သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

က ျူ းဘား အာဏာရှင်ဟောင်း ကက်စ်ထရို ကွယ်လွန်


ကျူးဘားနိုင်ငံရဲ့ ကွန်မြူနစ်ခေါင်းဆောင်ဟောင်း Fidel Castro ဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားပြီလို့ ညီဖြစ်သူ လက်ရှိသမ္မတ Raul Castro က နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနကနေ သောကြာနေ့က ကြေညာခဲ့ပါတယ်။

ကွယ်လွန်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။ Fidel Castro ကို စနေနေ့မှာ မီးသင်္ဂြုလ်မှာဖြစ်ပါတယ်။ Fidel Castro ဟာ ကမ္ဘာ့အနောက်ဘက် ခြမ်းမှာ ပထမဆုံး ကွန်မြူနစ်နိုင်ငံကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ကျူးဘားရဲ့ရွေးကောက်ခံ သမ္မတ Fulgencio Batista ကို အာဏာက ဖယ်ရှားခဲ့တဲ့ Castro ဟာ သူကိုယ်တိုင်လည်း အာဏာရှင်တဦး ဖြစ်လာခဲ့တာပါ။

Fidel Castro ဟာ ကျူးဘားနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ၁၉၅၉ ခုနှစ်ကနေ ၁၉၇၆ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ကနေ ၂၀၀၈ အထိ သမ္မတအဖြစ် တာဝန် ယူခဲ့ပါတယ်။ သူ့ကို ဆိုရှယ်လစ်စနစ်ရဲ့ ချန်ပီယံတဦးအဖြစ်နဲ့ နယ်ချဲ့ဝါဒကို ဆန့်ကျင်သူ တဦးအဖြစ် သတ်မှတ် ကြပါတယ်။ ဒါ့အပြင် Fidel Castro ဟာ ကျူးဘား ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ်လည်း ၁၉၆၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

Castro ရဲ့လက်ထက် ကျူးဘားနိုင်ငံမှာ တပါတီကွန်မြူနစ် စနစ်ကိုကျင့်သုံးလာတာ ဖြစ်ပြီး စီးပွါးရေး လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း ခဲ့တဲ့အပြင် ဆိုရှယ်လစ် စနစ် ပြုြ ပင်ပြောင်းလဲရေးကို ကျူးဘား လူမှုအသိုင်းအဝိုင်း တခုလုံးမှာတောက်လျှောက် ကျင့်သုံး လာခဲ့ကြတာဖြစ်ပါတယ်။ သူ့ကို ဆိုရှယ်လစ်စနစ်ရဲ့ ချန်ပီယံတဦးအဖြစ်နဲ့ နယ်ချဲ့ဝါဒကို ဆန့်ကျင်သူတဦး အဖြစ် သတ်မှတ်ကြပါတယ်။

Castro ကွယ်လွန်သွားတဲ့သတင်းကို ကမ္ဘာ့ခေါင်းဆောင်အချို့ လျှင်လျှင်မြန်မြန်ပဲ တုန့်ပြန်ပြီး ဝမ်းနည်းစကားပြောကြပါတယ်။ အမေရိကန် ရွေးကောက်ခံသမ္မတ Donad Trump ကလည်း Fidel Castro ကွယ်လွန်သွားတဲ့အကြောင်း တွစ်တာ မှာရေးပါတယ်။ မက္ကဆီကိုသမ္မတ အင်ဒရီးကေး ပင်ညှာညေးတိုး ကလည်း ဝမ်းနည်း စကားပြောဆိုသလို ပြင်သစ်သမ္မတ Francois Hollande ကတော့ Castro ဟာ ၂၀ ရာစုရဲ့ တော်လှန်ရေးပုဂ္ဂိုလ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုဗီယက်ေ ခါင်းဆောင်ဟောင်း Mikhail Gorbachev ကလည်း ကျွန်း နိုင်ငံတခုဖြစ်တဲ့ ကျူးဘား ကို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြားကပဲ အင်အားတောင့် တင်းအောင် လုပ်နိုင် ခဲ့တဲ့အပေါ် ဂုဏ်ပြုပါတယ်။ ရုရှားသမ္မတ Vladimir Putin ကတော့ Castro ကို ခေတ်တခေတ်ရဲ့ အမှတ် သင်္ကေတဆိုပြီး ချီးကျူးပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


ကျူးဘားသမ္မတဟောင်း Fidel Castro ကွယ်လွန်သွားတဲ့အပေါ်မှာ ဝမ်းနည်းမိတယ် လို့ မြန်မာပြည်ကွန်မြူနစ်ပါတီက ပြောကြားလိုက်ပါတယ်။ အနောက်ကမ္ဘာခြမ်းမှာ ကွန်မြူနစ်ဝါဒကို ပထမဆုံးအသက်သွင်းခဲ့တဲ့ ကတ်စထရိုဟာ ကမ္ဘာ့ပေါ်က လက်ဝဲဝါဒီတွေကြားမှာ သြဇာလွှမ်းမိုးသူတဦဖြစ်ပါတယ်။ သူကွယ်လွန်သွားခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန်သံတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

သက်တမ်းအကြာဆုံးခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ကျူဘားတော်လှန်ေ ရးခေါင်းဆောင်လည်းဖြစ်၊ ကျူးဘားသမ္မတဟောင်းလည်းဖြစ်တဲ့ Fidel Castro ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အမေရိ ကန်နိုင်ငံနဲ့ မိုင် ၉၀ လောက်သာ ကွာဝေးတဲ့ ကျူးဘားနိုင်ငံမှာ ကွန်မြူနစ်ဝါဒကို ထူထောင်သွားခဲ့သူတဦးဖြစ်တဲ့ ကက်စထရို ကွယ်လွန်သွားတဲ့ အပေါ်မှာ မြန်မာြ ပည်ကွန်မြူနစ်ပါတီအနေနဲ့ ဝမ်းနည်းမိတယ်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိလ် ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

ကတ်စထရိုဟာ ကျူးဘားတော်လှန်ရေးကို ဦးဆောင်ပြီး၊ အာဏာရှင်သမ္မတဟောင်း Fulgencio Batista ကို ဖြုတ်ချပြီး ၊ အနောက်ကမ္ဘာခြမ်းမှာ ပထမဆုံး ကွန်မြူနစ်နိုင်ငံကို တည်ထောင်နိုင်ခဲ့တဲ့အပြင် ဒေသတွင်းက လက်တင်အမေရိက နဲ့ အလယ်အမေရိကနိုင်ငံတွေမှာ လက်ဝဲဝါဒထွန်းကားအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ လက်ဝဲခေါင်းဆောင်တဦး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်တဲ့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ ကျူးဘားနိုင်ငံမှာ ကတ်စထရိုလုပ်ဆောင်ခဲ့တာတွေ နဲ့ ပတ်သက်ပြီးတော့ ပြောပြပါတယ်။

ဒါ့အပြင် ကတ်စထရိုရဲ့ ကျူးဘားတော်လှန်ရေးလှုပ်ရှားမှုတွေက ဒေသ တွင်းနိုင်ငံတွေ သာမက ကမ္ဘာတဝှမ်းကိုပါ သြဇာလွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။ တပါတီအာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ကတ်စထရို ဟာ လေးစားအားကျစရာ တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်ခဲ့တယ်လို့ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။

ကျူးဘားခေါင်းဆောင်းဟောင်း Fidel Castro ဟာ မနေ့ သောကြာနေ့က အသက် ၉၀ အရွယ်မှာ ကျူးဘားနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

( အသံ အပြည့်အစုံကို အောက်ပါအသံဖိုင်မှာ နားဆင်နိုင်ပါတယ် )

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG