သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း သြစတြီးယား ဆက်လက်ဖမ်းဆီး


ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း အီဗို ဆာနားဒါး။ ဇူလိုင် ၁၊ ၂၀၀၉။

ခရိုအေးရှားနိုင်ငံကို ပြန်ပို့ဖို့ စောင့်စားနေတဲ့ အတောအတွင်း ယခင် ခရိုအေးရှား ၀န်ကြီးချုပ် အီဗို ဆာနားဒါး (Ivo Sanader) ကို သြစတြီးယားနိုင်ငံမှာ ဆက်လက် ထိန်းသိမ်းထားရမယ်လို့ သြစတြီးယား တရားရုံးတရုံးက တနင်္လာနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ သူ့ကို ဒီလ အစောပိုင်းက ဆဲလ်စ်ဘာ့ဂ် (Salzburg) မြို့ အနီးမှာ ဖမ်းမိခဲ့တာပါ။

၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အတွင်းက အကျင့်ပျက် ခြစားခဲ့မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းစရာ ရှိတဲ့အတွက် ခရိုးအေးရှားနိုင်ငံက မစ္စတာ ဆာနားဒါးကို အလိုရှိနေပါတယ်။

အစိုးရ ရှေ့နေတွေက သူရရှိထားတဲ့ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ကို ဖျက်ပေးဖို့ လွှတ်တော်ကို တောင်းဆိုအပြီးမှာ သူက ဒီလအစောပိုင်းမှာ တိုင်းပြည်က ထွက်သွားခဲ့တာပါ။ ထွက်သွားပြီး နောက်တရက်မှာပဲ သြစတြီးယားရဲက သူ့ကို ဖမ်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်းဟာ လေယာဉ်နဲ့ ထွက်ပြေးနိုင်မယ့် အန္တရာယ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ ဇန်န၀ါရီလ ၂၇ ရက်မှာ သူ့အမှုကို ပြန်သုံးသပ်မှာပါ။

တနင်္လာနေ့တုန်းကတော့ ခရိုအေးရှား ဇာဂရက်ဘ်က သူ့ရဲ့အိမ်ကို ရဲက ၀င်ရောက်စီးနင်းခဲ့ပြီး မစ္စတာ ဆာနားဒါး စုဆောင်းထားတဲ့ အနုပညာ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ခုလို သိမ်းဆည်းဖို့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးမှူးတွေက တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ခရိုအေးရှား သတင်းဌာနက ပြောပါတယ်။ ဆာနားဒါးနဲ့ သူ့ရဲ့ မိသားစုဝင်တွေ ပိုင်တဲ့ ပစ္စည်းတွေကို မလွှဲပြောင်းရလို့ အမိန့်ချမှတ်ခဲ့တဲ့ တရားရုံးကပဲ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ တောင်းဆိုချက်အတိုင်း သိမ်းဆည်းခွင့် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG