သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေႏွာင့္ေႏွးေနတဲ့ ကုလအဆုံးအျဖတ္ ဘယ္ေလာက္ အေရးႀကီးသလဲ


ကုလသမဂၢအေထြေထြညီလာခံအေနနဲ႔ ျမန္မာႏိုင္ငံကိုယ္စားလွယ္ကို မေ႐ြးခ်ယ္ႏိုင္ပဲ ျဖစ္ေနတဲ့အတြက္ ျမန္မာျပည္သူေတြရဲ႕အသံကို ႏိုင္ငံတကာကို တင္ျပခြင့္ ဆုံးရႈံးေနရတယ္လို႔ဆိုရင္ မွားမယ္မဟုတ္ပါဘူး။ ဒါျဖင့္ရင္ Credential Committee လို႔ေခၚတဲ့ ကိုယ္စားလွယ္စိစစ္ေရး ေကာ္မီတီအေနနဲ႔ တဘက္ဘက္က ေ႐ြးခ်ယ္သူကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံလိုက္ၿပီဆိုရင္ေကာ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္ပါသလဲ။ အေမရိကန္ျပည္ေထာင္စု George Washington တကၠသိုလ္ ႏိုင္ငံတကာဆက္ဆံေရး ပါေမာကၡ Christina Fink နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခု ကုလသမဂၢအေထြေထြညီလာခံက ျမန္မာႏုိင္ငံကိုယ္စားလွယ္အျဖစ္ ဘယ္သူကို လက္ခံမယ္ဆိုတာကို သူတုိ႔အဆံုးအျဖတ္ မေပးႏိုုင္ဘဲ၊ ေရႊ ႔ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီလိုအဆံုးအျဖတ္ မေပးႏိုင္ဘဲ ျဖစ္ေနျခင္းဟာ ျမန္မာျပည္သူေတြအေနနဲ႔ သူတုိ႔ရဲ ႔ အေျခအေနေတြကို ကမာၻကသိေအာင္ တင္ျပပိုင္ခြင့္ ဆံုးရွံုးေနတာ ျဖစ္တယ္ဆိုရင္ မွားပါသလား။ အခု ျမန္မာႏိုင္ငံရဲ ႔ အေျခအေနကလဲ သိပ္ကိုအေရးတႀကီး ျဖစ္ေနတဲ့ အေျခအေနပါ။ ဒီအခ်ိန္မွာ သူတုိ႔ရဲ ႔ အေျခအေနကို ကမာၻကို တင္ျပခြင့္မရၾကဘူးေပါ့။

ေျဖ ။ ။ Credential Committee အေျခအေနကို အရင္ရွင္းျပၿပီးေတာ့ ဒီေန႔ထက္ ျဖစ္လာႏိုင္တယ္ဆိုတာကို ေျပာခ်င္ပါတယ္။ ျဖစ္ႏုိင္ေျခ (၃) ခု ရိွပါတယ္။ တခုက NUG ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ျမန္မာအစိုးရနဲ႔ ျပည္သူလူထုကို ကိုယ္စားျပဳသူအျဖစ္ ေရြးခ်ယ္ခံရႏိုင္တယ္။ ဒုတိယျဖစ္ႏုိင္ေျခက စစ္ေကာင္စီက ခန္႔ထားသူက ျမန္မာကိုယ္စားလွယ္ ျဖစ္ႏုိင္ေျခနဲ႔ တတိယတခုကေတာ့ ဆံုးျဖတ္ခ်က္ကို ေနာက္တႏွစ္ ဆိုင္းငံ့ၿပီး ဦးေက်ာ္မုိးထြန္းကိုပဲ ဆက္လက္ရိွေနမယ္။ သူဟာ အေထြေထြညီလာခံရဲ ႔ လုပ္ေဆာင္ခ်က္ေတြမွာ ပါဝင္ခြင့္ရမယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးေတာ့ အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာခြင့္ရမွာ မဟုတ္ပါဘူး။ ဒီလိုျဖစ္လာရင္ေတာ့ ရွင္ေျပာတာ မွန္ပါတယ္။ ျမန္မာျပည္သူေတြအေနနဲ႔ သူတုိ႔အသံကို အေထြေထြညီလာခံမွာ တင္ျပမယ့္ ကိုယ္စားလွယ္မရိွဘဲ ျဖစ္ေနပါလိမ့္မယ္။ ကုလသမဂၢအေထြေထြညီလာခံ

ေမး ။ ။ Credential Committee ကိုယ္စားလွယ္္စီစစ္ေရးအဖြဲ႔မွာ ပါဝင္တဲ့ အဖြဲ႔ဝင္ေတြထဲမွာ စစ္ေကာင္စီကို လိုလားသူ။ NUG ကို လိုလားသူဆုိၿပီးေတာ့ သေဘာထားကြဲလြဲေနတယ္ဆိုေတာ့ တကယ္အဆံုးအျဖတ္ေပးဖို႔ဆိုတာက အေထြေထြညီလာခံကို လႊဲေျပာင္းေပးရမယ္လို႔ တခ်ဳိ ႔ကေျပာၾကပါတယ္။ အဲဒီလို အဆံုးအျဖတ္ေပးဖို႔ အေထြေထြညီလာခံအေနနဲ႔ ဘယ္လိုမ်ား ျပႆနာ ရိွေနပါလဲ။

ေျဖ ။ ။ လုပ္ငန္းစဥ္ကေတာ့ စီစစ္ေရးေကာ္မတီအေနနဲ႔ စစ္ေကာင္စီဘက္က တင္ျပတဲ့ ကိုယ္စားလွယ္ေလာင္းနဲ႔ NUG ဘက္က တင္ျပတဲ့ ကိုယ္စားလွယ္ေလာင္းတို႔ကို စီစစ္မယ္။ ၿပီးေတာ့ သူတို႔က ဘယ္သူကိုေရြးမယ္ဆိုတာကို ဆံုးျဖတ္ၿပီးေတာ့ UNGA ကို အတည္ျပဳေပးဖို႔ တင္ျပရမွာ ျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ အဲဒီတင္ျပခ်က္ကို အေထြေထြညီလာခံအတြင္း ေဆြးေႏြးမေနဘဲ၊ အတည္ျပဳရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီကိစၥမွာ ျဖစ္ႏုိင္တာကေတာ့ စီစစ္ေရးေကာ္မတီရဲ ႔ ဆံုးျဖတ္ခ်က္ကို မေက်နပ္တဲ့ ႏုိင္ငံအခ်ဳိ ႔ ရိွလာမယ္ဆိုရင္ေတာ့ ညီလာခံမွာ မေက်နပ္ေၾကာင္း ေဆြးေႏြးရတာေတြ ရိွလာမယ္။ ပံုမွန္အားျဖင့္ေတာ့ အေထြေထြညီလာခံဆိုတာက စီစစ္ေရးေကာ္မတီ တင္ျပခ်က္ကို အတည္ျပဳေပးတဲ့ Rubber Stamp သာ ျဖစ္တဲ့အတြက္ စီစစ္ေရးေကာ္မတီက အေျခအေနကို အေလးထားေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီ ေကာ္မတီစီစစ္ေရး ေကာ္မတီရဲ ႔ စဥ္းစားခ်က္က ဘယ္အေပၚမွာ အေျခခံပါသလဲ။ ျမန္မာႏုိင္ငံရဲ ႔ အေျခအေနကို သူတုိ႔လက္ေတြ႔က်က် စဥ္းစားၿပီးေျပာသလား။ သို႔တည္းမဟုတ္ အဖြဲ႔ဝင္ႏုိင္ငံေတြၾကားမွာ အၿပိဳင္အဆိုင္ ျဖစ္ေနတာနဲ႔ အေျခခံက်သလား။ ဒါမွမဟုတ္ရင္လဲ သူတို႔မွာ တစံုတရာ စံသတ္မွတ္ခ်က္ဆိုတာ ရိွပါသလား။ ဘယ္လုိ criteria ေတြ သတ္မွတ္ထားပါသလဲ။

ေျဖ ။ ။ စီစစ္ေရးေကာ္မတီမွာ စံသတ္မွတ္ခ်က္ေတြ သတ္မွတ္ထားတာေတာ့ သိပ္မရိွပါဘူး။ ျမန္မာႏုိင္ငံအတြက္သာ မဟုတ္ပါဘူး၊ အလားတူကိစၥရပ္ေတြ အမ်ားႀကီးရိွခဲ့ဖူးပါတယ္။ အာဖဂန္နိစၥတန္ကိစၥမွာလည္း အလားတူ ျဖစ္ေနတာပါ။ မၾကာေသးမီႏွစ္ေတြအတြင္း သူတုိ႔အေျခခံ စဥ္းစားခဲ့ၾကတာေတြကေတာ့ ႏိုင္ငံရဲ ႔နယ္ေျမ အမ်ားစုကိုေတာ့ ဘယ္ဘက္က ထိန္းခ်ဳပ္ထားႏိုင္မလဲ။ ျမန္မာကိစၥမွာဆိုရင္ေတာ့ စစ္ေကာင္စီဘက္ကလား။ အျခားတဘက္ကလား စသျဖင့္ေပါ့။ ဒီမိုကေရစီနည္းက် ေရြးခ်ယ္ခံထားရမႈကို ၾကည့္ပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ စစ္ေကာင္စီက ျပည္သူေရြးခ်ယ္ထားတဲ့ အစိုးရဆီက အာဏာသိမ္းထားတာပါ။ ၿပီးေတာ့ ႏိုင္ငံတကာ လူ႔အခြင့္အေရး စံႏႈန္းေတြကိုလည္း ဘယ္ဘက္ကို ပိုလိုက္သလဲဆုိတာလဲ ပါဝင္ပါတယ္။ ဒါေတြအျပင္ စီစစ္ေရးေကာ္မတီက ထည့္သြင္းစဥ္းစားရမွာ ပါဝင္လာတဲ့ အခ်က္ေတြကေတာ့ အေထြေထြညီလာခံမွာ ေဆြးေႏြးတင္ျပၾကတာေတြ၊ ကုလဆုိင္ရာ အဖြဲ႔အစည္းေတြရဲ ႔ အစီရင္ခံစာေတြ ဆံုးျဖတ္ခ်က္ေတြပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ ႏုိင္ငံအတြင္း ျဖစ္ပ်က္ေနတာေတြ၊ ႏုိင္ငံတကာအခင္းအက်င္းေတြအေပၚ ရိုက္ခတ္မႈ စတာေတြအေပၚ ထည့္သြင္းစဥ္းစားခဲ့ၾကတာ ေတြ႔ရပါတယ္။

ေမး ။ ။ အဲဒီေတာ့ Christina ေျပာသလို စဥ္းစားၿပီးေတာ့ ဆံုးျဖတ္ၾကတဲ့ေနရာမွာ Veto အာဏာသံုးႏိုင္တဲ့ ႏုိင္ငံေကာ ရိွပါသလား။
ေျဖ ။ ။ သူတုိ႔ကေတာ့ ဘံုသေဘာတူညီခ်က္နဲ႔ ဆံုးျဖတ္ဖို႔ အားထုတ္ၾကပါတယ္။ ဒါေပမဲ့ သေဘာထားကြဲလြဲေနၾကရင္ေတာ့ အလယ္လမ္းကို ေရြးၿပီးေတာ့ ဆံုးျဖတ္ေပးမယ့္ကိစၥကို ေနာက္တႏွစ္ ဆိုင္းငံ့ၾကမွာ ျဖစ္ပါတယ္။ အားလံုးသေဘာတူညီလာႏုိင္ေအာင္ ေစာင့္ဆုိင္းရတဲ့ သေဘာပါပဲ။ ျမန္မာကိစၥမွာေတာ့ ႏုိင္ငံအေတာ္မ်ားမ်ားက NUG အစိုးရက ေရြးခ်ယ္ထားသူကို လက္ခံသင့္တယ္လို႔ ယူဆသူေတြ ျဖစ္ႏိုင္ၿပီး၊ တခ်ဳိ ႔ကလဲ ဒါကိုလက္ခံဆံုးျဖတ္ဖို႔ အဆင္သင့္မျဖစ္ေသးသူေတြ ရိွေနေကာင္းရိွေနပါမယ္။ အဲဒီကိစၥကို ယတိျပတ္ဆံုးျဖတ္ႏုိင္တဲ့အဆင့္ မေရာက္ေသးဘူးလို႔ ယူဆသူေတြ ရိွေနပါတယ္။ ေနာက္တႏွစ္ ဆက္ေရႊ ႔မယ့္သေဘာပါ။ ဒါဟာ ျမန္မာတႏိုင္ငံတည္း မဟုတ္ပါဘူး။ အရင္ကလဲ အလားတူကိစၥေတြ ရိွခဲ့ၿပီးေတာ့ တခ်ဳိ ႔ကိစၥေတြဆိုရင္ သံုးေလးႏွစ္ေလာက္ ေရႊ ႔ဆိုင္းခဲ့ရဖူးပါတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္တိုိ႔က NUG က ေရြးခ်ယ္တဲ့ ကိုယ္စားလွယ္ကို လက္ခံဖို႔ အေထြေထြညီလာခံက ဆံုးျဖတ္လိုက္ၿပီဆိုၾကပါစို႔။ ဒီလိုဆံုးျဖတ္လိုက္တဲ့အတြက္ ရရိွႏုိင္တဲ့ အက်ဳိးရလဒ္ေတြက ဘာေတြလဲဆိုတာကို ၾကည့္ရေအာင္ပါ။ NUG ကို ျမန္မာႏုိင္ငံရဲ ႔ တရားဝင္အစိုးရလို႔ အသိမွတ္ျပဳလိုက္ၿပီဆိုတဲ့ သေဘာလား။ အဲဒီလို တကမာၻလံုးက သတ္မွတ္ၾကမလား။

ေျဖ ။ ။ အခု အသိအမွတ္ျပဳရမွာက ဦးေက်ာ္မိုးထြန္းကို ျမန္မာႏုိင္ငံရဲ ႔ ကိုယ္စားလွယ္အျဖစ္ အသိအမွတ္ျပဳ လက္ခံရမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ NUG အေနနဲ႔ ကုလဆုိင္ရာ တျခားအဖြဲ႔အစည္းေတြ WHO ႏွစ္ပတ္လည္ညီလာခံ၊ လူ႔အခြင့္အေရးေကာင္စီ စတဲ့ေနရာေတြအတြက္ ျမန္မာႏုိင္ငံရဲ ႔ ကိုယ္စားလွယ္ေတြကိုပဲ NUG က ခန္႔အပ္ရမွာ ျဖစ္ပါတယ္။ ဆိုေတာ့ ဒါကအေရးႀကီးၿပီးေတာ့ စစ္ေကာင္စီကို ဆန္႔က်င္ေနသူေတြအတြက္ အားတက္စရာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံတြင္း အေျခအေနကို ႏုိင္ငံတကာအသိုင္းအဝိုင္းက အေလးအနက္ထားတယ္။ စစ္ေကာင္စီက တရားမဝင္ဘူးလို႔ အသိိအမွတ္ျပဳတယ္လို႔ မွတ္ယူစရာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအေျခအေနေတြ တေန႔စစ္ေကာင္စီ ဖယ္ရွားေရးအတြက္ ဘယ္လို သက္ေရာက္လားႏုိင္သလဲဆိုတာကေတာ့ သိပ္ၿပီးေတာ့ ရွင္းရွင္းလင္းလင္း ေျပာလို႔မရႏိုင္ေသးပါဘူး။ က်န္ႏိုင္ငံေတြကလဲ စစ္ေကာင္စီကို စစ္ေရးအေထာက္အပံ့ေပးမယ့္ ကိစၥေတြကို ပိုၿပီးသတိထားလာမယ္။ အနည္းဆံုး ႏွစ္ႀကိမ္ေတာ့ စဥ္းစားလာၾကမယ္လို႔ က်မ ထင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ စစ္ေကာင္စီကေတာ့ ေျပာေနပါတယ္ သူတုိ႔ေရြးခ်ယ္မယ့္လူကို အေထြေထြညီလာခံက အသိအမွတ္ျပဳ လက္ခံျခင္းမရိွေပမဲ့ ကုလသမဂၢဆိုင္ရာ တျခားအဖြဲ႔အစည္းေတြ WHO တုိ႔လို အဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔ဆက္ဆံေနတာဟာ သူတို႔စစ္ေကာင္စီအစိုးရသာ ျဖစ္တယ္လုိ႔ ေျပာေနပါတယ္။ ဆိုေတာ့ တကယ့္အေျခအေနနဲ႔ ျဖစ္ေနတာနဲ႔ေတာ့ တျခားဆီ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေနတယ္လို႔ေျပာရင္ ရမလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ ကုလသမဂၢ ရွဳေထာင့္ကေနၾကည့္ရင္ ဒါဟာ ရွဳပ္ရွဳပ္ေထြေထြ ျဖစ္ေနတာပါ။ ဒီလိုအေျခအေနမ်ဳိးနဲ႔ ပတ္သက္ၿပီးေတာ့ တိက်တဲ့လုပ္ထံုးလုပ္နည္းေတြ မရိွတဲ့အတြက္ ကုလသမဂၢဆိုင္ရာ အဖြဲ႔အစည္းေတြ ကိုင္တြယ္ေနပံုဟာ အေတာ္ေလး ရွဳပ္ေထြေနပါတယ္။ အေထြေထြညီလာခံမွာ လက္ရိွကိုယ္စားလွယ္ကလည္း ဆက္ရိွေနၿပီေတာ့ ေရွ ႔အလားအလာကို ဆိုင္းငံ့ထားေလေတာ့ တျခားေနရာေတြအတြက္ ကိုယ္စားလွယ္ကိစၥ ဘာလုပ္ရမလဲဆိုတာ ခက္ေနပါတယ္။ ဥပမာအားျဖင့္ ICJ အျပည္ျပည္ဆိုင္ရာ တရားရံုးမွာဆိုရင္ စစ္ေကာင္စီကပဲ ကိုယ္စားျပဳေဆာင္ရြက္ေနတာ ေတြ႔ရပါတယ္။ ဒါေပမဲ့ ဘယ္ဘက္ကိုမွ လက္မခံဘဲ ဆိုင္းငံ့ေနတဲ့ အဖြဲ႔အစည္းေတြလည္း ရိွပါတယ္။ အထူးသျဖင့္ ျမန္မာႏုိင္ငံအတြင္းမွာ ကြင္းဆင္းေဆာင္ရြက္ေနတဲ့ အဖြဲ႔အစည္းေတြ အခက္ႀကံဳရပါတယ္။ သူတုိ႔လုပ္ငန္းကိုလည္း ဆက္လက္ေဆာင္ရြက္လိုတယ္။ တၿပိဳင္ထဲမွာပဲ စစ္ေကာင္စီကိုလည္း တရားဝင္အစိုးရကိုလည္း တရားဝင္အစိုးရအျဖစ္ အသိအမွတ္မျပဳလိုၾကပါဘူး။

ေမး ။ ။ တခ်ဳိ ႔ကေတာ့ ယူဆေနၾကပါတယ္။ ေမွ်ာ္လင့္ေနၾကတယ္လို႔ေျပာရင္ ပိုမွန္လိမ့္မယ္။ ကုလသမဂၢအေထြေထြညီလာခံက NUG ေရြးခ်ယ္သူကို တရားဝင္ကိုယ္စားလွယ္အျဖစ္ သတ္မွတ္လိုက္ျခင္းဟာ စစ္ေကာင္စီကို အာဏာက ဖယ္ရွားေရးအထိ အက်ဳိးသက္ေရာက္မႈ ရိွသြားလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကတာေတြ ရိွပါတယ္။ ႏုိင္ငံတကာဆက္ဆံေရး ပါေမာကၡတဦးအေနနဲ႔ သူတုိ႔ကို ဘယ္လိုမ်ား ျပန္လည္ရွင္းျပလိုပါသလဲ။

ေျဖ ။ ။ ဦးေက်ာ္မိုးထြန္းကို ျမန္မာကိုယ္စားလွယ္အျဖစ္ အေထြေထြညီလာခံမွာ လက္ခံလိုက္တာဟာ ျမန္မာျပည္သူေတြအတြက္ ထူးျခားေလးနက္မႈ ရိွေစတယ္ဆိုတာကေတာ့ သိသာႏုိင္တဲ့အခ်က္ပါ။ ဒါေပမဲ့ အဲဒီေလးနက္မႈဟာ လက္ေတြ႔ျဖစ္ပ်က္ေနတဲ့ အေျခအေနကို ဘယ္ေလာက္အထိ ေျပာင္းလဲေစႏိုင္မလဲဆိုတာကေတာ့ မေသခ်ာပါဘူး။ ယခင္စစ္အစိုးရေတြကို ၾကည့္မယ္ဆိုရင္ သူတုိ႔က ဘာမွဂရုမစိုက္ဘဲ၊ သူတုိ႔ပဲဆက္လက္ အုပ္စုိးသြားခဲ့ပါတယ္။ ဆိုေတာ့ က်မတုိ႔ ေသေသခ်ာခ်ာ ေျပာႏုိင္တာက ဒါဟာ စစ္အစိုးရအေနနဲ႔ သူတုိ႔ဆက္သြားလို႔ မရဘူးဆိုတာကို သေဘာေပါက္ေစတဲ့ အေျခအေနေတြအနက္ ေနာက္ထပ္တုိးလာမယ့္ အေျခအေနတရပ္ ျဖစ္တာပါ။ စစ္ေကာင္စီေခါင္းေဆာင္ပိုင္းက သူတုိ႔အေနနဲ႔ သူတုိ႔လံုၿခံဳေရးအတြက္ျဖစ္ျဖစ္၊ အျခားအခ်က္ေတြေၾကာင့္ပဲျဖစ္ျဖစ္ သူတုိိ႔ဆက္မလုပ္ႏုိင္ေတာ့ဘူးဆိုတဲ့ အျမင္ေတြရႏိုင္ဖို႔ အေရးႀကီးပါတယ္။

ေမး ။ ။ ေနာက္တဘက္ကၾကည့္မယ္ဆိုရင္ေတာ့ စစ္ေကာင္စီကလဲ သူတုိ႔ရပ္တည္ေရး ပိုမိုခိုင္ၿမဲလာေအာင္ က်ားကုတ္က်ားခဲ ဖက္တြယ္ႏိုင္ဖို႔ ပိုၿပီးႀကိဳးပမ္းလာပါလိမ့္မယ္။ သူတုုိ႔ကို ေထာက္ခံတဲ့ႏုိင္ငံေတြဆီက အကူအညီေတြ ပိုရေအာင္ ရတဲ့နည္းနဲ႔ ႀကိဳးပမ္းလာမွာ ျဖစ္တယ္လုိ႔ ယူဆႏုိင္ပါတယ္။ အဲဒီေတာ့ ျပည္တြင္းမွာ တင္းမာမႈေတြ ပဋိပကၡေတြ ပိုၿပီးဆိုးဝါးလာႏုိင္ေျခ ရိွတယ္ဆိုရင္ေကာ မမွန္ဘူးလား။ က်ေနာ္က ေထာင့္ေစ့ေအာင္ ေတြးၾကည့္တာပါ။

ေျဖ ။ ။ စစ္ေကာင္စီကေတာ့ ရႏုိင္တဲ့ေနရာေတြက အကူအညီေတြကို ဆြဲကိုင္လိမ့္မယ္။ ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရးကို ထပ္ၿပီးေတာ့ အရိွန္ျမွင့္လာမယ္။ ရုရွားအကူအညီေတြ ပိုေတာင္းခံလာမယ္။ ရုရွားကလည္း ျမန္မာအေပၚ ေနာက္ၿပီးေတာ့ အေရွ ႔ေတာင္အာရွမွာလည္း စိတ္ဝင္စားတယ္ဆုိေတာ့ အကူအညီေတြ ဆက္ေပးမွာ ေသခ်ာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီထဲကတခ်ဳိ ႔က သူတို႔အဖို႔ ရိကၡာေဝစု အလံုအေလာက္ ရရိွေနသည့္တိုင္ ေရွ ႔ဆက္အေျခအေန မဟန္ဘူးလို႔ သေဘာေပါက္လာၿပီဆိုရင္ေတာ့ တမ်ဳိးတျမည္ ျဖစ္သြားႏိုင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ က်ေနာ္က ေနာက္ဆံုးနိဂံုးခ်ဳပ္ခ်င္တာကေတာ့ NUG ခန္႔ေပးသူကို ကုလသမဂၢက တရားဝင္အသိအမွတ္ ျပဳလိုက္ျခင္းဟာ ျမန္မာႏုိင္ငံရဲ ႔ ျပႆနာအလံုးစံု ေျပလည္ေရးအတြက္ ေနာက္ဆံုးထြက္ေပါက္ေတာ့ မဟုတ္ဘူးဆိုတာပါပဲ။ ဒီ Conclusion ကို ပါေမာကၡ Christina ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ ကံမေကာင္း အေၾကာင္းမလွစြာနဲ႔ပဲ အဲဒါ မွန္တယ္လို႔ ေျပာရမွာပါ။ အဲဒီအသိအမွတ္ျပဳမႈက အေရးႀကီးေပမယ့္ Regime Change အုပ္ခ်ဳပ္မႈ အေျပာင္းအလဲ ျဖစ္ေစဖို႔အတြက္ မလံုေလာက္ပါဘူး။ သို႔ေသာ္ ဒါဟာ ေျပာင္းလဲမႈအတြက္ စုစည္းလာတဲ့ အေျခအေနေတြပါ။ ထိေရာက္တဲ့ အေျပာင္းအလဲျဖစ္ဖို႔ အေျခအေနေတြ စုစည္းလာၿပီလို႔ က်မ ထင္ပါတယ္။

=== Unicode ===

ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ကို မရွေးချယ်နိုင်ပဲ ဖြစ်နေတဲ့အတွက် မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာကို တင်ပြခွင့် ဆုံးရှုံးနေရတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒါဖြင့်ရင် Credential Committee လို့ခေါ်တဲ့ ကိုယ်စားလှယ်စိစစ်ရေး ကော်မီတီအနေနဲ့ တဘက်ဘက်က ရွေးချယ်သူကို မြန်မာကိုယ်စားလှယ်အဖြစ် လက်ခံလိုက်ပြီဆိုရင်ကော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဘယ်သူကို လက်ခံမယ်ဆိုတာကို သူတို့အဆုံးအဖြတ် မပေးနိုင်ဘဲ၊ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုအဆုံးအဖြတ် မပေးနိုင်ဘဲ ဖြစ်နေခြင်းဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခြေအနေတွေကို ကမ္ဘာကသိအောင် တင်ပြပိုင်ခွင့် ဆုံးရှုံးနေတာ ဖြစ်တယ်ဆိုရင် မှားပါသလား။ အခု မြန်မာနိုင်ငံရဲ့ အခြေအနေကလဲ သိပ်ကိုအရေးတကြီး ဖြစ်နေတဲ့ အခြေအနေပါ။ ဒီအချိန်မှာ သူတို့ရဲ့ အခြေအနေကို ကမ္ဘာကို တင်ပြခွင့်မရကြဘူးပေါ့။

ဖြေ ။ ။ Credential Committee အခြေအနေကို အရင်ရှင်းပြပြီးတော့ ဒီနေ့ထက် ဖြစ်လာနိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဖြစ်နိုင်ခြေ (၃) ခု ရှိပါတယ်။ တခုက NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာအစိုးရနဲ့ ပြည်သူလူထုကို ကိုယ်စားပြုသူအဖြစ် ရွေးချယ်ခံရနိုင်တယ်။ ဒုတိယဖြစ်နိုင်ခြေက စစ်ကောင်စီက ခန့်ထားသူက မြန်မာကိုယ်စားလှယ် ဖြစ်နိုင်ခြေနဲ့ တတိယတခုကတော့ ဆုံးဖြတ်ချက်ကို နောက်တနှစ် ဆိုင်းငံ့ပြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ရှိနေမယ်။ သူဟာ အထွေထွေညီလာခံရဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ခွင့်ရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာရင်တော့ ရှင်ပြောတာ မှန်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့အသံကို အထွေထွေညီလာခံမှာ တင်ပြမယ့် ကိုယ်စားလှယ်မရှိဘဲ ဖြစ်နေပါလိမ့်မယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ

မေး ။ ။ Credential Committee ကိုယ်စားလှယ်စီစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေထဲမှာ စစ်ကောင်စီကို လိုလားသူ။ NUG ကို လိုလားသူဆိုပြီးတော့ သဘောထားကွဲလွဲနေတယ်ဆိုတော့ တကယ်အဆုံးအဖြတ်ပေးဖို့ဆိုတာက အထွေထွေညီလာခံကို လွှဲပြောင်းပေးရမယ်လို့ တချို့ကပြောကြပါတယ်။ အဲဒီလို အဆုံးအဖြတ်ပေးဖို့ အထွေထွေညီလာခံအနေနဲ့ ဘယ်လိုများ ပြဿနာ ရှိနေပါလဲ။

ဖြေ ။ ။ လုပ်ငန်းစဉ်ကတော့ စီစစ်ရေးကော်မတီအနေနဲ့ စစ်ကောင်စီဘက်က တင်ပြတဲ့ ကိုယ်စားလှယ်လောင်းနဲ့ NUG ဘက်က တင်ပြတဲ့ ကိုယ်စားလှယ်လောင်းတို့ကို စီစစ်မယ်။ ပြီးတော့ သူတို့က ဘယ်သူကိုရွေးမယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ UNGA ကို အတည်ပြုပေးဖို့ တင်ပြရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီတင်ပြချက်ကို အထွေထွေညီလာခံအတွင်း ဆွေးနွေးမနေဘဲ၊ အတည်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဖြစ်နိုင်တာကတော့ စီစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ နိုင်ငံအချို့ ရှိလာမယ်ဆိုရင်တော့ ညီလာခံမှာ မကျေနပ်ကြောင်း ဆွေးနွေးရတာတွေ ရှိလာမယ်။ ပုံမှန်အားဖြင့်တော့ အထွေထွေညီလာခံဆိုတာက စီစစ်ရေးကော်မတီ တင်ပြချက်ကို အတည်ပြုပေးတဲ့ Rubber Stamp သာ ဖြစ်တဲ့အတွက် စီစစ်ရေးကော်မတီက အခြေအနေကို အလေးထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီ ကော်မတီစီစစ်ရေး ကော်မတီရဲ့ စဉ်းစားချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေကို သူတို့လက်တွေ့ကျကျ စဉ်းစားပြီးပြောသလား။ သို့တည်းမဟုတ် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အပြိုင်အဆိုင် ဖြစ်နေတာနဲ့ အခြေခံကျသလား။ ဒါမှမဟုတ်ရင်လဲ သူတို့မှာ တစုံတရာ စံသတ်မှတ်ချက်ဆိုတာ ရှိပါသလား။ ဘယ်လို criteria တွေ သတ်မှတ်ထားပါသလဲ။

ဖြေ ။ ။ စီစစ်ရေးကော်မတီမှာ စံသတ်မှတ်ချက်တွေ သတ်မှတ်ထားတာတော့ သိပ်မရှိပါဘူး။ မြန်မာနိုင်ငံအတွက်သာ မဟုတ်ပါဘူး၊ အလားတူကိစ္စရပ်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ အာဖဂန်နိစ္စတန်ကိစ္စမှာလည်း အလားတူ ဖြစ်နေတာပါ။ မကြာသေးမီနှစ်တွေအတွင်း သူတို့အခြေခံ စဉ်းစားခဲ့ကြတာတွေကတော့ နိုင်ငံရဲ့နယ်မြေ အများစုကိုတော့ ဘယ်ဘက်က ထိန်းချုပ်ထားနိုင်မလဲ။ မြန်မာကိစ္စမှာဆိုရင်တော့ စစ်ကောင်စီဘက်ကလား။ အခြားတဘက်ကလား စသဖြင့်ပေါ့။ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရမှုကို ကြည့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက ပြည်သူရွေးချယ်ထားတဲ့ အစိုးရဆီက အာဏာသိမ်းထားတာပါ။ ပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကိုလည်း ဘယ်ဘက်ကို ပိုလိုက်သလဲဆိုတာလဲ ပါဝင်ပါတယ်။ ဒါတွေအပြင် စီစစ်ရေးကော်မတီက ထည့်သွင်းစဉ်းစားရမှာ ပါဝင်လာတဲ့ အချက်တွေကတော့ အထွေထွေညီလာခံမှာ ဆွေးနွေးတင်ပြကြတာတွေ၊ ကုလဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ ဆုံးဖြတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေ၊ နိုင်ငံတကာအခင်းအကျင်းတွေအပေါ် ရိုက်ခတ်မှု စတာတွေအပေါ် ထည့်သွင်းစဉ်းစားခဲ့ကြတာ တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ Christina ပြောသလို စဉ်းစားပြီးတော့ ဆုံးဖြတ်ကြတဲ့နေရာမှာ Veto အာဏာသုံးနိုင်တဲ့ နိုင်ငံကော ရှိပါသလား။
ဖြေ ။ ။ သူတို့ကတော့ ဘုံသဘောတူညီချက်နဲ့ ဆုံးဖြတ်ဖို့ အားထုတ်ကြပါတယ်။ ဒါပေမဲ့ သဘောထားကွဲလွဲနေကြရင်တော့ အလယ်လမ်းကို ရွေးပြီးတော့ ဆုံးဖြတ်ပေးမယ့်ကိစ္စကို နောက်တနှစ် ဆိုင်းငံ့ကြမှာ ဖြစ်ပါတယ်။ အားလုံးသဘောတူညီလာနိုင်အောင် စောင့်ဆိုင်းရတဲ့ သဘောပါပဲ။ မြန်မာကိစ္စမှာတော့ နိုင်ငံအတော်များများက NUG အစိုးရက ရွေးချယ်ထားသူကို လက်ခံသင့်တယ်လို့ ယူဆသူတွေ ဖြစ်နိုင်ပြီး၊ တချို့ကလဲ ဒါကိုလက်ခံဆုံးဖြတ်ဖို့ အဆင်သင့်မဖြစ်သေးသူတွေ ရှိနေကောင်းရှိနေပါမယ်။ အဲဒီကိစ္စကို ယတိပြတ်ဆုံးဖြတ်နိုင်တဲ့အဆင့် မရောက်သေးဘူးလို့ ယူဆသူတွေ ရှိနေပါတယ်။ နောက်တနှစ် ဆက်ရွှေ့မယ့်သဘောပါ။ ဒါဟာ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။ အရင်ကလဲ အလားတူကိစ္စတွေ ရှိခဲ့ပြီးတော့ တချို့ကိစ္စတွေဆိုရင် သုံးလေးနှစ်လောက် ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော်တို့က NUG က ရွေးချယ်တဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့ အထွေထွေညီလာခံက ဆုံးဖြတ်လိုက်ပြီဆိုကြပါစို့။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးရလဒ်တွေက ဘာတွေလဲဆိုတာကို ကြည့်ရအောင်ပါ။ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလို့ အသိမှတ်ပြုလိုက်ပြီဆိုတဲ့ သဘောလား။ အဲဒီလို တကမ္ဘာလုံးက သတ်မှတ်ကြမလား။

ဖြေ ။ ။ အခု အသိအမှတ်ပြုရမှာက ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု လက်ခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ NUG အနေနဲ့ ကုလဆိုင်ရာ တခြားအဖွဲ့အစည်းတွေ WHO နှစ်ပတ်လည်ညီလာခံ၊ လူ့အခွင့်အရေးကောင်စီ စတဲ့နေရာတွေအတွက် မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေကိုပဲ NUG က ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါကအရေးကြီးပြီးတော့ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေအတွက် အားတက်စရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထားတယ်။ စစ်ကောင်စီက တရားမဝင်ဘူးလို့ အသိအမှတ်ပြုတယ်လို့ မှတ်ယူစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေ တနေ့စစ်ကောင်စီ ဖယ်ရှားရေးအတွက် ဘယ်လို သက်ရောက်လားနိုင်သလဲဆိုတာကတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရနိုင်သေးပါဘူး။ ကျန်နိုင်ငံတွေကလဲ စစ်ကောင်စီကို စစ်ရေးအထောက်အပံ့ပေးမယ့် ကိစ္စတွေကို ပိုပြီးသတိထားလာမယ်။ အနည်းဆုံး နှစ်ကြိမ်တော့ စဉ်းစားလာကြမယ်လို့ ကျမ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ စစ်ကောင်စီကတော့ ပြောနေပါတယ် သူတို့ရွေးချယ်မယ့်လူကို အထွေထွေညီလာခံက အသိအမှတ်ပြု လက်ခံခြင်းမရှိပေမဲ့ ကုလသမဂ္ဂဆိုင်ရာ တခြားအဖွဲ့အစည်းတွေ WHO တို့လို အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေတာဟာ သူတို့စစ်ကောင်စီအစိုးရသာ ဖြစ်တယ်လို့ ပြောနေပါတယ်။ ဆိုတော့ တကယ့်အခြေအနေနဲ့ ဖြစ်နေတာနဲ့တော့ တခြားဆီ အလွဲလွဲအချော်ချော် ဖြစ်နေတယ်လို့ပြောရင် ရမလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကုလသမဂ္ဂ ရှုထောင့်ကနေကြည့်ရင် ဒါဟာ ရှုပ်ရှုပ်ထွေထွေ ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့လုပ်ထုံးလုပ်နည်းတွေ မရှိတဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ ကိုင်တွယ်နေပုံဟာ အတော်လေး ရှုပ်ထွေနေပါတယ်။ အထွေထွေညီလာခံမှာ လက်ရှိကိုယ်စားလှယ်ကလည်း ဆက်ရှိနေပြီတော့ ရှေ့အလားအလာကို ဆိုင်းငံ့ထားလေတော့ တခြားနေရာတွေအတွက် ကိုယ်စားလှယ်ကိစ္စ ဘာလုပ်ရမလဲဆိုတာ ခက်နေပါတယ်။ ဥပမာအားဖြင့် ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာဆိုရင် စစ်ကောင်စီကပဲ ကိုယ်စားပြုဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ဘက်ကိုမှ လက်မခံဘဲ ဆိုင်းငံ့နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ကွင်းဆင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အခက်ကြုံရပါတယ်။ သူတို့လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်လိုတယ်။ တပြိုင်ထဲမှာပဲ စစ်ကောင်စီကိုလည်း တရားဝင်အစိုးရကိုလည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုလိုကြပါဘူး။

မေး ။ ။ တချို့ကတော့ ယူဆနေကြပါတယ်။ မျှော်လင့်နေကြတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ ကုလသမဂ္ဂအထွေထွေညီလာခံက NUG ရွေးချယ်သူကို တရားဝင်ကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ခြင်းဟာ စစ်ကောင်စီကို အာဏာက ဖယ်ရှားရေးအထိ အကျိုးသက်ရောက်မှု ရှိသွားလိမ့်မယ်လို့ မျှော်လင့်နေကြတာတွေ ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတဦးအနေနဲ့ သူတို့ကို ဘယ်လိုများ ပြန်လည်ရှင်းပြလိုပါသလဲ။

ဖြေ ။ ။ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် အထွေထွေညီလာခံမှာ လက်ခံလိုက်တာဟာ မြန်မာပြည်သူတွေအတွက် ထူးခြားလေးနက်မှု ရှိစေတယ်ဆိုတာကတော့ သိသာနိုင်တဲ့အချက်ပါ။ ဒါပေမဲ့ အဲဒီလေးနက်မှုဟာ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေကို ဘယ်လောက်အထိ ပြောင်းလဲစေနိုင်မလဲဆိုတာကတော့ မသေချာပါဘူး။ ယခင်စစ်အစိုးရတွေကို ကြည့်မယ်ဆိုရင် သူတို့က ဘာမှဂရုမစိုက်ဘဲ၊ သူတို့ပဲဆက်လက် အုပ်စိုးသွားခဲ့ပါတယ်။ ဆိုတော့ ကျမတို့ သေသေချာချာ ပြောနိုင်တာက ဒါဟာ စစ်အစိုးရအနေနဲ့ သူတို့ဆက်သွားလို့ မရဘူးဆိုတာကို သဘောပေါက်စေတဲ့ အခြေအနေတွေအနက် နောက်ထပ်တိုးလာမယ့် အခြေအနေတရပ် ဖြစ်တာပါ။ စစ်ကောင်စီခေါင်းဆောင်ပိုင်းက သူတို့အနေနဲ့ သူတို့လုံခြုံရေးအတွက်ဖြစ်ဖြစ်၊ အခြားအချက်တွေကြောင့်ပဲဖြစ်ဖြစ် သူတို့ဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့ အမြင်တွေရနိုင်ဖို့ အရေးကြီးပါတယ်။

မေး ။ ။ နောက်တဘက်ကကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီကလဲ သူတို့ရပ်တည်ရေး ပိုမိုခိုင်မြဲလာအောင် ကျားကုတ်ကျားခဲ ဖက်တွယ်နိုင်ဖို့ ပိုပြီးကြိုးပမ်းလာပါလိမ့်မယ်။ သူတို့ကို ထောက်ခံတဲ့နိုင်ငံတွေဆီက အကူအညီတွေ ပိုရအောင် ရတဲ့နည်းနဲ့ ကြိုးပမ်းလာမှာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ပြည်တွင်းမှာ တင်းမာမှုတွေ ပဋိပက္ခတွေ ပိုပြီးဆိုးဝါးလာနိုင်ခြေ ရှိတယ်ဆိုရင်ကော မမှန်ဘူးလား။ ကျနော်က ထောင့်စေ့အောင် တွေးကြည့်တာပါ။

ဖြေ ။ ။ စစ်ကောင်စီကတော့ ရနိုင်တဲ့နေရာတွေက အကူအညီတွေကို ဆွဲကိုင်လိမ့်မယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ထပ်ပြီးတော့ အရှိန်မြှင့်လာမယ်။ ရုရှားအကူအညီတွေ ပိုတောင်းခံလာမယ်။ ရုရှားကလည်း မြန်မာအပေါ် နောက်ပြီးတော့ အရှေ့တောင်အာရှမှာလည်း စိတ်ဝင်စားတယ်ဆိုတော့ အကူအညီတွေ ဆက်ပေးမှာ သေချာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထဲကတချို့က သူတို့အဖို့ ရိက္ခာဝေစု အလုံအလောက် ရရှိနေသည့်တိုင် ရှေ့ဆက်အခြေအနေ မဟန်ဘူးလို့ သဘောပေါက်လာပြီဆိုရင်တော့ တမျိုးတမြည် ဖြစ်သွားနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ ကျနော်က နောက်ဆုံးနိဂုံးချုပ်ချင်တာကတော့ NUG ခန့်ပေးသူကို ကုလသမဂ္ဂက တရားဝင်အသိအမှတ် ပြုလိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအလုံးစုံ ပြေလည်ရေးအတွက် နောက်ဆုံးထွက်ပေါက်တော့ မဟုတ်ဘူးဆိုတာပါပဲ။ ဒီ Conclusion ကို ပါမောက္ခ Christina ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အဲဒါ မှန်တယ်လို့ ပြောရမှာပါ။ အဲဒီအသိအမှတ်ပြုမှုက အရေးကြီးပေမယ့် Regime Change အုပ်ချုပ်မှု အပြောင်းအလဲ ဖြစ်စေဖို့အတွက် မလုံလောက်ပါဘူး။ သို့သော် ဒါဟာ ပြောင်းလဲမှုအတွက် စုစည်းလာတဲ့ အခြေအနေတွေပါ။ ထိရောက်တဲ့ အပြောင်းအလဲဖြစ်ဖို့ အခြေအနေတွေ စုစည်းလာပြီလို့ ကျမ ထင်ပါတယ်။

XS
SM
MD
LG