သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာဖိနှိပ်မှုအတွက် တရုတ်အစိုးရ ဝေဖန်ခံရ


တရုတ်နိုင်ငံမှာ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ပြည်ပက သတင်းထောက်တွေအပေါ် ခြိမ်းခြောက် နှောက်ယှက်တာတွေ၊ ရိုက်နှက်တာတွေ မကြာသေးခင်ကစလို့ ဆက်တိုက်ဆိုသလို ကြုံနေရပါတယ်။
တရုတ်နိုင်ငံမှာ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ပြည်ပက သတင်းထောက်တွေအပေါ် ခြိမ်းခြောက် နှောက်ယှက်တာတွေ၊ ရိုက်နှက်တာတွေ မကြာသေးခင်ကစလို့ ဆက်တိုက်ဆိုသလို ကြုံနေရပါတယ်။
တရုတ်နိုင်ငံမှာ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ပြည်ပက သတင်းထောက်တွေအပေါ် ခြိမ်းခြောက် နှောက်ယှက်တာတွေ၊ ရိုက်နှက်တာတွေ မကြာသေးခင်ကစလို့ ဆက်တိုက်ဆိုသလို ကြုံလာရတဲ့အပေါ် နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကန့်ကွက် လိုက်ကြပါတယ်။ တရုတ်နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်ရဲ့ဒီကနေ့ ကြေညာချက်မှာတော့ မကြာခဏ ဆိုသလို ကြုံနေရတဲ့ ကိစ္စတွေမှာ တချို့ဟာဆိုရင် အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်နေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်း ဖော်ပြခဲ့တာပါ။

နိုင်ငံတကာက သတင်းထောက်အများအပြားဟာ လွန်ခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းကနေ သြဂုတ်လလယ်ပိုင်း အတွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် ၄ ခုအတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာ၊ ပစ္စည်းတွေ အသိမ်းခံရတာ၊ အဓမ္မ ဖမ်းဆီးခံရတာတွေ ကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဘေဂျင်းမြို့တော် အခြေစိုက် သတင်းစာဆရာများ အသင်းနဲ့အတူ ဟောင်ကောင်နဲ့ ရှန်ဟိုင်းတို့က သတင်းစာဆရာ အသင်းတွေကလည်း တရုတ်နိုင်ငံမှာ သတင်းလုပ်ငန်းလုပ်ကိုင်သူ စာနယ်ဇင်း သမားတွေ ကိုယ်ထိလက်ရောက် စော်ကားခံရနိုင်တဲ့ အန္တာရာယ်တွေ ရှိနေတယ်ဆိုတာ မကြာသေးခင် အဖြစ်အပျက်တွေက ပြသနေတယ်လို့ ပြောဆိုခဲ့တာပါ။ နိုင်ငံခြား သတင်းထောက်တွေကတော့ တရုတ်နိုင်ငံမှာ သတင်းလုပ်ငန်း လုပ်ကိုင်ရတဲ့အပေါ် အာဏာပိုင်တွေရဲ့စွက်ဖက်ဟန့်တားမှုတွေ ရှိနေတယ်လို့ အချိန်အတော်ကြာကတည်းက ပြောနေကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG