သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးကွက်နဲ့အညီ ယွမ်ငွေတန်ဖိုးသတ်မှတ်ရေး အမေရိကန်တိုက်တွန်း


အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jacob Lew.
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jacob Lew.
တရုတ်နိုင်ငံသုံး ယွမ်ငွေတန်ဖိုး သတ်မှတ်ရေးမှာ ဈေးကွက် အခြေအနေအတိုင်း ဖြစ်လာအောင် ပိုမို ခွင့်ပြုဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew က တိုက်တွန်းလိုက်ပါတယ်။ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ မစ္စတာ Lew က ဝန်ကြီးချုပ် Li Keqiang၊ ဒုတိယဝန်ကြီးချုပ် Wang Yang တို့နဲ့ မတွေ့ခင် အင်္ဂါနေ့က ပြောကြားလိုက်တာပါ။

"ဈေးကွက် အလိုကျ ငွေလဲနှုန်းဖြစ်အောင် လုပ်မယ်ဆိုတဲ့ တာဝန်ယူမှုကို တရုတ်တို့က လုပ်ဆောင်ပြသဖို့ အရေးကြီးပါတယ်။ ဒီလို လုပ်လိုက်ရင် ငွေလဲနှုန်းမူဝါဒ ပိုပြီး ပွင့်လင်း မြင်သာလာမှာဖြစ်သလို ပြည်တွင်း ဖ့ွံဖြိုးမှုနဲ့ ကမ္ဘာ့ကုန်သွယ်ရေးလည်း ပိုမို မျှတာမှာ ဖြစ်ပါတယ်။"

တရုတ်အစိုးရကတော့ မတ်လကျရင် ယွမ် နဲ့ ဒေါ်လာ လဲလှယ်နှုန်းကို ပိုပြီး လွှတ်ထားပေးမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ တရုတ်ငွေဟာ အခုချိန်ထိ တန်ဖိုးလျော့နေဆဲ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ဆိုပါတယ်။

ယွမ်ငွေတန်ဖိုး ကျနေတဲ့အတွက် တရုတ်ပစ္စည်းတွေက ဈေးပေါပြီး အမေရိကန် ပစ္စည်းတွေကို ဈေးကြီးမြင့်စေပါတယ်။ ဒါကြောင့် တရုတ် ပို့ကုန်တွေကို အခွင့်ထူး ရစေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG