သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mandela ရုပ်အလောင်း အများပြည်သူ ကြည့်ရှုခွင့်ရ


ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်၊ အသားရောင်ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေး ခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရဝပြုနိုင်အောင် မြို့တော်မှာ အာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။

မစ္စတာ Mandela ရဲ့ ဇနီး Graca Machel နဲ့ လက်ရှိသမ္မတ Jacob Zuma တို့လည်း မစ္စတာ Mandela ရဲ့ ရုပ်အလောင်းဘေးကဖြတ်ပြီး ဒီကနေ့ ဂါရဝပြုခဲ့ကြပါတယ်။ ဖန်သားတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့အခေါင်းကိုတော့ တောင်အာဖရိက အစိုးရရုံးစိုက်ရာ Union အဆောက်အဦးအတွင်းက ခန်းမကြီးမှာ အများပြည်သူ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားတာပါ။

ဒီနေရာဟာ အသားရောင်ခွဲခြားအုပ်ချုပ်တဲ့ လူဖြူအစိုးရကို ဆန့်ကျင်တော်လှန်တဲ့အတွက် မစ္စတာ Mandela ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံရပြီး ပြန်လွတ်မြောက်လာပြီးတဲ့နောက် တောင်အဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတအဖြစ် ၁၉၉၄ ခုနှစ်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

တောင်အာဖရိက သမ္မတဟောင်း Thabo Mbeki၊ F.W. de Klerk၊ ဇင်ဘာဘွေသမ္မတ Robert Mugabe၊ တန်ဇန်းနီးယား သမ္မတ Jakaya Kikwete နဲ့ တောင်ဆူဒန်သမ္မတ Salva Kiir Mayardit တို့လည်း ဗုဒ္ဓဟူးနေ့မှာပဲ မစ္စတာ Mandela ရဲ့ ရုပ်အလောင်းကို သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။
XS
SM
MD
LG