သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကျူးဘားရောက် ကန်သံတမန်တွေ အသံလှိုင်းကိရိယာတိုက်ခိုက်မှုကြောင့် အကြားအာရုံချို့ယွင်း
နောက်ဆုံးရသတင်း

ကျူးဘားရောက် ကန်သံတမန်တွေ အသံလှိုင်းကိရိယာတိုက်ခိုက်မှုကြောင့် အကြားအာရုံချို့ယွင်း


ကျူးဘားနဲ့ အမေရိကန်အလံတို့ကို ကိုင်ဆောင်ထားသူ (ဇူလိုင် ၂၀၁၅)
ကျူးဘားနဲ့ အမေရိကန်အလံတို့ကို ကိုင်ဆောင်ထားသူ (ဇူလိုင် ၂၀၁၅)

ကျူးဘားနိုင်ငံက အမေရိကန်သံတမန်တွေရဲ့ အကြားအာရုံပျက်စီးသွားရတာဟာ "Health Attack" ကျန်းမာရေးထိခိုက်အေယင်တိုက်ခိုက်တာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်ဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကသောကြာနေ့မှာ ပြောလိုက်ပါတယ်။

ကျူးဘားနိုင်ငံက အမေရိကန်သံတမန်တွေရဲ့ အကြားအာရုံပျက်စီးသွားရတာဟာ "Health Attack" ကျန်းမာရေး ထိခိုက်အောင် တိုက်ခိုက်တာနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်ဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကသောကြာနေ့မှာ ပြောလိုက်ပါတယ်။ ကျူးဘာရောက် ကနေဒါ သံတမန်တဦးထက်မနည်းလည်း အကြားအာရုံပျက်စီးသွားတယ်လို့ ကနေဒါနိုင်ငံက ပြောပါတယ်။ အမေရိကန်သံဝန်ထမ်း ဘယ်နှစ်ဦး ဒီတိုက်ခိုက်မှုကို ခံစားလိုက်ရသလဲဆိုတာ ချက်ချင်းရှင်းရှင်းလင်းလင်း မသိရပါဘူး။ အမေရိကန် သံဝန်ထမ်းတွေသာမက အခြား သံတမန်တွေကိုပါ ထိခိုက်စေခဲ့တဲ့ ဒီလို ကျန်းမာရေး ထိခိုက်အောင် တိုက်ခိုက်တာကို ဘယ်သူလုပ်ခဲ့သလဲဆိုတာ ဖော်ထုတ်ဖို့ ကျူးဘားအစိုးရမှာ တာဝန်ရှိတယ်လို့လည်းဝန်ကြီး Tillerson ကပြောပါတယ်။ ကျူးဘားအစိုးရကတော့ သူ့မြေပေါ် တရားဝင်ရောက်ရှိနေတဲ့ သံတမန်ဝန်ထမ်းတွေ၊ သံတမန် မိသားစုဝင်တွေကို တိုက်ခိုက်ဖို့အတွက် ကျူးဘားမြေကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ မှအသုံးပြုခွင့််မပေးခဲ့သလို၊နောင်လဲခွင့်ပြုမှာမဟုတ်ဘူးလို့ ဒီသီတင်းပတ်အစောပိုင်းမှာ ကြေငြာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ခုလို အကြားအာရုံ ပျက်စီးသွားတာဟာ အသံလှိုင်းပါတဲ့ ပစ္စည်း Sonic devices တွေ အသုံးပြုမှုနဲ့ ဆက်စပ်နေပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်အစိုးရတာဝန်တရပ်နဲ့ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်ထိ ကျူးဘားနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ John Caulfield ကတော့ ဒီလိုအကြားအာရုံချို့ယွင်းသွားရတာဟာ ထောက်လှမ်းရေးဆိုင်ရာနည်းပညာသစ် တခုခု ချို့ယွင်းသွားလို့ ဖြစ်လာတဲ့ အကျိုးဆက်ဖြစ်နိုင်တယ်လို့ AP သတင်းဌာနကိုပြောပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး အကြားအာရုံပျက်စီးတဲ့ရောဂါတွေကို အမေရိကန် သံဝန်ထမ်းတွေ စတင်ခံစားလာရသလို ဒါကို တိုက်ခိုက်မှုတခုအဖြစ်မမြင်ပဲ ကျန်းမာရေးချို့ယွင်းမှုအဖြစ် ထင်မြင်ထားခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG