သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 စည္းကမ္းေတြၾကား ရုန္းကန္ေနရတဲ႔ အေ၀းေျပး ကုန္စည္ပို႔ေဆာင္ေရး


စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းၿမိဳ႕မွာ ကုန္တင္ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္ေတြကို COVID -19 ေရာဂါပိုး ရွိမရွိ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၆၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကာလ အတြင္း ႏို္င္ငံတြင္းက ကုန္စည္ သယ္ယူပို႔ေဆာင္ေရး အခ်က္အခ်ာ ေဒသတိုင္း လိုလိုမွာ အေ၀းေျပး ကုန္ကားႀကီးေတြနဲ႔ ယာဥ္ေၾကာပိတ္ဆို႔ေနပါတယ္။ COVID-19 ကင္းရွင္းေၾကာင္း ေဆးစစ္ အတည္ျပဳခ်က္ ရဖို႔က ရက္နဲ႔ခ်ီ ေစာင့္ဆိုင္းၾကရတဲ႔ အခ်ိန္မွာ ေဒသ အသီးသီးရဲ႕ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ေဆာင္ရြက္ေနၾကတဲ႔ စည္းမ်ဥ္း စည္းကမ္းသစ္ေတြကို မသိၾကတဲ႔ အတြက္လည္း ခရီးစဥ္ အတြက္ ႀကိဳၿပီး မျပင္ဆင္ႏုိင္ ျဖစ္ေနၾကတာပါ။ ဒီသီတင္းပတ္ အတြက္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

တရုတ္ျပည္ ျမန္မာ နယ္စပ္ မူဆယ္မွာ ပန္းသီတင္ထားတဲ႔ ကုန္ကားက အဆင္သင့္ ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ျမန္မာဘက္ျခမ္း မူဆယ္ကို ေရာက္လာၿပီးေနာက္ ျပည္မႀကီးဘက္ကို ေမာင္းလာရမယ့္ အခ်ိန္ ကိုတိုးတိုး အတြက္ေတာ့ ေရွ႕ေလ ွ်ာက္ မေရရာမႈေတြက မူဆယ္ ၁၀၅ မိုင္ကေန စေတြ႔ပါၿပီ။

ကုိတိုးတိုး ။ ။ ကားက ကုန္က တင္ၿပီးသြားၿပီ။ မနက္ျဖန္ေရာက္ရင္ ကားက ထြက္လာမွာ ဆိုေတာ့ က်ေနာ္တို႔က ေဆးက မစစ္ရေသးဘူး။ ၅ မိုင္ ေရာက္မွ စစ္ရမယ္ဆိုေတာ့ ကား က တခါ တန္းရဦးမယ္။ တန္းၿပီးလို႔ Result က ေကာင္းတယ္ဆိုရင္ေတာ့ ရန္ကုန္ကို တိုက္ရိုက္ ေရာက္သြားမွာေပါ့ေနာ္။ ကိုယ္တင္တဲ႔ဟာ ရန္ကုန္ဆို ရန္ကုန္ ေရာက္သြားမယ္။ မႏၱေလးဆို မႏၱေလး ေရာက္သြားမယ္ေပါ့။ Result မေကာင္းဘူး ဆိုရင္ေတာ့ သူတို႔ ဒီက ကုန္သည္ေတြနဲ႔ တခါ ဂိတ္မွဴးေတြနဲ႔ တခါ စကားက ေျပာရဦးမွာေပါ့။

သိဂၤ ီထုိက္။ ။ ၅ မိုင္မွာ စစ္ေတာ့ေရာ ဘယ္ေလာက္ေလာက္ ေစာင့္ရပါလဲ။

ကုိတိုးတိုး ။ ။ က်ေနာ္တို႔ အဖြဲ႔ေတြကေတာ့ တန္းတဲ႔သူေတြကေတာ့ ဒီ ၃ နာရီ ေလာက္က ဂ်ဴတီ ရတာတဲ႔ ၆ နာရီထိကို အဲဒီ စစ္တဲ႔ ေနရာကို မေရာက္ေသးဘူးတဲ႔ အဲဒီ ကားႀကီး ၀င္းထဲကကို အဲဒီ ၅ မိုင္ ကြင္းထဲကကို မထြက္ရေသးဘူးတဲ႔ အဲလို ေျပာတယ္။

သိဂၤ ီထုိက္။ ။ ျဖတ္တဲ႔ ၿမိဳ႕ေတြမွာေရာ ျပန္စစ္ဖို႔ လိုပါေသးလား။

ကုိတိုးတိုး ။ ။ အမ်ိဳးမ်ိဳးေတာ့ ေျပာေနၾကတာဘဲ။ သူတို႔ စစ္ခိုင္းတဲ႔ ေနရာ ထပ္ စစ္ရမွာေပါ့။ Facebook ထဲ တခါတေလ တက္လာတာေတာ့ သူတို႔ တိုင္း တခု ျပည္နယ္ တခု အဲလို ျခားသြားရင္ တခါ စစ္ရဦးမယ္လို႔လည္း ၾကားေနတယ္။ သူတို႔ အဲလို မူ မထုတ္ခင္တုန္းက ေရွ႕က သြားေနတဲ႔ ကားေတြကေတာ့ ဒီကေန တခါ စစ္သြားတာနဲ႔ သူတို႔ ဘန္႔ေဘြး ေခၚမွာေပါ့ ေမၿမိဳ႕နားေလးကဟာ အဲဒီမွာ တခါ စစ္ၿပီးေတာ့ ရန္ကုန္ ေရာက္သြားတာတဲ႔။ ရန္ကုန္ထိ မစစ္ေတာ့ဘူးတဲ႔။ အဲဒီ စစ္ထားတဲ႔ စာရြက္ျပရင္ ရတယ္တဲ႔။ အခု က်ေနာ္တို႔က အခု တေခါက္က သြားမၾကည့္ရေသးေတာ့ ဘယ္ၿမိဳ႕ ဘယ္တိုင္းမွာ ထပ္စစ္ဦးမလဲ ဆိုတာေတာ့ မသိဘူး။

သိဂၤ ီထုိက္။ ။ ကိုတိုးတိုးတို႔လို ကုန္ကားဆြဲေနသူေတြ ဘယ္ၿမိဳ႕မွာ ဘာလုပ္ရမယ္ဆိုတဲ႔ သတင္းအခ်က္အလက္က ဘယ္လို ရပါသလဲ။

ကုိတိုးတိုး ။ ။ အဲ က်ေနာ္တို႔ ဘယ္လိုမွ မရဘူး။ ဒီ Facebook ကဘဲ ၾကည့္ၿပီးေတာ့ Facebook ကဘဲ နည္းနည္းပါးပါး သတင္းသဲ႔သဲ႔ ၾကားတာဘဲ။ က်ေနာ္တို႔ ေရွ႕က သြားေနတဲ႔ သူေတြကေတာ့ ဟိုေနရာမွာ တခါဘဲ စစ္လုိက္တယ္ အဲဒါ ရန္ကုန္ ေရာက္သြားတာ။ ျပရံုဘဲ။ အဲလိုမ်ိဳး မစစ္ရေသးတဲ႔ ကားသမားကေတာ့ သြား တန္းရတယ္တဲ႔။ ၃ ရက္ ၄ ရက္ေလာက္ ကားတန္းရတယ္တဲ႔။ က်ေနာ္႔ေရွ႕က ကားေတြကေတာ့ အဲလို သတင္းမရေတာ့ ဘာ စာရြက္စာတမ္းမွ မပါဘဲ ဆင္းသြားၾကေတာ့ အဲဒီ ဘန္႔ေဘြးမွာ ၃ ရက္ တန္းရတယ္တဲ႔။

COVID-19 ကာလ တေလ ွ်ာက္လံုး ကားမနား ေသးဘဲ ေတာက္ေလ ွ်ာက္ ကားေမာင္းေနတဲ႔ ကိုတိုးတိုး တို႔လို လူေတြလည္း ၿမိဳ႕တိုင္း ရြာတိုင္းက ေရာဂါ ကာကြယ္ေရးဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းေတြကို တဆင့္စကား တဆင့္နားနဲ႔ စံုစမ္းေနရသလိုဘဲ အဓိက ကေတာ့ လူမႈကြန္ရက္ Facebook ကို အားထားရပါတယ္။ စည္းမ်ဥ္း စည္းကမ္းေတြက အခ်ိန္နဲ႔ တေျပးညီ အေျပာင္းအလဲကလည္း ရွိပါတယ္။

COVID-19 တေက်ာ့ျပန္ ျဖစ္လာခ်ိန္က စလို႔ ကုန္ကားဆြဲတာ ရပ္ထားတဲ႔ မႏၱေလးက ကိုရဲျမတ္ေသြးကေတာ့ ကားျပန္ဆြဲဖို႔ အတြက္ စနည္းနာေနပါတယ္။ ဒါေပမယ့္ သူလည္း သိပ္ေတာ့ ေရေရရာရာ ေသေသခ်ာခ်ာ မသိေသးပါဘူး။

“ ဟို ရမည္းသင္းမွာ ပထမဆံုး စ စစ္တာေပါ့။ စစ္လုိက္တဲ႔ အခါက်ေတာ့ ကားေတြက ေထာက္ခံစာ ပါမွ သြားရမယ္ ဘာညာေပါ့။ အခုက်ေတာ့ စမ္းသပ္တဲ႔ ဟာေလးက လုပ္ေပးမယ္ဆိုေတာ့ အခု သြားလို႔ေတာ့ ရေနၿပီေပါ့ေလ။ သြားလို႔ ရေနၿပီ ဆိုေပမယ့္ မႏၱေလးက ထြက္တဲ႔လူ ဆိုလို႔ ရွိရင္ အစကေတာ့ ဒီ ေဒသႏၱရ ရံုးေတြမွာ လုပ္လို႔ရတယ္ စစ္လို႔ ရတယ္ေပါ့ သူက ေျပာထားတာေပါ့ေနာ္။ ေျပာထားတယ္ဆိုေပမယ့္ အခု ကုန္တင္ၿပီး ထြက္မယ္ ဆိုလို႔ ရွိရင္ စစ္ဖို႔ေပါ့ေလ။ မႏၱေလးမွာ နားထားတဲ႔ လူေတြက သြားေမးတဲ႔ အခါက်ေတာ့ သူက ရန္ကုန္ ဆိုရင္ ရန္ကုန္မွာ ကုန္ခ်ရမယ့္ ပန္းစာရယ္ ဂိတ္စာရယ္ ပါမွ စစ္ေပးမွာေပါ့။ ဘာလို႔လည္း ဆိုေတာ့တဲ႔ တခ်ိဳ႕က် အဲလို မဟုတ္ဘဲနဲ႔ ဒီ ေဆးစစ္ေပးတယ္ဆိုေတာ့ လာၿပီး စစ္လို႔ပါတဲ႔။ သူကေတာ့ အဲလို ေျပာတာဘဲ။ ”

အေရာင္းအ၀ယ္ အခ်က္အခ်ာ ရန္ကုန္ ဘုရင့္ေနာင္ ပြဲရံု၀င္းမွာ အေျခစိုက္တဲ႔ အေ၀းေျပးကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးက်င္သိန္းကေတာ့ လက္ရွိ ရန္ကုန္က ကုန္ကား အထြက္က ပံုမွန္ထက္ သံုးပံု တပံုေလာက္သာ ရွိေပမယ့္ ကုန္ကားေတြ တန္းစီၿပီး ယာဥ္ေၾကာ ပိတ္ဆို႔ေနတာက COVID-19 ေဆးစစ္ဖို႔ ေစာင့္ေနၾကရတာေၾကာင့္ ျဖစ္ၿပီး ေန႔စဥ္ စစ္ေဆးေနတာက လုိအပ္ခ်က္ရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္ဘဲ ရွိေနတယ္လို႔ေျပာပါတယ္။ COVID-19 စစ္ေဆးခ်က္ သက္တမ္းတိုေနတာကလည္း ျပသနာ တခုျဖစ္တယ္လို႔ ဦးက်င္သိန္းက ေျပာပါတယ္။

“ သူတို႔ ထုတ္ထားတဲ႔ ညႊန္ၾကားခ်က္မွာ ၇၂ နာရီ ဆိုတာပါတယ္။ ၇၂ နာရီ ဆိုတာ က်ေနာ္တို႔ ကုန္တင္ၿပီးေတာ့ ဒီမွာ ေဆးစစ္တာနဲ႔တင္ တရက္ ကုန္သြားၿပီ။ ဒုတိယ တရက္ကေနၿပီးေတာ့ စၿပီ။ ဒီမွာ လမ္းေပၚမွာ ေရာက္ဖို႔ အတြက္ကို က်ေနာ္တို႔ ဒီ ကား၀င္းမွာ ေဆးစစ္ၿပီးတဲ႔ ကားလည္း ေဆးမစစ္ေသးတဲ႔ ကားေတြၾကားထဲမွာ တန္းစီ ရတယ္။ ဒီမွာတင္ဘဲ တရက္ေလာက္ ပုပ္သြားၿပီ ဆိုေတာ့ ဘယ္လိုမွ အဆင္မေျပဘူး။ တကယ္တန္း ျဖစ္သင့္တာက ရန္ကုန္ကေန သြားခ်င္တဲ႔ ေဒသကို ကုန္ခ်ၿပီးရင္ ေဆးစစ္တဲ႔ မွတ္တမ္းက သက္တမ္းကုန္သြားၿပီ။ ေနာက္တခါ အဲဒီကေန ကုန္ခ်ၿပီး ျပန္ထြက္လာရင္ အဲဒီ ေနရာက ျပန္စစ္လာခဲ႔။ ဒီလိုဘဲ ျဖစ္သင့္တာ။ ”

ေဆးစစ္ႏုိင္မႈ အကန္႔အသတ္ရွိေနတဲ႔ ျမန္မာႏုိင္ငံမွာ COVID-19 ျဖစ္ပြားမႈက ေန႔စဥ္ ရာနဲ႔ခ်ီ တိုးလာေနတာေၾကာင့္ ေဒသအသီးသီးမွာလည္း စိုးရိမ္ခ်က္ ရွိေနပါတယ္။ ကုန္ကားေမာင္းသူေတြနဲ႔ လုပ္ငန္းရွင္ေတြလည္း စိုးရိမ္ပါတယ္လို႔အေ၀းေျပး ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးက်င္သိန္းက ေျပာပါတယ္။

ႏိုင္ငံတ၀န္းမွာ ကုန္တင္ကားႀကီးေတြ နယ္ျဖတ္ခြင့္ မရဘဲ COVID-19 စစ္ေဆးဖို႔ တန္းစီ ေစာင့္ဆိုင္းေနၾကရတာဟာဆိုရင္ တခ်ိဳ႕ဆို ရက္နဲ႔ခ်ီ ၾကာျမင့္ပါတယ္။ တခ်ိဳ႕ လမ္းေတြမွာဆိုရင္ ကားသမားေတြ အတြက္ ညအိပ္ နားခိုဖို႔ အစားအေသာက္ ရဖိ႔ုပါ အခက္အခဲ ျဖစ္ေနတာေၾကာင့္ အသင္းအဖြဲ႔ေတြက စားနပ္ရိကၡာ လိုက္ၿပီး ပို႔ေပးေနရတဲ႔အေျခအေနေတြလည္း ျဖစ္ေနပါတယ္။

ကုန္ကား စထြက္ဖို႔ အတြက္ ခြင့္ျပဳခ်က္ ျဖစ္တဲ႔ COVID-19 ေဆးစစ္ဖို႔က က်န္းမာေရ ၀န္ထမ္း မလံုေလာက္သလို အျပည့္အ၀ လုပ္ႏုိင္စြမ္းလည္း မရွိပါဘူး။ အဲဒီ အေျခအေနမွာ COVID-19 ကင္းရွင္းေၾကာင္း ေဆးစစ္ ေထာက္ခံခ်က္ သက္တမ္းက တိုေနပါတယ္။ ဒါ႔အျပင္ တခ်ိဳ႕ ေဒသေတြမွာေတာ့ COVID-19 ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ ပါသည္ ျဖစ္ေစ မပါသည္ ျဖစ္ေစ ကြာရင္တိန္း ၀င္ရမယ္ဆိုတဲ႔ စည္းကမ္းမ်ိဳးကလည္း ရွိေနပါတယ္။

မူဆယ္ကေန ျပည္မႀကီးထဲ ကုန္ကားေမာင္းလာမယ့္ ကိုတိုးတိုး အတြက္ေတာ့ ဘယ္ေဒသမွာ ဘာလုပ္ရမလဲ ဆိုတာ တိတိက်က် မသိပါဘူး။ ေရာက္တဲ႔အရပ္မွာ စည္းမ်ဥ္း စည္းကမ္း ထိန္းသိမ္း ေဆာင္ရြက္သူေတြရဲ႕ ညႊန္ၾကားခ်က္ အတိုင္း ေဆာင္ရြက္ဖိ႔ု ကေတာ့ အသင့္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID-19 စည်းကမ်းတွေကြား ရုန်းကန်နေရတဲ့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး

COVID-19 ကာလ အတွင်း နိုင်ငံတွင်းက ကုန်စည် သယ်ယူပို့ဆောင်ရေး အချက်အချာ ဒေသတိုင်း လိုလိုမှာ အဝေးပြေး ကုန်ကားကြီးတွေနဲ့ ယာဉ်ကြောပိတ်ဆို့နေပါတယ်။ COVID-19 ကင်းရှင်းကြောင်း ဆေးစစ် အတည်ပြုချက် ရဖို့က ရက်နဲ့ချီ စောင့်ဆိုင်းကြရတဲ့ အချိန်မှာ ဒေသ အသီးသီးရဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ဆောင်ရွက်နေကြတဲ့ စည်းမျဉ်း စည်းကမ်းသစ်တွေကို မသိကြတဲ့ အတွက်လည်း ခရီးစဉ် အတွက် ကြိုပြီး မပြင်ဆင်နိုင် ဖြစ်နေကြတာပါ။ ဒီသီတင်းပတ် အတွက် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

တရုတ်ပြည် မြန်မာ နယ်စပ် မူဆယ်မှာ ပန်းသီတင်ထားတဲ့ ကုန်ကားက အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် မြန်မာဘက်ခြမ်း မူဆယ်ကို ရောက်လာပြီးနောက် ပြည်မကြီးဘက်ကို မောင်းလာရမယ့် အချိန် ကိုတိုးတိုး အတွက်တော့ ရှေ့လေ ျှာက် မရေရာမှုတွေက မူဆယ် ၁၀၅ မိုင်ကနေ စတွေ့ပါပြီ။

ကိုတိုးတိုး ။ ။ ကားက ကုန်က တင်ပြီးသွားပြီ။ မနက်ဖြန်ရောက်ရင် ကားက ထွက်လာမှာ ဆိုတော့ ကျနော်တို့က ဆေးက မစစ်ရသေးဘူး။ ၅ မိုင် ရောက်မှ စစ်ရမယ်ဆိုတော့ ကား က တခါ တန်းရဦးမယ်။ တန်းပြီးလို့ Result က ကောင်းတယ်ဆိုရင်တော့ ရန်ကုန်ကို တိုက်ရိုက် ရောက်သွားမှာပေါ့နော်။ ကိုယ်တင်တဲ့ဟာ ရန်ကုန်ဆို ရန်ကုန် ရောက်သွားမယ်။ မန္တလေးဆို မန္တလေး ရောက်သွားမယ်ပေါ့။ Result မကောင်းဘူး ဆိုရင်တော့ သူတို့ ဒီက ကုန်သည်တွေနဲ့ တခါ ဂိတ်မှူးတွေနဲ့ တခါ စကားက ပြောရဦးမှာပေါ့။

သိင်္ဂ ီထိုက်။ ။ ၅ မိုင်မှာ စစ်တော့ရော ဘယ်လောက်လောက် စောင့်ရပါလဲ။
ကိုတိုးတိုး ။ ။ ကျနော်တို့ အဖွဲ့တွေကတော့ တန်းတဲ့သူတွေကတော့ ဒီ ၃ နာရီ လောက်က ဂျူတီ ရတာတဲ့ ၆ နာရီထိကို အဲဒီ စစ်တဲ့ နေရာကို မရောက်သေးဘူးတဲ့ အဲဒီ ကားကြီး ဝင်းထဲကကို အဲဒီ ၅ မိုင် ကွင်းထဲကကို မထွက်ရသေးဘူးတဲ့ အဲလို ပြောတယ်။

သိင်္ဂ ီထိုက်။ ။ ဖြတ်တဲ့ မြို့တွေမှာရော ပြန်စစ်ဖို့ လိုပါသေးလား။

ကိုတိုးတိုး ။ ။ အမျိုးမျိုးတော့ ပြောနေကြတာဘဲ။ သူတို့ စစ်ခိုင်းတဲ့ နေရာ ထပ် စစ်ရမှာပေါ့။ Facebook ထဲ တခါတလေ တက်လာတာတော့ သူတို့ တိုင်း တခု ပြည်နယ် တခု အဲလို ခြားသွားရင် တခါ စစ်ရဦးမယ်လို့လည်း ကြားနေတယ်။ သူတို့ အဲလို မူ မထုတ်ခင်တုန်းက ရှေ့က သွားနေတဲ့ ကားတွေကတော့ ဒီကနေ တခါ စစ်သွားတာနဲ့ သူတို့ ဘန့်ဘွေး ခေါ်မှာပေါ့ မေမြို့နားလေးကဟာ အဲဒီမှာ တခါ စစ်ပြီးတော့ ရန်ကုန် ရောက်သွားတာတဲ့။ ရန်ကုန်ထိ မစစ်တော့ဘူးတဲ့။ အဲဒီ စစ်ထားတဲ့ စာရွက်ပြရင် ရတယ်တဲ့။ အခု ကျနော်တို့က အခု တခေါက်က သွားမကြည့်ရသေးတော့ ဘယ်မြို့ ဘယ်တိုင်းမှာ ထပ်စစ်ဦးမလဲ ဆိုတာတော့ မသိဘူး။

သိင်္ဂ ီထိုက်။ ။ ကိုတိုးတိုးတို့လို ကုန်ကားဆွဲနေသူတွေ ဘယ်မြို့မှာ ဘာလုပ်ရမယ်ဆိုတဲ့ သတင်းအချက်အလက်က ဘယ်လို ရပါသလဲ။

ကိုတိုးတိုး ။ ။ အဲ ကျနော်တို့ ဘယ်လိုမှ မရဘူး။ ဒီ Facebook ကဘဲ ကြည့်ပြီးတော့ Facebook ကဘဲ နည်းနည်းပါးပါး သတင်းသဲ့သဲ့ ကြားတာဘဲ။ ကျနော်တို့ ရှေ့က သွားနေတဲ့ သူတွေကတော့ ဟိုနေရာမှာ တခါဘဲ စစ်လိုက်တယ် အဲဒါ ရန်ကုန် ရောက်သွားတာ။ ပြရုံဘဲ။ အဲလိုမျိုး မစစ်ရသေးတဲ့ ကားသမားကတော့ သွား တန်းရတယ်တဲ့။ ၃ ရက် ၄ ရက်လောက် ကားတန်းရတယ်တဲ့။ ကျနော့်ရှေ့က ကားတွေကတော့ အဲလို သတင်းမရတော့ ဘာ စာရွက်စာတမ်းမှ မပါဘဲ ဆင်းသွားကြတော့ အဲဒီ ဘန့်ဘွေးမှာ ၃ ရက် တန်းရတယ်တဲ့။

COVID-19 ကာလ တလေ ျှာက်လုံး ကားမနား သေးဘဲ တောက်လေ ျှာက် ကားမောင်းနေတဲ့ ကိုတိုးတိုး တို့လို လူတွေလည်း မြို့တိုင်း ရွာတိုင်းက ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို တဆင့်စကား တဆင့်နားနဲ့ စုံစမ်းနေရသလိုဘဲ အဓိက ကတော့ လူမှုကွန်ရက် Facebook ကို အားထားရပါတယ်။ စည်းမျဉ်း စည်းကမ်းတွေက အချိန်နဲ့ တပြေးညီ အပြောင်းအလဲကလည်း ရှိပါတယ်။

COVID-19 တကျော့ပြန် ဖြစ်လာချိန်က စလို့ ကုန်ကားဆွဲတာ ရပ်ထားတဲ့ မန္တလေးက ကိုရဲမြတ်သွေးကတော့ ကားပြန်ဆွဲဖို့ အတွက် စနည်းနာနေပါတယ်။ ဒါပေမယ့် သူလည်း သိပ်တော့ ရေရေရာရာ သေသေချာချာ မသိသေးပါဘူး။

“ ဟို ရမည်းသင်းမှာ ပထမဆုံး စ စစ်တာပေါ့။ စစ်လိုက်တဲ့ အခါကျတော့ ကားတွေက ထောက်ခံစာ ပါမှ သွားရမယ် ဘာညာပေါ့။ အခုကျတော့ စမ်းသပ်တဲ့ ဟာလေးက လုပ်ပေးမယ်ဆိုတော့ အခု သွားလို့တော့ ရနေပြီပေါ့လေ။ သွားလို့ ရနေပြီ ဆိုပေမယ့် မန္တလေးက ထွက်တဲ့လူ ဆိုလို့ ရှိရင် အစကတော့ ဒီ ဒေသန္တရ ရုံးတွေမှာ လုပ်လို့ရတယ် စစ်လို့ ရတယ်ပေါ့ သူက ပြောထားတာပေါ့နော်။ ပြောထားတယ်ဆိုပေမယ့် အခု ကုန်တင်ပြီး ထွက်မယ် ဆိုလို့ ရှိရင် စစ်ဖို့ပေါ့လေ။ မန္တလေးမှာ နားထားတဲ့ လူတွေက သွားမေးတဲ့ အခါကျတော့ သူက ရန်ကုန် ဆိုရင် ရန်ကုန်မှာ ကုန်ချရမယ့် ပန်းစာရယ် ဂိတ်စာရယ် ပါမှ စစ်ပေးမှာပေါ့။ ဘာလို့လည်း ဆိုတော့တဲ့ တချို့ကျ အဲလို မဟုတ်ဘဲနဲ့ ဒီ ဆေးစစ်ပေးတယ်ဆိုတော့ လာပြီး စစ်လို့ပါတဲ့။ သူကတော့ အဲလို ပြောတာဘဲ။ ”

အရောင်းအဝယ် အချက်အချာ ရန်ကုန် ဘုရင့်နောင် ပွဲရုံဝင်းမှာ အခြေစိုက်တဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကျင်သိန်းကတော့ လက်ရှိ ရန်ကုန်က ကုန်ကား အထွက်က ပုံမှန်ထက် သုံးပုံ တပုံလောက်သာ ရှိပေမယ့် ကုန်ကားတွေ တန်းစီပြီး ယာဉ်ကြော ပိတ်ဆို့နေတာက COVID-19 ဆေးစစ်ဖို့ စောင့်နေကြရတာကြောင့် ဖြစ်ပြီး နေ့စဉ် စစ်ဆေးနေတာက လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဘဲ ရှိနေတယ်လို့ပြောပါတယ်။ COVID-19 စစ်ဆေးချက် သက်တမ်းတိုနေတာကလည်း ပြသနာ တခုဖြစ်တယ်လို့ ဦးကျင်သိန်းက ပြောပါတယ်။

“ သူတို့ ထုတ်ထားတဲ့ ညွှန်ကြားချက်မှာ ၇၂ နာရီ ဆိုတာပါတယ်။ ၇၂ နာရီ ဆိုတာ ကျနော်တို့ ကုန်တင်ပြီးတော့ ဒီမှာ ဆေးစစ်တာနဲ့တင် တရက် ကုန်သွားပြီ။ ဒုတိယ တရက်ကနေပြီးတော့ စပြီ။ ဒီမှာ လမ်းပေါ်မှာ ရောက်ဖို့ အတွက်ကို ကျနော်တို့ ဒီ ကားဝင်းမှာ ဆေးစစ်ပြီးတဲ့ ကားလည်း ဆေးမစစ်သေးတဲ့ ကားတွေကြားထဲမှာ တန်းစီ ရတယ်။ ဒီမှာတင်ဘဲ တရက်လောက် ပုပ်သွားပြီ ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တကယ်တန်း ဖြစ်သင့်တာက ရန်ကုန်ကနေ သွားချင်တဲ့ ဒေသကို ကုန်ချပြီးရင် ဆေးစစ်တဲ့ မှတ်တမ်းက သက်တမ်းကုန်သွားပြီ။ နောက်တခါ အဲဒီကနေ ကုန်ချပြီး ပြန်ထွက်လာရင် အဲဒီ နေရာက ပြန်စစ်လာခဲ့။ ဒီလိုဘဲ ဖြစ်သင့်တာ။ ”

ဆေးစစ်နိုင်မှု အကန့်အသတ်ရှိနေတဲ့ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှုက နေ့စဉ် ရာနဲ့ချီ တိုးလာနေတာကြောင့် ဒေသအသီးသီးမှာလည်း စိုးရိမ်ချက် ရှိနေပါတယ်။ ကုန်ကားမောင်းသူတွေနဲ့ လုပ်ငန်းရှင်တွေလည်း စိုးရိမ်ပါတယ်လို့အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကျင်သိန်းက ပြောပါတယ်။

နိုင်ငံတဝန်းမှာ ကုန်တင်ကားကြီးတွေ နယ်ဖြတ်ခွင့် မရဘဲ COVID-19 စစ်ဆေးဖို့ တန်းစီ စောင့်ဆိုင်းနေကြရတာဟာဆိုရင် တချို့ဆို ရက်နဲ့ချီ ကြာမြင့်ပါတယ်။ တချို့ လမ်းတွေမှာဆိုရင် ကားသမားတွေ အတွက် ညအိပ် နားခိုဖို့ အစားအသောက် ရဖိ့ုပါ အခက်အခဲ ဖြစ်နေတာကြောင့် အသင်းအဖွဲ့တွေက စားနပ်ရိက္ခာ လိုက်ပြီး ပို့ပေးနေရတဲ့အခြေအနေတွေလည်း ဖြစ်နေပါတယ်။ ကုန်ကား စထွက်ဖို့ အတွက် ခွင့်ပြုချက် ဖြစ်တဲ့ COVID-19 ဆေးစစ်ဖို့က ကျန်းမာရေ ဝန်ထမ်း မလုံလောက်သလို အပြည့်အ၀ လုပ်နိုင်စွမ်းလည်း မရှိပါဘူး။

အဲဒီ အခြေအနေမှာ COVID-19 ကင်းရှင်းကြောင်း ဆေးစစ် ထောက်ခံချက် သက်တမ်းက တိုနေပါတယ်။ ဒါ့အပြင် တချို့ ဒေသတွေမှာတော့ COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက် ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ ကွာရင်တိန်း ဝင်ရမယ်ဆိုတဲ့ စည်းကမ်းမျိုးကလည်း ရှိနေပါတယ်။ မူဆယ်ကနေ ပြည်မကြီးထဲ ကုန်ကားမောင်းလာမယ့် ကိုတိုးတိုး အတွက်တော့ ဘယ်ဒေသမှာ ဘာလုပ်ရမလဲ ဆိုတာ တိတိကျကျ မသိပါဘူး။ ရောက်တဲ့အရပ်မှာ စည်းမျဉ်း စည်းကမ်း ထိန်းသိမ်း ဆောင်ရွက်သူတွေရဲ့ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ဖိ့ု ကတော့ အသင့်ရှိနေပါတယ်။

XS
SM
MD
LG