ သန်း ရှိသွားပြီလို့ ဆိုပါတယ်။

ကမ္ဘာတဝန်း Omicron မျိုးကွဲ ကူးစက်ပျံ့နှံ့မှု တိုး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]

ကမ်ဘာတဝနျး Omicron မြိုးကှဲ ကူးစကျပြံ့နှံ့မှု တိုး







===========

XS
SM
MD
LG