Sevastopol မြို့နားမှာရှိတဲ့ Belbek လေတပ်စခန်းမှာ ယူကရိန်းတပ်တွေကို ရုရှားတပ်တွေက ပိတ်ဆို့ ဝိုင်းထားပါတယ်။ ဒီကနေ့ ကြိုတင်အကြောင်းမကြားဘဲ ရုရှားတပ်တွေ ရောက်ရှိလာပြီး ဝိုင်းထားတာဖြစ်ပါတယ်။
ဘာအတွက်ခုလို စခန်းကို လာဝိုင်းသလဲ ဆိုတာ ပြောချင်းမရှိပေမဲ့ သတင်း ကင်မရာတခုကို သိမ်းဆည်းခဲ့ပြီး သတင်းထောက်တွေကို ထွက်သွားဖို့ ပြောခဲ့ပါတယ်။ Belbek စခန်းက ယူကရိန်းတပ်မှူးကြီးကို Reuters သတင်းဌာနက ဆက်သွယ်ခဲ့တာမှာ ရုရှားတပ်တွေက ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရာဇသံပေးထားတယ်လို့ ပြောပါတယ်။
ခရိုင်းမီးယားဒေသကို ရုရှားတို့က ယူကရိန်းနိုင်ငံထဲကနေပြီးတော့ ခွဲယူဖို့ အပြီးသတ်ဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ ခရိုင်းမီးယားဒေသထဲမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းတွေ၊ စစ်သင်္ဘောတွေကို ရုရှားတွေက သိမ်းယူနေပါတယ်။ အခုအချိန်ထိကတော့ ယူကရိန်းတပ်တွေဘက်ကနေ ပြင်းပြင်း ထန်ထန် ခုခံတာမျိုး မရှိသေးပါဘူး။
ယူကရိန်းက လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာမယ့် နိုင်ငံတကာလေ့လာသူတွေ ယူကရိန်းကို ရောက်လာဖို့ ရှိနေချိန်မှာပဲ ခုလို
အခြေအနေတွေဖြစ်နေတာပါ။ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့က လေ့လာသူ ၅ဝဝ လောက်က လူ့အခွင့်အရေး အခြေအနေ အပါအဝင် ယူကရိန်းရဲ့ လုံခြုံရေးအခြေအနေအားလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်တမ်းကောက်ခံမှာဖြစ်ပါတယ်။
OSCE အဖွဲ့အနေနဲ့ Crimea ဒေသအပါအဝင်ယူကရိန်းတနိုင်ငံလုံးမှာ လေ့လာ စစ်တမ်းကောက်ခံခွင့် ရှိတယ်လို့ အမေရိကန်က ပြောပါတယ်။