သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လူဦးရေ ၂၆ သန်းစလုံး ကိုဗစ်ပိုးစစ်ဆေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်း


တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကိုရိုရာဗိုင်းရပ်စ်ကြောင့် ဒုတိယအကြိမ် အသွားအလာပိတ်ဆို့ထားချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ဝန်ထမ်းတွေက ပိုးရှိမရှိစစ်ဆေးပေးနေစဉ်။ (ဧပြီ ၄၊ ၂၀၂၂) 
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကိုရိုရာဗိုင်းရပ်စ်ကြောင့် ဒုတိယအကြိမ် အသွားအလာပိတ်ဆို့ထားချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ဝန်ထမ်းတွေက ပိုးရှိမရှိစစ်ဆေးပေးနေစဉ်။ (ဧပြီ ၄၊ ၂၀၂၂) 


[[Zawgyi/Unicode]]

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က လူဦးရေ ၂၆ သန်းစလုံး ကိုဗစ်ပိုးစစ်ဆေးနိုင်ဖို့ ထောင်နဲ့ချီတဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တရုတ်အစိုးရက တနင်္လာနေ့မှာ စေလွှတ်ထားပါတယ်။ ဒါဟာ အကြီးမားဆုံး ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်တခုလည်း ဖြစ်ပါတယ်။

တချို့မြို့ခံတွေက မနက်မိုးမလင်းခင် အိမ်ယာကထပြီး တန်းစီပြီး ပိုးစစ်ဆေးခံကြရပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) က ကြည်းတပ်၊ ရေတပ်နဲ့ ထောက်ပို့တပ်ဖွဲ့တွေထဲက ဆေးဘက်တပ်ဖွဲ့ဝင် ၂ ထောင်ကျော်ကို ရှန်ဟိုင်းမြို့ဆီ တနင်္ဂနွေနေ့က စေလွှတ်ထားတယ်လို့ စစ်ဘက်သတင်းစာတခုမှာ ဖော်ပြထားပါတယ်။

ရှန်ဟိုင်းမြို့၊ ကိုဗစ်ပိုးစစ်ဆေးရေးအကူအညီပေးဖို့ Jiangsu၊ Zhejiang နဲ့ Beijing စီရင်စုတွေကနေ ဆေးဘက် ဝန်ထမ်း ၁ သောင်းဝန်းကျင် စေလွှတ်ထားတယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။ ၂၀၂၀ ခုနှစ် အစောပိုင်း ဝူဟန်မြို့ကနေ Covid-19 ပိုးပြန့်နှံ့ခဲ့တဲ့နောက်ပိုင်း ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ အစိုးရရဲ့ အကြီးမားဆုံးတုံ့ပြန် ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။ ဝူဟန်မြို့မှာ ကိုဗစ်ပိုးအကြီးအကျယ်ကူးစက်ခဲ့တဲ့အချိန်တုန်းကတော့ PLA တရုတ်စစ်တပ်ကနေ ဆေးဘက်ဝန်ထမ်း ၄ ထောင်ကျော် စေလွှတ်ခဲ့တယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။

ပြီးခဲ့တဲ့တပတ် တနင်္လာနေ့ကစပြီး ရှန်ဟိုင်းမြို့ကို နှစ်ပိုင်းခွဲပြီး အိမ်ပြင်မထွက်ရ Lockdown ချထားတာဖြစ်ပေမယ့် ဧပြီလ ၃ ရက်နေ့မှာတော့ ရောဂါလက္ခဏာမပြဘဲ ပိုးကူးသူ ၈,၅၀၀ ကျော်နဲ့ ရောဂါလက္ခဏာပြသူ ၄၀၀ ကျော်ရှိပါတယ်။

============


[[Unicode]]







============

XS
SM
MD
LG