သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်ပေါ် Curiosity မောင်းနှင်မှုအောင်မြင်


 အင်္ဂါဂြိုဟ်ပေါ် လှည့်လည်နေသော Curiosity စူးစမ်းလေ့လာရေးယာဉ် ဘီးရာများ။ (၀၈၊၂၂၊ ၁၂)
အင်္ဂါဂြိုဟ်ပေါ် လှည့်လည်နေသော Curiosity စူးစမ်းလေ့လာရေးယာဉ် ဘီးရာများ။ (၀၈၊၂၂၊ ၁၂)
အင်္ဂါဂြိုဟ်ပေါ်မှာ ရောက်နေတဲ့ အမေရိကန် အာကာသ စူးစမ်းရေးယာဉ် Curiosity ပထမဆုံး ဂြိုဟ်ပေါ်မှာ စမ်းသပ်မောင်းနှင်မှု အောင်မြင်သွားပါပြီ။

ဘီးတပ် Curiosity ယာဉ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ၁၅ ပေလောက် ရွေ့လျားသွားခဲ့ပြီး နောက် ကို ပြန်လှည့်ကာ နောက်ထပ် ၈ ပေလောက် အင်္ဂါဂြိုဟ်ပေါ်မှာ မောင်းနှင်ခဲ့တယ်လို့ အမေရိကန် အာကာသစူးစမ်းရေးဌာန NASA ကပြောပါတယ်။

စီစဉ်ထားတဲ့အတိုင်း Curiosity ယဉ်မောင်းနှင်ခဲ့တဲ့ ပုံစံကိုလဲ Computer ပေါ်မှာ ပုံဖော် သရုပ်ပြခဲ့ ပါတယ်။ Curiosity က ရိုက်ပြီး ကမ္ဘာမြေကို ပြန်ပို့လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့ယာဉ်ရဲ့ ဘီးရာတွေ ကိုလည်း NASA သိပ္ပံပညာရှင်တွေက ပြသခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်က မြေတွေဟာ တင်းနေတယ်ဆိုတာကို အခိုင်အမာ ပြောနိုင်ပြီလို့ ပြောခဲ့ပါတယ်။

အင်္ဂါဂြိုလ် မြေနမူနာတွေကိုလည်း ယူနိုင်ခဲ့ပြီး အစစအရာရာ အင်မတန် ချောမွေ့ခဲ့တယ်လို့ NASA က ပြော ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ ပထဝီအနေအထား၊ ရာသီဥတု၊ ရေဒီယို သတ္တိကြွမှုအဆင့်တွေကို တိုင်းတာ စုံစမ်းနိုင်တဲ့ စက်ကိရိယာတွေကို Curiosity ယဉ်မှာ တပ်ဆင်ထားပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိနေသလား။ ဒါမှမဟုတ်လည်း သက်ရှိတွေ နေထိုင်နိုင်သလားဆိုတာကို ဒေါ်လာ ၂ ဘီလျံခွဲ အကုန်အကျခံပြီး နှစ်နှစ်ကြာ လုပ်နေတဲ့ အာကာသ စူးစမ်းလေ့လာမှုလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG