သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

က်ဴးဘားၿမိဳ႕ေတာ္က ဟိုတယ္ေပါက္ကြဲမႈ ေသဆုံးသူ ၂၂ ဦးထိတိုး


Saratoga ဟိုတယ္ ေပါက္ကြဲမႈျဖစ္ၿပီး အပ်က္အစီးပုံေတြၾကား ကယ္ဆယ္ေရးလုပ္ေနသူတဦး။ (ေမ ၆၊ ၂၀၂၂)

(Zawgyi / Unicode)

က်ဴးဘားႏုိင္ငံ ၿမိဳ႔ေတာ္က ထင္ရွားတဲ့ ဟုိတယ္ႀကီး ေပါက္ကြဲမႈထဲ ေသဆံုးသူ အနည္းဆံုး ၂၂ ဦး တိုးလာပါတယ္။

ၿမိဳ႕ေတာ္ ၿမိဳ႕လယ္ေခါင္က ၾကယ္ ၅ ပြင့္အဆင့္ ၅ ထပ္ ဇိမ္ခံဟုိတယ္ႀကီး မေန႔က ျပင္းျပင္းထန္ထန္ ေပါက္ကြဲခဲ့တာေၾကာင့္ ေသဆံုးသူ ဒီေန႔ တိုးလာတာအျပင္ ဒဏ္ရာရသူေတြလည္း ကေလး ၁၄ ဦး အပါအဝင္ စုစုေပါင္း အနည္းဆံုး ၇၄ ဦး ရွိလာေနပါတယ္။

နာမည္ႀကီး ေရွးေဟာင္းဟုိတယ္ျဖစ္တဲ့ Saratoga ဟုိတယ္ထဲ ဓာတ္ေငြ႔တင္ကား ယိုစိမ္႔ေပါက္ကြဲမႈေၾကာင့္ အေဆာက္အဦ နံရံေတြပါ လြင့္စင္ထြက္ကုန္ၿပီး ေနာက္ထပ္ ေပ်ာက္ဆံုးေနသူ ဒါဇင္ေတြနဲ႔ခ်ီကိုလည္း အပ်က္အစီးပံုထဲ ရွာေဖြေနၾကပါတယ္။

ဒါေပမဲ့ ကမာၻ႔အက်ာ္အေမာ္ အႏုပညာရွင္ေတြပါ လာတည္းေလ့ရွိတဲ့ ဒီဟုိတယ္ ေပါက္ကြဲခ်ိန္မွာ ျပန္လည္မြမ္းမံျပင္ဆင္မႈေတြ လုပ္ေနတာမို႔ ႏိုင္ငံျခားခရီးသြားေတြ တည္းတာ မရွိခဲ့ဘူးလို႔ က်ဴးဘားၿမိဳ႕ေတာ္ Havana ၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။

အခန္း ၁၀၀ နီးပါးရွိတဲ့ ဒီဟုိတယ္ ေပါက္ကြဲမႈျဖစ္လာခ်ိန္က က်ဴးဘားမွာ ကိုဗစ္ေၾကာင့္ ထိခိုက္ခဲ့ရတဲ့ ႏိုင္ငံျခားခရီးသြားက႑ ျပန္ျမႇင့္တင္ဖို႔ လံုးပန္းေနခ်ိန္ ျဖစ္လာရတာပါ။

မေန႔ေပါက္ကြဲမႈ ျဖစ္ျဖစ္ခ်င္းတုန္းကေတာ့ ေသဆံုးသူ ၈ ဦးနဲ႔ ဒဏ္ရာရသူ ၃၀ ေလာက္ စေတြ႔ခဲ့တယ္လို႔ က်ဴးဘားအရာရွိေတြက ဆိုခဲ့ပါတယ္။

ဒီဟုိတယ္ဟာ ႏုိင္ငံျခားဧည့္သည္ေတာ္ေတြအျပင္ မက္ေဒါနား၊ Beyonce တုိ႔လုိ ကမၻာေက်ာ္ အႏုပညာရွင္ေတြ လာေရာက္တည္းခုိေလ့ရွိတဲ့ ဟုိတယ္အျဖစ္ ထင္ရွားပါတယ္။

-----------------------------

(Unicode)

ကျူးဘားမြို့တော်က ဟိုတယ်ပေါက်ကွဲမှု သေဆုံးသူ ၂၂ ဦးထိတိုး

ကျူးဘားနိုင်ငံ မြို့တော်က ထင်ရှားတဲ့ ဟိုတယ်ကြီး ပေါက်ကွဲမှုထဲ သေဆုံးသူ အနည်းဆုံး ၂၂ ဦး တိုးလာပါတယ်။

မြို့တော် မြို့လယ်ခေါင်က ကြယ် ၅ ပွင့်အဆင့် ၅ ထပ် ဇိမ်ခံဟိုတယ်ကြီး မနေ့က ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ ဒီနေ့ တိုးလာတာအပြင် ဒဏ်ရာရသူတွေလည်း ကလေး ၁၄ ဦး အပါအဝင် စုစုပေါင်း အနည်းဆုံး ၇၄ ဦး ရှိလာနေပါတယ်။

နာမည်ကြီး ရှေးဟောင်းဟိုတယ်ဖြစ်တဲ့ Saratoga ဟိုတယ်ထဲ ဓာတ်ငွေ့တင်ကား ယိုစိမ့်ပေါက်ကွဲမှုကြောင့် အဆောက်အဦ နံရံတွေပါ လွင့်စင်ထွက်ကုန်ပြီး နောက်ထပ် ပျောက်ဆုံးနေသူ ဒါဇင်တွေနဲ့ချီကိုလည်း အပျက်အစီးပုံထဲ ရှာဖွေနေကြပါတယ်။

ဒါပေမဲ့ ကမ္ဘာ့အကျာ်အမော် အနုပညာရှင်တွေပါ လာတည်းလေ့ရှိတဲ့ ဒီဟိုတယ် ပေါက်ကွဲချိန်မှာ ပြန်လည်မွမ်းမံပြင်ဆင်မှုတွေ လုပ်နေတာမို့ နိုင်ငံခြားခရီးသွားတွေ တည်းတာ မရှိခဲ့ဘူးလို့ ကျူးဘားမြို့တော် Havana မြို့တော်ဝန်က ဆိုပါတယ်။

အခန်း ၁၀၀ နီးပါးရှိတဲ့ ဒီဟိုတယ် ပေါက်ကွဲမှုဖြစ်လာချိန်က ကျူးဘားမှာ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ နိုင်ငံခြားခရီးသွားကဏ္ဍ ပြန်မြှင့်တင်ဖို့ လုံးပန်းနေချိန် ဖြစ်လာရတာပါ။

မနေ့ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းတုန်းကတော့ သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၃၀ လောက် စတွေ့ခဲ့တယ်လို့ ကျူးဘားအရာရှိတွေက ဆိုခဲ့ပါတယ်။

ဒီဟိုတယ်ဟာ နိုင်ငံခြားဧည့်သည်တော်တွေအပြင် မက်ဒေါနား၊ Beyonce တို့လို ကမ္ဘာကျော် အနုပညာရှင်တွေ လာရောက်တည်းခိုလေ့ရှိတဲ့ ဟိုတယ်အဖြစ် ထင်ရှားပါတယ်။

XS
SM
MD
LG