သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မျဖစ္မေန ႏွာေခါင္းစည္းတပ္ဖို႔ကန႔္သတ္မႈ အေမရိကန္တဝွမ္း ေလွ်ာ့လာဖြယ္ရွိ



[[Zawgyi/Unicode]]

မျဖစ္မေန ႏွာေခါင္းစည္းတပ္ဖို႔ကန႔္သတ္မႈ အေမရိကန္တဝွမ္း ေလွ်ာ့လာဖြယ္ရွိ

အေမရိကန္ျပည္ေထာင္စုမွာ အဂၤါေန႔က ကိုဗစ္ 19 ကူးစက္ခံရသူ ၇၇ သန္း ေက်ာ္တိုးလာေပမဲ့လည္း ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ၊ ေဈးဆိုင္တို႔လိုေနရာေတြမွာ ႏွာေခါင္းစည္း မတပ္မေနရ တားျမစ္ခ်က္ကို ႐ုပ္သိမ္းဖို႔ ျပည္နယ္အေတာ္မ်ားမ်ားမွာ စီစဥ္ေနပါတယ္။

New Jersey ၊ Connecticut၊ Delaware၊ California နဲ႔ Oregon ျပည္နယ္ေတြက ေက်ာင္း ေတြနဲ႔ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ေနရာေတြမွာ ႏွာေခါင္းစည္း မတပ္မေနရအမိန႔္ကို ႐ုပ္သိမ္းဖို႔ လာမယ့္ သီတင္းပတ္ထဲမွာ ေၾကညာမွာပါ။ Connecticut ျပည္နယ္မွာ ေက်ာင္းသားေတြနဲ႔ ဝန္ထမ္းေတြ ႏွာေခါင္းစည္းတပ္တာကိုတပ္တာကို ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ ေနာက္ဆုံး သတ္မွတ္ထားပါတယ္။ Delaware ျပည္နယ္က ေက်ာင္းေတြမွာေတာ့ ႏွာေခါင္းစည္းမတပ္ မေနရအမိန႔္ကို မတ္လ ၃၁ မွာ ႐ုပ္သိမ္းမွာပါ။

ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ ေဈးဆိုင္တို႔လိုေနရာေတြမွာ ႏွာေခါင္းစည္းမတပ္မေနရ အမိန႔္ကို ျပည္နယ္တခ်ိဳ႕မွာသာ သတ္မွတ္ထားတယ္လို႔ New York Times က ဆိုပါတယ္။
အေမရိကန္ႏိုင္ငံတဝန္းမွာ ကိုဗစ္ 19 ကူးစက္မွႈႏႈန္း ဆက္လက္က်ဆင္းလာလို႔ ဒီလို ႏွာေခါင္းစည္းတပ္တာကို ေျဖေလွ်ာ့ေပးဖို႔ အစီအစဥ္ ျဖစ္လာတာပါ။

အေမရိကန္ႏိုင္ငံအတြင္း ေဖေဖာ္ဝါရီ ၂ ရက္ေန႔အထိ ေန႔စဥ္ ကိုဗစ္ကူးစက္မႈက ၃၇၈,၀၀၀ ခန႔္ ရွိၿပီး ၿပီးခဲ့တဲ့သီတင္းပတ္ထက္ ၃၇.၆ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔ CDC ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မဖြစ်မနေ နှာခေါင်းစည်းတပ်ဖို့ကန့်သတ်မှု အမေရိကန်တဝှမ်း လျှော့လာဖွယ်ရှိ

အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကိုဗစ် 19 ကူးစက်ခံရသူ ၇၇ သန်း ကျော်တိုးလာပေမဲ့လည်း ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တို့လိုနေရာတွေမှာ နှာခေါင်းစည်း မတပ်မနေရ တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ပြည်နယ်အတော်များများမှာ စီစဉ်နေပါတယ်။

New Jersey ၊ Connecticut၊ Delaware၊ California နဲ့ Oregon ပြည်နယ်တွေက ကျောင်း တွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်း မတပ်မနေရအမိန့်ကို ရုပ်သိမ်းဖို့ လာမယ့် သီတင်းပတ်ထဲမှာ ကြေညာမှာပါ။ Connecticut ပြည်နယ်မှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ နှာခေါင်းစည်းတပ်တာကိုတပ်တာကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားပါတယ်။ Delaware ပြည်နယ်က ကျောင်းတွေမှာတော့ နှာခေါင်းစည်းမတပ် မနေရအမိန့်ကို မတ်လ ၃၁ မှာ ရုပ်သိမ်းမှာပါ။

ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တို့လိုနေရာတွေမှာ နှာခေါင်းစည်းမတပ်မနေရ အမိန့်ကို ပြည်နယ်တချို့မှာသာ သတ်မှတ်ထားတယ်လို့ New York Times က ဆိုပါတယ်။
အမေရိကန်နိုင်ငံတဝန်းမှာ ကိုဗစ် 19 ကူးစက်မှှုနှုန်း ဆက်လက်ကျဆင်းလာလို့ ဒီလို နှာခေါင်းစည်းတပ်တာကို ဖြေလျှော့ပေးဖို့ အစီအစဉ် ဖြစ်လာတာပါ။

အမေရိကန်နိုင်ငံအတွင်း ဖေဖော်ဝါရီ ၂ ရက်နေ့အထိ နေ့စဉ် ကိုဗစ်ကူးစက်မှုက ၃၇၈,၀၀၀ ခန့် ရှိပြီး ပြီးခဲ့တဲ့သီတင်းပတ်ထက် ၃၇.၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ CDC ရဲ့ အချက်အလက်တွေအရ သိရပါတယ်ရှင်။

==========

XS
SM
MD
LG