သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားဖွဲ့စည်းပုံပြင်ဆင်ရေး စတင်ခြေလှမ်း


ကျူးဘားနိုင်ငံမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအဖြစ် နိုင်ငံရေးနဲ့ အခြားအပြောင်းအလဲတွေ စတင်လုပ်ဖို့ရှိနေပါတယ်။

အပြောင်းအလဲလုပ်မယ့် အစီအစဉ်အသေးစိတ်ကိုတော့ ကျူးဘားအစိုးရထုတ်သတင်းစာ Granma မှာ အသေးစိတ် ရေးသားဖော်ပြပါတယ်။ အဲဒီအထဲမှာတော့ သမ္မတအပြင် ဝန်ကြီးချုပ်နေရာကို ထားရှိပြီး၊ အစိုးရခေါင်းဆောင်နဲ့ နိုင်ငံတော် အကြီးအကဲအကြား အာဏာခွဲဝေမှု အခန်းကဏ္ဍပါ ပါဝင်ပါတယ်။ ဖွဲ့စည်းပုံပြင်မယ့်အစီအစဉ်အထဲ သမ္မတ သက်တမ်းကို ငါးနှစ်ဆက်တိုက် နှစ်ကြိမ်အထိပဲခွင့်ပြုဖို့ သက်တမ်း ကန့်သတ်ထားပါတယ်။

စီစဉ်ထားတဲ့ ဖွဲ့စည်းပုံသစ်အရ ဈေးကွက်စီးပွားရေးနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ခွင့်ပြုထားသလို၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုလည်း လက်ခံမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွန်မြူနစ်ပါတီကတော့ ကျူးဘားလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်ရဲ့ အဓိက မောင်းနှင်အားအဖြစ် ဆက်ပြီးရှိနေဦးမှာပါ။ အခုလို ဖွဲ့စည်းပုံအပြောင်းအလဲကိုတော့ လာမယ့် စနေနေ့မှာ ကျူးဘားလွှတ်တော်ကနေ မဲခွဲဖို့ရှိနေပါတယ်။ နောက်ဆုံးအတည်ပြုချက်ကို လူထုဆန္ဒခံယူပွဲလုပ်မှာပါ။

ကျူးဘားနိုင်ငံမှာ နှစ်ပေါင်း ၆၀နီးပါး ကွန်မြူနစ်က အုပ်စိုးပြီး၊ တော်လှန်ရေးခေါင်းဆောင်တွေဖြစ်တဲ့ Fidel နဲ့ Raul Castro တို့ ညီအကိုနှစ်ဦးရဲ့ အရိုက်အရာကို ဆက်ခံလာတဲ့ သမ္မတ Miguel Diaz-Canal အစိုးရဖြစ်ပြီး သုံးလအတွင်းမှာပဲ အခုလို ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်လာတာပါ။ ဒီဖွဲ့စည်းပုံသစ်ဖြစ်လာရင်တော့ ၁၉၇၆ ခုနှစ်က ရေးဆွဲပြဌန်းထားတဲ့ ဖွဲ့စည်းပုံကို အစားထိုးရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG