သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္အကူအညီပစၥည္းေတြပါတဲ့ မိုးပ်ံပူေဖာင္းႀကီးမ်ား ေျမာက္ကိုရီးယားဘက္ လႊတ္တင္


ေတာင္ကုိရီးယား ပါဂ်ဴးဘက္ကေန ကိုဗစ္ေထာက္ကူျပဳေဆးဝါးပစၥည္းေတြကို ေျမာက္ကိုရီးယားဘက္ကို လႊတ္တင္လိုက္တဲ့ မိုးပ်ံပူေဖာင္းမ်ား။ (ဇူလိုင္ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

Covid 19 ေရာဂါသက္သာေစမယ့္ေဆးဝါးေတြပါတဲ့ မိုးပ်ံပူေဖာင္းႀကီးေတြကို ေျမာက္ကိုရီးယားႏိုင္ငံဘက္ေရာက္ေအာင္ ဒီေန႔ ထပ္ၿပီး လႊတ္တင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံက လႈပ္ရွားသူတေယာက္က ေျပာပါတယ္။ အဲဒီလို ေတာင္ကိုရီးယားဘက္က လႊတ္တင္တဲ့ မိုးပ်ံပူေဖာင္းႀကီးေတြထဲမွာ ကိုဗစ္ပိုးေတြ ပါလာၿပီး ေရာဂါကူးစက္ပ်ံ႕ႏွံ႔တာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားဘက္က ေျပာၿပီး ဒါကို ျပတ္ျပတ္သားသား ကိုင္တြယ္မယ္လို႔ ေျပာထားခ်ိန္မွာ ေတာင္ကိုရီးယားလႈပ္ရွားသူေတြက အကူအညီပစၥည္းေတြကို ဒီနည္းနဲ႔ ေပးဖို႔ခဲ့တာျဖစ္ပါတယ္။

ႏွာေခါင္းစည္း ၂ ေသာင္းအျပင္ vitamin C နဲ႔ အဖ်ားက်ေဆး ေသာင္းနဲ႔ခ်ီထည့္ထားတဲ့ မိုးပ်ံပူေဖာင္းေပါင္း ၂၀ ကို ၂ ႏိုင္ငံနယ္စပ္ကေန သူတို႔အဖြဲ႕ လႊတ္တင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံကေန ေတာင္ကိုရီးယားဘက္ ထြက္ေျပးလာၿပီး ေျမာက္ကိုရီးယားျပည္သူေတြအေရး လႈပ္ရွားေနသူ Park Sang-hak ကေျပာပါတယ္။ အလားတူ အကူအညီပစၥည္းေတြကို ၿပီးခဲ့တဲ့လကလည္း ၂ ႀကိမ္ လႊတ္တင္ေပးပို႔ခဲ့တယ္လို႔ သူကေျပာပါတယ္။

သူဟာ အရင္က ေျမာက္ကိုရီးယားအစိုးရဆန႔္က်င္တဲ့ စာေတြကို မိုးပ်ံပူေဖာင္းေတြနဲ႔ လႊတ္တင္ခဲ့တာျဖစ္ေပမယ့္ အခုေတာ့ ေျမာက္ကိုရီးယားဘက္က အင္မတန္လိုအပ္ေနတဲ့ ေဆးဝါးပစၥည္းေတြကို အဓိကထား ပို႔ေပးႏိုင္ေအာင္ ႀကိဳးစားမယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံထဲမွာ ကိုဗစ္ကပ္ေရာဂါကူးစက္သူ ရွိေနၿပီလို႔ ေမလ ေၾကညာခဲ့ေပမယ့္ ဘယ္ေလာက္အတိုင္းအတာ ေရာဂါ ကူးစက္ျဖစ္ပြားေနသလဲဆိုတာ အတိအက် မသိရပါဘူး။

#Covid19 #VOABurmese #ကိုဗစ္ #ေတာင္-ေျမာက္ကိုရီးယား

=============

[[Unicode]]

ကိုဗစ်အကူအညီပစ္စည်းတွေပါတဲ့ မိုးပျံပူဖောင်းကြီးများ မြောက်ကိုရီးယားဘက် လွှတ်တင်

Covid 19 ရောဂါသက်သာစေမယ့်ဆေးဝါးတွေပါတဲ့ မိုးပျံပူဖောင်းကြီးတွေကို မြောက်ကိုရီးယားနိုင်ငံဘက်ရောက်အောင် ဒီနေ့ ထပ်ပြီး လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက လှုပ်ရှားသူတယောက်က ပြောပါတယ်။ အဲဒီလို တောင်ကိုရီးယားဘက်က လွှတ်တင်တဲ့ မိုးပျံပူဖောင်းကြီးတွေထဲမှာ ကိုဗစ်ပိုးတွေ ပါလာပြီး ရောဂါကူးစက်ပျံ့နှံ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က ပြောပြီး ဒါကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ ပြောထားချိန်မှာ တောင်ကိုရီးယားလှုပ်ရှားသူတွေက အကူအညီပစ္စည်းတွေကို ဒီနည်းနဲ့ ပေးဖို့ခဲ့တာဖြစ်ပါတယ်။

နှာခေါင်းစည်း ၂ သောင်းအပြင် vitamin C နဲ့ အဖျားကျဆေး သောင်းနဲ့ချီထည့်ထားတဲ့ မိုးပျံပူဖောင်းပေါင်း ၂၀ ကို ၂ နိုင်ငံနယ်စပ်ကနေ သူတို့အဖွဲ့ လွှတ်တင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားဘက် ထွက်ပြေးလာပြီး မြောက်ကိုရီးယားပြည်သူတွေအရေး လှုပ်ရှားနေသူ Park Sang-hak ကပြောပါတယ်။ အလားတူ အကူအညီပစ္စည်းတွေကို ပြီးခဲ့တဲ့လကလည်း ၂ ကြိမ် လွှတ်တင်ပေးပို့ခဲ့တယ်လို့ သူကပြောပါတယ်။

သူဟာ အရင်က မြောက်ကိုရီးယားအစိုးရဆန့်ကျင်တဲ့ စာတွေကို မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်ခဲ့တာဖြစ်ပေမယ့် အခုတော့ မြောက်ကိုရီးယားဘက်က အင်မတန်လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေကို အဓိကထား ပို့ပေးနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံထဲမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ ရှိနေပြီလို့ မေလ ကြေညာခဲ့ပေမယ့် ဘယ်လောက်အတိုင်းအတာ ရောဂါ ကူးစက်ဖြစ်ပွားနေသလဲဆိုတာ အတိအကျ မသိရပါဘူး။

#Covid19 #VOABurmese #ကိုဗစ် #တောင်-မြောက်ကိုရီးယား

=============

XS
SM
MD
LG