သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်တွေ အသတ်ခံရမှု အရေးယူဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေစာရင်း CPJ ထုတ်ပြန်


သတင်းသမားတွေ အသတ်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းလို့မရတဲ့ နိုင်ငံတွေထဲမှာ ဆိုမာလီယာနိုင်ငံက ၃နှစ် ဆက်တိုက် ရှိလာနေပြီး အဆိုးဆုံး အဆင့်ကို ရောက်နေပြီလို့ နယူးယောက် အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းသမားများ ကာကွယ်ရေး အဖွဲ့က ပြောလိုက်ပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ ဆိုမာလီယာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား၂ ဒါဇင်ကျော် အသတ်ခံခဲ့ရတယ်လို့CPJ အဖွဲ့က မနေ့က ထုတ်ပြန်တဲ့ အပစ်ရှိသူတွေကို အရေးမယူတဲ့ ကမ္ဘာ့နိုင်ငံ တွေရဲ့ စာရင်းမှာ ဖေါ်ပြထားပါတယ်။ ၆ နှစ်ကျော်ကြာ ပြည်တွင်းစစ် ဖြစ်ပွါးနေတဲ့ ဆီးရီးယားနိုင်ငံက CPJ ရဲ့ အဆိုးဆုံး စာရင်းမှာ မနှစ်တုန်းက တတိယနေရာ ရှိခဲ့ရာက ဒီနှစ်မှာတော့ ဒုတိယနေရာကို တက်လာပါတယ်။

ဆီးရီးယားနိုင်ငံမှာ သတင်းထောက်တွေကို သတ်တဲ့လူတွေက လွတ်နေတာပါ။ ဒီနှစ်CPJ ရဲ့ စာရင်းအရ အဆိုးဆုံး တတိယနေရာမှာ အီရတ် ဖြစ်လာပါတယ်။ အီရတ်ကတော့ IS စစ်သွေးကြွတွေက သတင်းထောက်တွေကို ပစ်မှတ်ထားတဲ့ နေရာပါ။

ဖိလစ်ပိုင်နိုင်ငံ က နံပတ် ၅ နေရာမှာ ရှိပါတယ်။ အာဖဂန်နစ္စတန်ကတော့ ပထမဆုံး အကြိမ်အဖြစ် CPJ စာရင်းထဲမှာ ပါမလာပါဘူး။ ဒါက အာဖဂန်မှာ သတင်းသမား အသတ်ခံရမှုတွေ သိသိသာသာ ကျဆင်းလာနေတာကို ပြနေပါတယ်။ ၂၀၀၈ ခု နှစ် ကတည်းက CPJ ရဲ့ သတင်းသမားတွေ အသတ်ခံရပြီး အပြစ်ရှိသူတွေကို အရေးမယူတဲ့ နိုင်ငံတွေ စာရင်းကို နှစ်စဉ် ထုတ်ပြန်လာတာ အခုဆို ၁၀ ကြိမ်မြောက် ရှိလာပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG