သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါေသာက္ေဆး သုေတသန


This undated image provided by Merck & Co. shows their new antiviral medication.

{Zawgyi/Unicode}

Covid−19 ကပ္ေရာဂါကို တိုက္ဖ်က္ဖို႔အတြက္ ေဆးအသစ္ဟာ ေဆးလုံးပုံစံနဲ႔ ထြက္လာပါၿပီ။ ဒီေဆးက ေရာဂါကို ဘယ္လို တားဆီးေပးႏိုင္သလဲဆိုတာနဲ႔ တျခား မၾကားဖူးေသးတဲ့ေဆးေတြ အေၾကာင္း Carolyn Presutti သတင္းေပးပို႔ထားပါတယ္။ ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

အေမရိကန္မွာ ကိုဗစ္ေရာဂါနဲ႔ ေသဆုံးသြားတဲ့လူအေရအတြက္ဟာ စုစုေပါင္း ၇ သိန္း ရွိပါၿပီ။ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က အခုလို ေျပာျပပါတယ္။

“ဒါဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ မ်ားျပားလွတဲ့ လူ႔အသက္ေတြပါ။”

အခုေတာ့ Merck ေဆးကုမၸဏီက ထုတ္လုပ္တဲ့ ကို႐ိုနာဗိုင္းရပ္ ျပန႔္ပြားမႈကို တားဆီးႏိုင္တဲ့ ေဆးအသစ္တမ်ိဳးက ေမွ်ာ္လင့္ခ်က္အသစ္ေတြ ရွိလာေစပါတယ္။ ဒီေဆးက အလားအလာရွိလြန္းတာေၾကာင့္ လူေတြနဲ႔စမ္းသပ္ခ်က္ကို လူ႔အသက္ေတြကို ကယ္ဆယ္ႏိုင္ဖို႔အတြက္ ေစာေစာရပ္ထားလိုက္ပါတယ္။ ေရာဂါျဖစ္ျဖစ္ခ်င္းမွာ ဒီေဆးကို ေသာက္ရင္ ေဆး႐ုံတက္ရတာနဲ႔ ေသဆုံးတာေတြကေန တဝက္ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ Vanderbilt တကၠသိုလ္ေဆး႐ုံက ေဒါက္တာ William Schaffner က အခုလို ေျပာပါတယ္။

“တျခားေဆးေတြလိုပဲ ေဆးဝယ္တဲ့ ေနရာမွာဝယ္ၿပီး ဒီေဆးကို ေသာက္ႏိုင္ပါတယ္။ ဒီေဆးေၾကာင့္ လူအမ်ားႀကီး ျမန္ျမန္ ကုသႏိုင္ၿပီးေတာ့ ေဆးသက္သက္သာသာ နဲ႔ ကုသေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။”

ေဒါက္တာ Caleb Hernandez ဟာ အေရးေပၚဌာန ဆရာဝန္တေယာက္ျဖစ္ၿပီး Covid ေဆး သုေတသန မွာ ပါဝင္ခဲ့သူတဦးလည္း ျဖစ္ပါတယ္။ ေအာက္ဆီဂ်င္လိုအပ္တာကို သုံးဆေလာက္ ေလွ်ာ့ခ်ေပးႏိုင္တဲ့ ေဆးတမ်ိဳးအပါအဝင္ တျခားေဆးသုံးမ်ိဳးကို သုေတသန လုပ္စမ္းသပ္ထားႏိုင္ေပမဲ့လည္း နာမည္ႀကီးတဲ့ ေဆးဝါးကုမၸဏီေတြ လက္ေအာက္ကေတာ့မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ သူတို႔ဟာ အစားအေသာက္ နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန FDA ရဲ႕ ခြင့္ျပဳရဖို႔ စစ္ေဆးမႈေတြလုပ္ဖို႔ ပိုက္ဆံမတတ္ႏိုင္ဘဲ ဒီအတိုင္းေစာင့္ေနရေၾကာင္း ေဒါက္တာ Caleb Hernandez က အခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔အစိုးရက ဒီေဆးဝါးေတြကို စမ္းသပ္ဖို႔ ေဒၚလာ ၅ သိန္းအကုန္အက်ခံဖို႔အတြက္ စီမံထားတာမ်ိဳးမရွိပါဘူး။ FDA ဆီယူလာဖို႔က ပုဂၢလိက ကုမၸဏီေတြ အေပၚ မွီခိုေနရပါတယ္။ ဒါေၾကာင့္ တီထြင္မႈေတြ ရွိသေလာက္ ျမင္ရမွာမဟုတ္ပါဘူး။”

အေမရိကန္ေတြအေနနဲ႔ ဒီေဆးအသစ္အေပၚ ပိုၿပီး မွီခိုသြားၿပီးေတာ့ ကိုယ္ခႏၶာက ေရာဂါ ခံႏိုင္စြမ္းအားကို ေလ့က်င့္ေပးမယ့္ ကာကြယ္ေဆးကို ေရွာင္တာမ်ိဳး ျဖစ္မွာကို ကြၽမ္းက်င္သူေတြက စိုးရိမ္ၾကပါတယ္။ ဒါေပမဲ့လည္း ေဝးလံေခါင္သီတဲ့ ေဒသေတြအတြက္ကေတာ့ ေဆးလုံးေလးေတြဟာ စီမံဖို႔ ပိုၿပီး လြယ္ကူမွာပါ။ ျဖန႔္ခ်ီေရးနဲ႔ ေစ်းႏႈန္းသက္သာတာကလည္း တျခားအခ်က္ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုေဆးပဲ ျဖစ္ျဖစ္ ကပ္ေရာဂါကို အဆုံးသတ္ေစဖို႔ ေဒါက္တာ Hernandez က ေမွ်ာ္လင့္ေနပါတယ္။ အေၾကာင္းကေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဆရာဝန္ေတြလည္း အားအင္ကုန္ခမ္းေနၿပီလို႔ ေဒါက္တာ Hernandez က ေျပာပါတယ္။

“က်ေနာ္တို႔လည္း ေရာဂါကို ေန႔တိုင္း ရင္ဆိုင္ေနရတာ ၂ ႏွစ္ရွိေနၿပီ ျဖစ္ၿပီး လူေတြ ေသေနတာကို ၾကည့္ေနရတာပါ။ ေနာက္ၿပီး လူေတြက မယုံၾကည္ရင္ ခက္ခဲတယ္လို႔ ထင္ပါတယ္။ အဲ့လူေတြက ခင္ဗ်ားက အပိုေတြ ေျပာေနတာ၊ လုပ္ႀကံေျပာ တာ၊ ႀကိဳတင္ႀကံစည္မႈႀကီးရဲ႕ အစိတ္အပိုင္းလို႔ထင္ၾကတာပါ။ တခ်ိန္တည္းမွာ အလုပ္ကို သြားေနရၿပီး လူေတြ ေသအမ်ားႀကီးေသတာကို အတည္ျပဳေပးေနရပါတယ္။”

Merck ကုမၸဏီက သူ႔ေဆးကို အေရးေပၚ အသုံးျပဳခြင့္ရဖို႔ ခြင့္ျပဳခ်က္ေတာင္းမွာျဖစ္ၿပီးေတာ့ ဒီ လုပ္ငန္းစဥ္က ၂ လ ေလာက္ၾကာႏိုင္ပါတယ္ ခင္ဗ်ာ။

ကိုဗစ္ေရာဂါေသာက္ေဆး သုေတသန
please wait

No media source currently available

0:00 0:03:01 0:00
တိုက္႐ိုက္ လင့္ခ္


=======

{Unicode}

ကိုဗစ်ရောဂါသောက်ဆေး သုတေသန

Covid−19 ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ဆေးအသစ်ဟာ ဆေးလုံးပုံစံနဲ့ ထွက်လာပါပြီ။ ဒီဆေးက ရောဂါကို ဘယ်လို တားဆီးပေးနိုင်သလဲဆိုတာနဲ့ တခြား မကြားဖူးသေးတဲ့ဆေးတွေ အကြောင်း Carolyn Presutti သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အမေရိကန်မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့လူအရေအတွက်ဟာ စုစုပေါင်း ၇ သိန်း ရှိပါပြီ။ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က အခုလို ပြောပြပါတယ်။

“ဒါဟာ ကြောက်စရာကောင်းလောက်အောင် များပြားလှတဲ့ လူ့အသက်တွေပါ။”

အခုတော့ Merck ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို တားဆီးနိုင်တဲ့ ဆေးအသစ်တမျိုးက မျှော်လင့်ချက်အသစ်တွေ ရှိလာစေပါတယ်။ ဒီဆေးက အလားအလာရှိလွန်းတာကြောင့် လူတွေနဲ့စမ်းသပ်ချက်ကို လူ့အသက်တွေကို ကယ်ဆယ်နိုင်ဖို့အတွက် စောစောရပ်ထားလိုက်ပါတယ်။ ရောဂါဖြစ်ဖြစ်ချင်းမှာ ဒီဆေးကို သောက်ရင် ဆေးရုံတက်ရာတာနဲ့ သေဆုံးတာတွေကနေ တဝက်လျှော့ချပေးနိုင်ပါတယ်။ Vanderbilt တက္ကသိုလ်ဆေးရုံက ဒေါက်တာ William Schaffner က အခုလို ပြောပါတယ်။

“တခြားဆေးတွေလိုပဲ ဆေးဝယ်တဲ့ နေရာမှာဝယ်ပြီး ဒီဆေးကို သောက်နိုင်ပါတယ်။ ဒီဆေးကြောင့် လူအများကြီး မြန်မြန် ကုသနိုင်ပြီးတော့ ဆေးသက်သက်သာသာ နဲ့ ကုသပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”

ဒေါက်တာ Caleb Hernandez ဟာ အရေးပေါ်ဌာန ဆရာဝန်တယောက်ဖြစ်ပြီး Covid ဆေး သုတေသန မှာ ပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အောက်ဆီဂျင်လိုအပ်တာကို သုံးဆလောက် လျှော့ချပေးနိုင်တဲ့ ဆေးတမျိုးအပါအဝင် တခြားဆေးသုံးမျိုးကို သုတေသန လုပ်စမ်းသပ်ထားနိုင်ပေမဲ့လည်း နာမည်ကြီးတဲ့ ဆေးဝါးကုမ္ပဏီတွေ လက်အောက်ကတော့မဟုတ်ပါဘူး။ အဲ့ဒါကြောင့် သူတို့ဟာ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ရဲ့ ခွင့်ပြုရဖို့ စစ်ဆေးမှုတွေလုပ်ဖို့ ပိုက်ဆံမတတ်နိုင်ဘဲ ဒီအတိုင်းစောင့်နေရကြောင်း ဒေါက်တာ Caleb Hernandez က အခုလို ပြောပြပါတယ်။

“ကျနော်တို့အစိုးရက ဒီဆေးဝါးတွေကို စမ်းသပ်ဖို့ ဒေါ်လာ ၅ သိန်းအကုန်အကျခံဖို့အတွက် စီမံထားတာမျိုးမရှိပါဘူး။ FDA ဆီယူလာဖို့က ပုဂ္ဂလိက ကုမ္ပဏီတွေ အပေါ် မှီခိုနေရပါတယ်။ ဒါကြောင့် တီထွင်မှုတွေ ရှိသလောက် မြင်ရမှာမဟုတ်ပါဘူး။”

အမေရိကန်တွေအနေနဲ့ ဒီဆေးအသစ်အပေါ် ပိုပြီး မှီခိုသွားပြီးတော့ ကိုယ်ခန္ဓာက ရောဂါ ခံနိုင်စွမ်းအားကို လေ့ကျင့်ပေးမယ့် ကာကွယ်ဆေးကို ရှောင်တာမျိုး ဖြစ်မှာကို ကျွမ်းကျင်သူတွေက စိုးရိမ်ကြပါတယ်။ ဒါပေမဲ့လည်း ဝေးလံခေါင်သီတဲ့ ဒေသတွေအတွက်ကတော့ ဆေးလုံးလေးတွေဟာ စီမံဖို့ ပိုပြီး လွယ်ကူမှာပါ။ ဖြန့်ချီရေးနဲ့ ဈေးနှုန်းသက်သာတာကလည်း တခြားအချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆေးပဲ ဖြစ်ဖြစ် ကပ်ရောဂါကို အဆုံးသတ်စေဖို့ ဒေါက်တာ Hernandez က မျှော်လင့်နေပါတယ်။ အကြောင်းကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဆရာဝန်တွေလည်း အားအင်ကုန်ခမ်းနေပြီလို့ ဒေါက်တာ Hernandez က ပြောပါတယ်။

“ကျနော်တို့လည်း ရောဂါကို နေ့တိုင်း ရင်ဆိုင်နေရတာ ၂ နှစ်ရှိနေပြီ ဖြစ်ပြီး လူတွေ သေနေတာကို ကြည့်နေရတာပါ။ နောက်ပြီး လူတွေက မယုံကြည်ရင် ခက်ခဲတယ်လို့ ထင်ပါတယ်။ အဲ့လူတွေက ခင်ဗျားက အပိုတွေ ပြောနေတာ၊ လုပ်ကြံပြော တာ၊ ကြိုတင်ကြံစည်မှုကြီးရဲ့ အစိတ်အပိုင်းလို့ထင်ကြတာပါ။ တချိန်တည်းမှာ အလုပ်ကို သွားနေရပြီး လူတွေ သေအများကြီးသေတာကို အတည်ပြုပေးနေရပါတယ်။”

Merck ကုမ္ပဏီက သူ့ဆေးကို အရေးပေါ် အသုံးပြုခွင့်ရဖို့ ခွင့်ပြုချက်တောင်းမှာဖြစ်ပြီးတော့ ဒီ လုပ်ငန်းစဉ်က ၂ လ လောက်ကြာနိုင်ပါတယ် ခင်ဗျာ။

#Covid19 #CovidTreatment #VOABurmese
#ကိုဗစ်သောက်ဆေးသုတေသန#FDA#Hernandez

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG