သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲသစ္ ကမၻာအႏွံ႔ပ်ံ႕ႏွံ႔လာမႈ ျမန္မာျပည္တြင္းစိုးရိမ္မႈရွိ


ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ အိုမီခရြန္ျပန္႔ပြါးမႈထိန္းခ်ဳပ္ေရး အေမရိကန္သမၼတပိတ္ပင္ထားတဲ့ ႏုိင္ငံမ်ား။

{{Zawgyi/Unicode}}


ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ Delta ကိုဗစ္မ်ိဳးကြဲေၾကာင့္ကိုဗစ္တတိယလႈိင္းအတြင္း ကူးစက္မႈဒဏ္ ေတာ္ေတာ္ေလးခံခဲ့ရတဲ့အတြက္ အသစ္ထပ္ေပၚလာတဲ့ဗီဇေျပာင္း Omicron ပိုးကူးစက္ပ်ံ႕ႏွံ႔မွာကို ျပည္သူေတြက စိုးရိမ္ေနၾကပါတယ္။ က်န္မာေရးဌာနဘက္ကေတာ့ ေရာဂါကာကြယ္ဆိုင္ရာကိစၥရပ္ေတြကို မၾကာခင္ထုတ္ျပန္မယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္စုံရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

အာဖရိကတိုက္ေတာင္ပိုင္းမွာ စတင္ေတြ႔႐ွိတဲ့ ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးသစ္ကူးစက္သူေတြ Omicron ေရာဂါပုိးကူးစက္သူေတြကို အာ႐ွ၊ ဥေရာပနဲ႔ ေျမာက္အေမရိကတိုက္ ႏိုင္ငံတခ်ဳိ႕မွာ ေတ႔ြ႐ွိေနတ့ဲအတြက္ ျမန္မာႏိုင္ငံဆီ ကူးစက္လာမွာကို စိုးရိမ္သူေတြ႐ွိေနပါတယ္။ ကိုဗစ္တတိယလႈိင္းမွာ ကူးစက္ျမန္ Delta မ်ဳိးကြဲဒဏ္ေၾကာင့္ ကူးစက္ ေသဆံုးသူေတြမ်ားခဲ့တာေၾကာင့္ အခုပိုးသစ္ ထပ္မံကူးစက္မွာ စိုးရိမ္ေနၾကတာပါ။

မၾကာခင္အခ်ိန္အထိ ကုိဗစ္ကပ္ေရာဂါကူးစက္သူ မ်ားျပားခဲ့တဲ့ ႐ွမ္းျပည္နယ္ လား႐ႈိးၿမိဳ႕နယ္က ေပးေသာလက္ ပရဟိတအဖြဲ႔ကဦးျမင့္ေမာ္က သူတုိ႔စိုးရိမ္မႈကို ခုလိုေျပာပါတယ္။

“အခု အာဖရိကမွာ စေတြ႔တဲ့ မ်ိုးရိုးဗီဇအသစ္ ကိုဗစ္ပိုးဟာေပါ့ေနာ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံဘက္ကိုေတာ့ မေရာက္ေသးဘူး။ ဒါေပမယ့္ ေရာက္မွာကိုေတာ့ စုိးရိမ္တယ္။ ေရာက္လာရင္လည္း က်ေနာ္တို႔ ဒီဘက္က သက္ဆိုင္ရာ အဖြဲ႔အစည္းေတြက ကာကြယ္မွု ရွိတယ္၊ မရွိဘူးဆိုတာကေတာ့ က်ေနာ္မသိဘူးေပါ့ေနာ္။အတတ္ႏိုင္ဆံုးေတာ့ က်ေနာ္တုိ႔ ကာကြယ္မယ္။ ဒါေပမယ့္ ေရာက္မလာဖို႔ကိုေတာ့ က်ေနာ္တို႔ ဆုေတာင္း တယ္ေပါ့။”

လက္ရွိ ျမန္မာႏို္င္ငံမွာ ကိုဗစ္ကူးစက္မႈ ေလ်ာ့က်လာတာေၾကာင့္ ၿမိဳ႕နယ္ ၁၀၀ ေက်ာ္မွာ ထုတ္ျပန္ခဲ့တဲ့ Stay at Home ကန္႔သတ္ခ်က္ေတြကိုဖယ္႐ွားေပးထားတာ အခု ၁၁ ၿမိဳ႕နယ္သာ က်န္ပါေတာ့တယ္။ အေျခခံပညာေက်ာင္းေတြကိုလည္း ျပန္လည္ဖြင့္လွစ္ထားသလို ကိုဗစ္စည္းကမ္းေတြကိုလည္း တစ္ျဖည္းျဖည္း ေျဖေလ်ာ့ေပးထားပါတယ္။

ကုိဗစ္တတိယလႈိင္းတုန္းကလို ထိန္းမႏိုင္သိမ္းမႏိုင္ ကူးစက္မွုေတြ မျဖစ္ရေအာင္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးစည္းကမ္း ခ်က္ေတြနဲ႔အညီ လိုက္နာသင့္သလို သက္ဆိုင္ရာေတြဖက္ကလည္း ဗီဇမ်ိဳးကြဲ ကိုဗစ္သစ္ ထပ္မံကူးစက္မွု မရွိေအာင္ ႀကိဳတင္လုပ္ေဆာင္သင့္တယ္လို႔လည္း ရခိုင္ကိုဗစ္ေစာင့္ ေရးအဖြဲ႔က ကိုေဇာ္လႈိင္ ထြန္းကေျပာပါတယ္။

“အခု အုိမီခရြန္လို႔ေခၚတဲ့ ကမၻာ့က်န္းမာေရးအဖြဲ႔ကလည္း ေျပာေနတဲ့မ်ိဳးရိုးဗီဇသစ္ ေပါ့ေနာ္- သူကေတာ့ လကၡာေတြ မျပဘူး၊ ကူးစက္ျမန္တယ္ေပါ့။ ... ဆိုေတာ့ က်ေနာ္တို႔ဆီမွာ နယ္စပ္ကုန္သြယ္ေရးေပါက္ေတြေပါ့ေနာ္၊ အဲဒါနဲ႔ ထိေတြ႔ေနတဲ့ ဘဂၤလားေဒရွ္႕တို႔၊ အႏိၵယတို႔ဘက္ကလာမယ့္သူေတြကို ခိုးဝင္လာတာပဲျဖစ္ျဖစ္၊ တရားဝင္လာတာပဲျဖစ္ျဖစ္၊ အဲလိုလူေတြမွာ ပိုးေတြ႔ခဲ့ရင္ က်ေနာ္တို႔ ရခိုင္မွာလည္း စတုတၳလိႈင္း ကူးစက္သြားႏုိင္မယ့္ အေျခအေနမွာ ရွိေနတာေပါ့။ ... ဆိုေတာ့ က်ေနာ္တို႔ အသိ၊ သတိ ပိုထားရမယ္လို႔ေတာ့ ျမင္ပါတယ္ခင္ဗ်ာ။”

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကူးစက္မွုေတြ အျပင္ စစ္တပ္အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း စီးပြားေရးေတြ က်ဆင္းခဲ့ေနတာမုိ႔ ျပည္သူေတြစားဝတ္ေနေရး ၾကပ္တည္းေနပါတယ္။ ဒီအေျခအေနမွာ က်န္းမာေရးစည္းကမ္းခ်က္ေတြကို လိုက္နာဖို႔ အဓိက အာ႐ံုမစိုက္ႏုိင္ၾကပါဘူး။ လက္ရွိကိုဗစ္ဗီဇမ်ိဳးကြဲသစ္နဲ႔ပတ္သက္ၿပီး စည္းကမ္းခ်က္ေတြကို က်န္းမာေရးဌာနာက ထုတ္ျပန္ေပးဖို႔လိုအပ္သလို ႏိုင္ငံျခားအဝင္အထြက္ေတြကိုလည္း ႀကိဳတင္ စိစစ္ေဆာင္ရြက္တာေတြကို လုပ္ေပးဖို႔လိုအပ္တယ္လို႔လည္း ရန္ကုန္ ေရႊသန္လ်င္ နာေရးကူညီမွုအသင္းဥကၠ႒ ဦးေအာင္ႏိုင္ဝင္းကေျပာပါတယ္။

“အခုအခ်ိန္မွာေတာ့ ျမန္မာျပည္သူေတြအေနနဲ႔ တအားကို ၾကပ္တည္းတဲ့ အေနအထားတခုကို ေရာက္လာၾကၿပီေလ။ စားဝတ္ေနေရးကအစ အကုန္လံုးအဆင္ မေျပၾကဘူး။ အလုပ္အကိုင္ရွားၿပီး ေငြရွာရတာ ရွားပါးလာတဲ့အတြက္ စားဝတ္ေနေရး အခက္အခဲ လံုးပန္းေနရတဲ့အတြက္ ျပည္သူေတြဟာ က်န္းမာေရးဘက္ကို သိပ္ၿပီးေတာ့ ဂရုမထားတိုင္တဲ့အပိုင္း ရွိတယ္ေပါ့။ အဲဒါကိုေတာ့ ႏိုင္ငံေတာ္မွာ ရွိတဲ့ ဌာနာအသီးသီးေပါ့။ က်န္းမာေရးဌာနအေနနဲ႔ အသိေပးေၾကာ္ျငာေတြ၊ စာေစာင္ေတြ ေနာက္ အသံလႊင့္ဌာနကပဲျဖစ္ျဖစ္၊ ေရဒီယိုကပဲျဖစ္ျဖစ္ ဘယ္လိုေနထိုင္ဖို႔ ကာကြယ္ေရးဘက္ကိုေတာ့ ႏို္းႏိုိးၾကားၾကားေလးနဲ႔ ေျပာေပးေစခ်င္တာေပါ့ေနာ္။ ဒါမွလည္း ျပည္သူေတြ က်န္းမာေရးအသိ ႏိုးၾကားလာမယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔က ဒီ ၇ လပိုင္းမွာက ဆိုးဆုိးရြားရြားႀကီး ခံခဲ့ရၿပီေလ။”

က်န္မာေရးဝန္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကေတာ့ ကိုဗစ္ဗီဇမ်ိဳးကြဲသစ္နဲ႔ပတ္သက္ၿပီး မၾကာခင္ထုတ္ျပန္ေပး သြားဖို႔ရွိေၾကာင္း အခုလို ေျပာပါတယ္။

“အဲဒါကေတာ့ က်ေနာ္တို႔ မၾကာခင္လည္း ထုတ္ျပန္ဖို႔ ရွိပါတယ္ေနာ္။ ေလာေလာ ဆယ္ေတာ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ႀကိဳေတာ့ မေျပာေသးပါဘူး ေနာ္၊ ဟုတ္ကဲ့။”

ျမန္မာႏိုင္ငံတဝန္း ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈေတြကိုေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေနတာမွာ အႀကိမ္ျပည့္ထိုးၿပီးသူ ၁၂ သန္းနီးပါး႐ွိၿပီး တႀကိမ္ထုိးထားသူ ၅ သန္းနီးပါး႐ွိတယ္လို႔က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ လက္႐ွိ ဗီဇေျပာင္း Omicron ကိုဗစ္ပိုးသစ္နဲ႕ပတ္သက္လို႔ အတိအက်သိရေအာင္ သိပၸံပညာ႐ွင္ေတြႀကိဳးစားေနၾကခ်ိန္မွာ ကိုဗစ္ကာကြယ္ေဆးထိုးၾကဖုိ႔နဲ႔ အားျဖည့္ကိုဗစ္ကာကြယ္ေဆးထိုးၾကဖုိ႔ ဆရာဝန္ေတြက တိုက္တြန္းေနပါတယ္။

လက္ရွိအသစ္ထပ္မံေတြ႔ရွိတဲ့ ကိုဗစ္ဗီဇမ်ိဳးကြဲျဖစ္တဲ့ Omicron ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံတခ်ဳိ႕မွာျပည္ဝင္ခြင့္ တင္းၾကပ္မႈေတြ ႏို္င္ငံျခားသားေတြ ျပည္ဝင္ခြင့္ပိတ္ပင္တာေတြ စတင္လုပ္ေနၾကပါတယ္။ အာ႐ွတုိက္ထဲက ေဟာင္ေကာင္မွာ Omicron ကိုဗစ္ပိုးသစ္ကူးစက္သူကို ပထမဆံုးေတြ႔႐ွိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{Unicode}}

Omicron ကိုဗစ်မျိုးကွဲသစ် ကမ္ဘာအနှံ့ ပျံ့နှံ့လာမှု မြန်မာပြည်တွင်းစိုးရိမ်မှုရှိ


မြန်မာနိုင်ငံမှာ ကူးစက်မြန် Delta ကိုဗစ်မျိုးကွဲကြောင့်ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်မှုဒဏ် တော်တော်လေးခံခဲ့ရတဲ့အတွက် အသစ်ထပ်ပေါ်လာတဲ့ဗီဇပြောင်း Omicron ပိုးကူးစက်ပျံ့နှံ့မှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ကျန်မာရေးဌာနဘက်ကတော့ ရောဂါကာကွယ်ဆိုင်ရာကိစ္စရပ်တွေကို မကြာခင်ထုတ်ပြန်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

အာဖရိကတိုက်တောင်ပိုင်းမှာ စတင်တွေ့ရှိတဲ့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ်ကူးစက်သူတွေ Omicron ရောဂါပိုးကူးစက်သူတွေကို အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက် နိုင်ငံတချို့မှာ တေ့ွရှိနေတဲ့အတွက် မြန်မာနိုင်ငံဆီ ကူးစက်လာမှာကို စိုးရိမ်သူတွေရှိနေပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မြန် Delta မျိုးကွဲဒဏ်ကြောင့် ကူးစက် သေဆုံးသူတွေများခဲ့တာကြောင့် အခုပိုးသစ် ထပ်မံကူးစက်မှာ စိုးရိမ်နေကြတာပါ။

မကြာခင်အချိန်အထိ ကိုဗစ်ကပ်ရောဂါကူးစက်သူ များပြားခဲ့တဲ့ ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ပေးသောလက် ပရဟိတအဖွဲ့ကဦးမြင့်မော်က သူတို့စိုးရိမ်မှုကို ခုလိုပြောပါတယ်။

“အခု အာဖရိကမှာ စတွေ့တဲ့ မျိုးရိုးဗီဇအသစ် ကိုဗစ်ပိုးဟာပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံဘက်ကိုတော့ မရောက်သေးဘူး။ ဒါပေမယ့် ရောက်မှာကိုတော့ စိုးရိမ်တယ်။ ရောက်လာရင်လည်း ကျနော်တို့ ဒီဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကာကွယ်မှု ရှိတယ်၊ မရှိဘူးဆိုတာကတော့ ကျနော်မသိဘူးပေါ့နော်။အတတ်နိုင်ဆုံးတော့ ကျနော်တို့ ကာကွယ်မယ်။ ဒါပေမယ့် ရောက်မလာဖို့ကိုတော့ ကျနော်တို့ ဆုတောင်း တယ်ပေါ့။”

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု လျော့ကျလာတာကြောင့် မြို့နယ် ၁၀၀ ကျော်မှာ ထုတ်ပြန်ခဲ့တဲ့ Stay at Home ကန့်သတ်ချက်တွေကိုဖယ်ရှားပေးထားတာ အခု ၁၁ မြို့နယ်သာ ကျန်ပါတော့တယ်။ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ထားသလို ကိုဗစ်စည်းကမ်းတွေကိုလည်း တစ်ဖြည်းဖြည်း ဖြေလျော့ပေးထားပါတယ်။

ကိုဗစ်တတိယလှိုင်းတုန်းကလို ထိန်းမနိုင်သိမ်းမနိုင် ကူးစက်မှုတွေ မဖြစ်ရအောင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်း ချက်တွေနဲ့အညီ လိုက်နာသင့်သလို သက်ဆိုင်ရာတွေဖက်ကလည်း ဗီဇမျိုးကွဲ ကိုဗစ်သစ် ထပ်မံကူးစက်မှု မရှိအောင် ကြိုတင်လုပ်ဆောင်သင့်တယ်လို့လည်း ရခိုင်ကိုဗစ်စောင့် ရေးအဖွဲ့က ကိုဇော်လှိုင် ထွန်းကပြောပါတယ်။

“အခု အိုမီခရွန်လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောနေတဲ့မျိုးရိုးဗီဇသစ် ပေါ့နော်- သူကတော့ လက္ခာတွေ မပြဘူး၊ ကူးစက်မြန်တယ်ပေါ့။ ... ဆိုတော့ ကျနော်တို့ဆီမှာ နယ်စပ်ကုန်သွယ်ရေးပေါက်တွေပေါ့နော်၊ အဲဒါနဲ့ ထိတွေ့နေတဲ့ ဘင်္ဂလားဒေရှ့်တို့၊ အန္ဒိယတို့ဘက်ကလာမယ့်သူတွေကို ခိုးဝင်လာတာပဲဖြစ်ဖြစ်၊ တရားဝင်လာတာပဲဖြစ်ဖြစ်၊ အဲလိုလူတွေမှာ ပိုးတွေ့ခဲ့ရင် ကျနော်တို့ ရခိုင်မှာလည်း စတုတ္ထလှိုင်း ကူးစက်သွားနိုင်မယ့် အခြေအနေမှာ ရှိနေတာပေါ့။ ... ဆိုတော့ ကျနော်တို့ အသိ၊ သတိ ပိုထားရမယ်လို့တော့ မြင်ပါတယ်ခင်ဗျာ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ အပြင် စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စီးပွားရေးတွေ ကျဆင်းခဲ့နေတာမို့ ပြည်သူတွေစားဝတ်နေရေး ကြပ်တည်းနေပါတယ်။ ဒီအခြေအနေမှာ ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာဖို့ အဓိက အာရုံမစိုက်နိုင်ကြပါဘူး။ လက်ရှိကိုဗစ်ဗီဇမျိုးကွဲသစ်နဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေကို ကျန်းမာရေးဌာနာက ထုတ်ပြန်ပေးဖို့လိုအပ်သလို နိုင်ငံခြားအဝင်အထွက်တွေကိုလည်း ကြိုတင် စိစစ်ဆောင်ရွက်တာတွေကို လုပ်ပေးဖို့လိုအပ်တယ်လို့လည်း ရန်ကုန် ရွှေသန်လျင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းကပြောပါတယ်။

“အခုအချိန်မှာတော့ မြန်မာပြည်သူတွေအနေနဲ့ တအားကို ကြပ်တည်းတဲ့ အနေအထားတခုကို ရောက်လာကြပြီလေ။ စားဝတ်နေရေးကအစ အကုန်လုံးအဆင် မပြေကြဘူး။ အလုပ်အကိုင်ရှားပြီး ငွေရှာရတာ ရှားပါးလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲ လုံးပန်းနေရတဲ့အတွက် ပြည်သူတွေဟာ ကျန်းမာရေးဘက်ကို သိပ်ပြီးတော့ ဂရုမထားတိုင်တဲ့အပိုင်း ရှိတယ်ပေါ့။ အဲဒါကိုတော့ နိုင်ငံတော်မှာ ရှိတဲ့ ဌာနာအသီးသီးပေါ့။ ကျန်းမာရေးဌာနအနေနဲ့ အသိပေးကြော်ငြာတွေ၊ စာစောင်တွေ နောက် အသံလွှင့်ဌာနကပဲဖြစ်ဖြစ်၊ ရေဒီယိုကပဲဖြစ်ဖြစ် ဘယ်လိုနေထိုင်ဖို့ ကာကွယ်ရေးဘက်ကိုတော့ နိုးနိုးကြားကြားလေးနဲ့ ပြောပေးစေချင်တာပေါ့နော်။ ဒါမှလည်း ပြည်သူတွေ ကျန်းမာရေးအသိ နိုးကြားလာမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဒီ ၇ လပိုင်းမှာက ဆိုးဆိုးရွားရွားကြီး ခံခဲ့ရပြီလေ။”

ကျန်မာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကတော့ ကိုဗစ်ဗီဇမျိုးကွဲသစ်နဲ့ပတ်သက်ပြီး မကြာခင်ထုတ်ပြန်ပေး သွားဖို့ရှိကြောင်း အခုလို ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့ မကြာခင်လည်း ထုတ်ပြန်ဖို့ ရှိပါတယ်နော်။ လောလော ဆယ်တော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြိုတော့ မပြောသေးပါဘူး နော်၊ ဟုတ်ကဲ့။”

မြန်မာနိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာမှာ အကြိမ်ပြည့်ထိုးပြီးသူ ၁၂ သန်းနီးပါးရှိပြီး တကြိမ်ထိုးထားသူ ၅ သန်းနီးပါးရှိတယ်လို့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိ ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ်နဲ့ပတ်သက်လို့ အတိအကျသိရအောင် သိပ္ပံပညာရှင်တွေကြိုးစားနေကြချိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့နဲ့ အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ ဆရာဝန်တွေက တိုက်တွန်းနေပါတယ်။

လက်ရှိအသစ်ထပ်မံတွေ့ရှိတဲ့ ကိုဗစ်ဗီဇမျိုးကွဲဖြစ်တဲ့ Omicron ကူးစက်မှုတွေကြောင့် နိုင်ငံတချို့မှာပြည်ဝင်ခွင့် တင်းကြပ်မှုတွေ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေ စတင်လုပ်နေကြပါတယ်။ အာရှတိုက်ထဲက ဟောင်ကောင်မှာ Omicron ကိုဗစ်ပိုးသစ်ကူးစက်သူကို ပထမဆုံးတွေ့ရှိထားပါတယ်။

#CovidVarient #Omicron #MyanmarCovid #VOABurmese
#အိုမီခရွန်#မြန်မာ#ဒေါက်တာသန်းနိုင်စိုး#ရွှေသံလျင်နာရေး#

===============

XS
SM
MD
LG