ဗြိတိန်နိုင်ငံ Windsor မြို့မှာ ဒီကနေ့ စနေနေ့ကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲအတွက် ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ မိသားစုတွေ တဖွဲဖွဲရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့ မြေးတော် မင်းသား Harry နဲ့ အမေရိကန်သူ လူမည်းသွေးနှောတဲ့ ရုပ်သံမင်းသမီး Magen Markel တို့ လက်ထပ် ထိမ်းမြားကြမယ့် မင်္ဂလာပွဲအတွက် အခုထဲက Windsor ရဲတိုက်ကြီးနားမှာ လူထုက နေရာယူစောင့်နေကြပြီဖြစ်ပါတယ်။