သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပယင္းေက်ာက္ စစ္ဆင္ေရး


blood amber (KDNG)
ပယင္းေက်ာက္ စစ္ဆင္ေရး
please wait

No media source currently available

0:00 0:05:15 0:00
တိုက္႐ိုက္ လင့္ခ္

ကခ်င္ျပည္နယ္အေနာက္ေျမာက္ပိုင္း ဟူးေကာင္းခ်ဳိင့္ဝွမ္းေဒသ တႏိုင္ၿမိဳ ႔နယ္က ေရႊနဲ႔ပယင္းေက်ာက္ထြက္တဲ့ ေနရာေတြဟာ (နန္ျဖဴ၊ ဇီးျဖဴကုန္း၊ တံုမဏိ) - အရင္က ေကအိုင္ေအ ကခ်င္တပ္ဖြဲ႔ရဲ ႔ ထိန္းခ်ဳပ္မႈေအာက္မွာ ရိွခဲ့ပါတယ္။ အခုေတာ့ အစိုးရတပ္ရဲ ႔ ထိန္းခ်ဳပ္မႈေအာက္ ေရာက္ရိွသြားၿပီး ေရႊနဲ႔ပယင္း ထုတ္ယူမႈေတြ မ်ားျပားလာပါတယ္။ ဒါေၾကာင့္ ေဒသခံေတြ မနစ္နာရေအာင္ အေသးစားလုပ္ငန္းရွင္နဲ႔ လက္လုပ္လက္စားေတြကို တရားဝင္တူးေဖာ္ခြင့္ေပးဖို႔ တႏိုင္းအမတ္နဲ႔ ဖားကန္႔အမတ္တို႔က လြန္ခဲ့တဲ့ႏွစ္ စက္တင္ဘာလ (၁၇) ရက္ေန႔က ႏုိင္ငံေတာ္သမၼတထံသို႔ ပန္ၾကားလႊာ ေပးပို႔ခဲ့ပါတယ္။

၁၉၉၄ မွာ ေကအိုင္ေအ ကခ်င္တပ္ဖြဲ႔နဲ႔ နဝတစစ္အစိုးရ အပစ္အခတ္ရပ္စဲခ်ိန္ကစၿပီး ဟူးေကာင္းခ်ဳိင့္ဝွမ္းေဒသကို အစိုးရတပ္ေတြ ေရာက္ရိွလာပါတယ္။ အဲဒီေနာက္ ေရႊေမာ္လို႔ေခၚတဲ့ ေရႊထုတ္လုပ္မႈေတြမ်ားလာလို႔ ေဒသခံေတြ နစ္နာဆံုးရႈံးရပံုကို ကခ်င္လူမႈဖြံ႔ၿဖိဳးေရးကြန္ရက္ (၂၀၀၇) မွာ အစီရင္ခံစာ ထုတ္ဖူးပါတယ္။ အခုတခါ ဟူးေကာင္းခ်ဳိင့္ဝွမ္းဒသက ပယင္းေက်ာက္ထြက္တဲ့နယ္ေျမကို စစ္တပ္က သိမ္းပိုက္ျပန္တဲ့အတြက္ ေဒသခံေတြ ဒုကၡေရာက္ေနပံုကို ေသြးစြန္းေသာပယင္း ဆိုတဲ့အမည္နဲ႔ ကခ်င္လူမႈကြန္ရက္အဖြဲ႔က မၾကာမီက အစီရင္ခံစာတေစာင္ ထုတ္ျပန္ထားပါတယ္။

ျမန္မာပယင္း (သို႔မဟုတ္) ဘားမိုက္ကို ေအဒီ (၁) ရာစုက တရုတ္မွတ္တမ္းေတြမွာ အေစာဆံုးေတြ႔ႏုိင္တယ္လို႔ ဆိုပါတယ္။ သစ္ေစး (သို႔မဟုတ္) ထင္းရွဴးဆီဟာ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အခါ ေက်ာက္ျဖစ္ရုပ္ၾကြင္းအျဖစ္ အသြင္ေျပာင္းးၿပီး ပယင္းေက်ာက္ ျဖစ္လာပါတယ္။ သစ္ေစးဘဝမွာ ပိတ္မိေနတဲ့ ပိုးမႊားေတြကိုေတာင္ ပယင္းေက်ာက္ထဲမွာ ေတြ႔ႏိုင္ပါတယ္။ ဟူးေကာင္းပယင္းဟာ အနီေရာင္ရင့္ရိွၿပီး ၾကည္လင္တာေၾကာင့္ ေသြးပယင္းလို႔ တရုတ္ေတြက ေခၚပါတယ္။ တရုတ္ရိုးရာေဆးပညာအရ ကုသမႈစြမ္းရည္ရိွတဲ့ အဖိုးတန္ေက်ာက္မ်က္ (၅) မ်ဳိးမွာ ျမန္မာ့ပယင္းလည္း ပါဝင္ပါတယ္။ အျခားႏုိင္ငံေတြက ပယင္းထက္ သက္တမ္းႏွစ္ဆေလာက္ပိုႀကီးၿပီး အလြန္ၾကည္လင္မာေက်ာတဲ့ ပယင္းေက်ာက္ ျဖစ္ပါတယ္။ တႏိုင္းၿမိဳ ႔ အေနာက္ေတာင္ဘက္ မိုင္ (၂၀) ေလာက္ ကြာေဝးတဲ့ေဒသဟာ ပယင္းနယ္ေျမ ျဖစ္ပါတယ္။

ပထမအဆင့္အေနနဲ႔ ပယင္းရိုင္းကို တႏိုင္းၿမိဳ ႔အထိ စက္ေလွနဲ႔ သယ္ယူပို႔ေဆာင္ႏုိင္ပါတယ္။ တႏိုင္းကေန ျမစ္ႀကီးနားကို ေမာ္ေတာ္ကားနဲ႔ ပို႔ေဆာင္ၿပီး အဲဒီကေန ကန္ပိုက္တီနယ္စပ္စခန္းကို ျဖတ္ေက်ာ္ကာ၊ ယူနန္တခြင္လံုးကို ျဖန္႔ေဝပါတယ္။ အနည္းအက်ဥ္းကိုသာ ျမန္မာ့ေစ်းကြက္မွာ ျဖန္႔ျဖဴးပါတယ္။ ပယင္းအေခ်ာကိုင္တဲ့ ေက်ာက္ေသြး၊ ေက်ာက္ျဖတ္လုပ္ငန္းအခ်ဳိ ႔ ျမစ္ႀကီးနားနဲ႔ ဝိုင္းေမာ္မွာ ရိွေပမယ့္ ယူနန္မွာ အေခ်ာကိုင္တာ မ်ားပါတယ္။ တႏိုင္းၿမိဳ ႔နယ္ ပယင္းနယ္ေျမကေန တရုတ္္နယ္စပ္ ကန္ပိုက္တီအထိျဖစ္တဲ့ ပယင္းလမ္းေၾကာင္းမွာ အစိုးရတပ္နဲ႔ ဌာနမ်ဳိးစံုက အခြန္ (ဆက္ေၾကး) ေကာက္ယူၾကပါတယ္။

ပယင္းလမ္းေၾကာင္းမွာ ေကာက္ယူတဲ့ အခြန္ဆက္ေၾကး ဘယ္ေလာက္ရိွမွန္း မသိႏုိင္ေပမယ့္ ၂၀၁၅ တႏွစ္ထဲမွာတင္ ေဒၚလာသန္းတစ္ေထာင္ဖိုး ထိန္ခ်ဳံးမွာ အေရာင္းအဝယ္ ျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာ့ပယင္းဟာ ျပည္တြင္းမွာ တန္းဖိုးအနည္းငယ္သာရိွၿပီး တရုတ္ျပည္ေရာက္မွ တန္းဖိုးႀကီးျမင့္သြားပါတယ္။ ေက်ာက္မ်က္ေမွာ္ေတြကို ေကအိုင္အို ကခ်င္တပ္ဖြဲ႔က အခြန္ေကာက္ယူၿပီး အစိုးရတပ္က ပယင္း သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမွာ အခြန္ေကာက္ပါတယ္။ ပယင္းေဒသကိုသြားတဲ့ ရိကၡာ၊ ေလာင္စာ၊ ပစၥည္းေတြေပၚမွာလည္း အခြန္ေကာက္ယူပါတယ္။ စစ္တပ္က ေကာက္ယူတဲ့ အခြန္ပမာဏဟာ ေဒၚလာသန္းခ်ီၿပီး ရိွႏိုင္တယ္လို႔ တႏိုင္းၿမိဳ ႔ခံတဦးက ခန္႔မွန္းပါတယ္။ ပယင္းေမွာ္ေတြ ဆံုးရႈံးသြားတာဟာ ေကအိုင္ေအ ကခ်င္တပ္ဖြဲ႔အတြက္ ရန္ပံုေငြ နည္းသြားႏိုင္ပါတယ္။

ဖားကန္႔က ေက်ာက္စိမ္းနယ္ေျမ အစိုးရတပ္လက္ေအာက္ ေရာက္ရိွသြားကတည္းက ေကအိုင္ေအ ကခ်င္တပ္ဖြဲ႔ဟာ ပယင္းေမွာ္ေတြကို အားကိုးလာခဲ့ပါတယ္။ ဒါေၾကာင့္ ေကအိုင္ေအကို တိုက္ထုတ္လာႏိုင္ရင္ ပယင္းေမွာ္က ဝင္ေငြေတြ အစိုးရတပ္ဆီ ေရာက္လာမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ၂၀၁၆ ကစၿပီး တႏုိင္းၿမိဳ ႔နယ္က ေရႊေမွာ္ပယင္းေမွာ္ကို ခ်ဳပ္ကိုင္ဖုိ႔ ရည္ရြယ္ၿပီး အစိုးရတပ္က စစ္ဆင္ေရးလုပ္ပါတယ္။ ၂၀၁၇ ေရာက္ေတာ့ တပ္ရင္း (၁၀) ရင္း တႏိုင္းမွာ တပ္စြဲႏုိင္ခဲ့ပါၿပီ။ ေမွာ္ေတြမွာ ေနထိုင္ေနသူေတြ ထြက္ေပးဖုိ႔၊ မထြက္ေပးရင္ ေကအုိင္ေအနဲ႔ ပူးေပါင္းသူအျဖစ္ သတ္မွတ္မယ္လို႔ တပ္ကေၾကညာပါတယ္။

ထြက္ေျပးၾကတဲ့ ေဒသခံေတြနဲ႔ ေရႊေျပာင္းလုပ္သားေတြ ေထာင္ေသာင္းခ်ီ ရိွလာပါတယ္။ ၂၀၁၈ ေဖေဖၚဝါရီလမွာ ပယင္းေမွာ္ေဒသက ေကအိုင္ေအစခန္္းေတြကို အစိုးရတပ္က သိမ္းပိုက္ႏိုင္တဲ့အတြက္ ပယင္းထြက္ရာေဒသကိုေရာ သယ္ယူပို႔ေဆာင္တဲ့ လမ္းေၾကာင္းကိုေရာ ခ်ဳပ္ကိုင္ႏုိင္တဲ့သေဘာ ျဖစ္သြားပါတယ္။ ၂၀၁၈ ဇူလိုင္လမွာ ပယင္းတူးေဖာ္ေရးကို ျပန္လည္ခြင့္ျပဳခဲ့ၿပီး အေသးစားလုပ္ငန္းေတြကို အစိုးရက လုပ္ခြင့္ေပးထားပါတယ္။ ဒါေပမဲ့ ဘယ္အတိုင္းအတာအထိ ထုတ္လုပ္ခြင့္ရတယ္ဆိုတာကိုေတာ့ အစိုးရတပ္အေပၚမ်ာ မူတည္ေၾကာင္း ကခ်င္လူမႈဖြ႔ံၿဖိဳးေရးကြန္ရက္က ေဖာ္ျပထားပါတယ္။

===Unicode ==

ကချင်ပြည်နယ်အနောက်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်မြို့နယ်က ရွှေနဲ့ပယင်းကျောက်ထွက်တဲ့ နေရာတွေဟာ (နန်ဖြူ၊ ဇီးဖြူကုန်း၊ တုံမဏိ) - အရင်က ကေအိုင်အေ ကချင်တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပါတယ်။ အခုတော့ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး ရွှေနဲ့ပယင်း ထုတ်ယူမှုတွေ များပြားလာပါတယ်။ ဒါကြောင့် ဒေသခံတွေ မနစ်နာရအောင် အသေးစားလုပ်ငန်းရှင်နဲ့ လက်လုပ်လက်စားတွေကို တရားဝင်တူးဖော်ခွင့်ပေးဖို့ တနိုင်းအမတ်နဲ့ ဖားကန့်အမတ်တို့က လွန်ခဲ့တဲ့နှစ် စက်တင်ဘာလ (၁၇) ရက်နေ့က နိုင်ငံတော်သမ္မတထံသို့ ပန်ကြားလွှာ ပေးပို့ခဲ့ပါတယ်။

၁၉၉၄ မှာ ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ နဝတစစ်အစိုးရ အပစ်အခတ်ရပ်စဲချိန်ကစပြီး ဟူးကောင်းချိုင့်ဝှမ်းဒေသကို အစိုးရတပ်တွေ ရောက်ရှိလာပါတယ်။ အဲဒီနောက် ရွှေမော်လို့ခေါ်တဲ့ ရွှေထုတ်လုပ်မှုတွေများလာလို့ ဒေသခံတွေ နစ်နာဆုံးရှုံးရပုံကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (၂၀၀၇) မှာ အစီရင်ခံစာ ထုတ်ဖူးပါတယ်။ အခုတခါ ဟူးကောင်းချိုင့်ဝှမ်းဒသက ပယင်းကျောက်ထွက်တဲ့နယ်မြေကို စစ်တပ်က သိမ်းပိုက်ပြန်တဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေပုံကို သွေးစွန်းသောပယင်း ဆိုတဲ့အမည်နဲ့ ကချင်လူမှုကွန်ရက်အဖွဲ့က မကြာမီက အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

မြန်မာပယင်း (သို့မဟုတ်) ဘားမိုက်ကို အေဒီ (၁) ရာစုက တရုတ်မှတ်တမ်းတွေမှာ အစောဆုံးတွေ့နိုင်တယ်လို့ ဆိုပါတယ်။ သစ်စေး (သို့မဟုတ်) ထင်းရှူးဆီဟာ နှစ်ပေါင်းများစွာကြာတဲ့အခါ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် အသွင်ပြောင်းးပြီး ပယင်းကျောက် ဖြစ်လာပါတယ်။ သစ်စေးဘဝမှာ ပိတ်မိနေတဲ့ ပိုးမွှားတွေကိုတောင် ပယင်းကျောက်ထဲမှာ တွေ့နိုင်ပါတယ်။ ဟူးကောင်းပယင်းဟာ အနီရောင်ရင့်ရှိပြီး ကြည်လင်တာကြောင့် သွေးပယင်းလို့ တရုတ်တွေက ခေါ်ပါတယ်။ တရုတ်ရိုးရာဆေးပညာအရ ကုသမှုစွမ်းရည်ရှိတဲ့ အဖိုးတန်ကျောက်မျက် (၅) မျိုးမှာ မြန်မာ့ပယင်းလည်း ပါဝင်ပါတယ်။ အခြားနိုင်ငံတွေက ပယင်းထက် သက်တမ်းနှစ်ဆလောက်ပိုကြီးပြီး အလွန်ကြည်လင်မာကျောတဲ့ ပယင်းကျောက် ဖြစ်ပါတယ်။ တနိုင်းမြို့ အနောက်တောင်ဘက် မိုင် (၂၀) လောက် ကွာဝေးတဲ့ဒေသဟာ ပယင်းနယ်မြေ ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ ပယင်းရိုင်းကို တနိုင်းမြို့အထိ စက်လှေနဲ့ သယ်ယူပို့ဆောင်နိုင်ပါတယ်။ တနိုင်းကနေ မြစ်ကြီးနားကို မော်တော်ကားနဲ့ ပို့ဆောင်ပြီး အဲဒီကနေ ကန်ပိုက်တီနယ်စပ်စခန်းကို ဖြတ်ကျော်ကာ၊ ယူနန်တခွင်လုံးကို ဖြန့်ဝေပါတယ်။ အနည်းအကျဉ်းကိုသာ မြန်မာ့ဈေးကွက်မှာ ဖြန့်ဖြူးပါတယ်။ ပယင်းအချောကိုင်တဲ့ ကျောက်သွေး၊ ကျောက်ဖြတ်လုပ်ငန်းအချို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မှာ ရှိပေမယ့် ယူနန်မှာ အချောကိုင်တာ များပါတယ်။ တနိုင်းမြို့နယ် ပယင်းနယ်မြေကနေ တရုတ်နယ်စပ် ကန်ပိုက်တီအထိဖြစ်တဲ့ ပယင်းလမ်းကြောင်းမှာ အစိုးရတပ်နဲ့ ဌာနမျိုးစုံက အခွန် (ဆက်ကြေး) ကောက်ယူကြပါတယ်။

ပယင်းလမ်းကြောင်းမှာ ကောက်ယူတဲ့ အခွန်ဆက်ကြေး ဘယ်လောက်ရှိမှန်း မသိနိုင်ပေမယ့် ၂၀၁၅ တနှစ်ထဲမှာတင် ဒေါ်လာသန်းတစ်ထောင်ဖိုး ထိန်ချုံးမှာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ပယင်းဟာ ပြည်တွင်းမှာ တန်းဖိုးအနည်းငယ်သာရှိပြီး တရုတ်ပြည်ရောက်မှ တန်းဖိုးကြီးမြင့်သွားပါတယ်။ ကျောက်မျက်မှော်တွေကို ကေအိုင်အို ကချင်တပ်ဖွဲ့က အခွန်ကောက်ယူပြီး အစိုးရတပ်က ပယင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ အခွန်ကောက်ပါတယ်။ ပယင်းဒေသကိုသွားတဲ့ ရိက္ခာ၊ လောင်စာ၊ ပစ္စည်းတွေပေါ်မှာလည်း အခွန်ကောက်ယူပါတယ်။ စစ်တပ်က ကောက်ယူတဲ့ အခွန်ပမာဏဟာ ဒေါ်လာသန်းချီပြီး ရှိနိုင်တယ်လို့ တနိုင်းမြို့ခံတဦးက ခန့်မှန်းပါတယ်။ ပယင်းမှော်တွေ ဆုံးရှုံးသွားတာဟာ ကေအိုင်အေ ကချင်တပ်ဖွဲ့အတွက် ရန်ပုံငွေ နည်းသွားနိုင်ပါတယ်။

ဖားကန့်က ကျောက်စိမ်းနယ်မြေ အစိုးရတပ်လက်အောက် ရောက်ရှိသွားကတည်းက ကေအိုင်အေ ကချင်တပ်ဖွဲ့ဟာ ပယင်းမှော်တွေကို အားကိုးလာခဲ့ပါတယ်။ ဒါကြောင့် ကေအိုင်အေကို တိုက်ထုတ်လာနိုင်ရင် ပယင်းမှော်က ဝင်ငွေတွေ အစိုးရတပ်ဆီ ရောက်လာမှာ သေချာပါတယ်။ ဒါကြောင့် ၂၀၁၆ ကစပြီး တနိုင်းမြို့နယ်က ရွှေမှော်ပယင်းမှော်ကို ချုပ်ကိုင်ဖို့ ရည်ရွယ်ပြီး အစိုးရတပ်က စစ်ဆင်ရေးလုပ်ပါတယ်။ ၂၀၁၇ ရောက်တော့ တပ်ရင်း (၁၀) ရင်း တနိုင်းမှာ တပ်စွဲနိုင်ခဲ့ပါပြီ။ မှော်တွေမှာ နေထိုင်နေသူတွေ ထွက်ပေးဖို့၊ မထွက်ပေးရင် ကေအိုင်အေနဲ့ ပူးပေါင်းသူအဖြစ် သတ်မှတ်မယ်လို့ တပ်ကကြေညာပါတယ်။

ထွက်ပြေးကြတဲ့ ဒေသခံတွေနဲ့ ရွှေပြောင်းလုပ်သားတွေ ထောင်သောင်းချီ ရှိလာပါတယ်။ ၂၀၁၈ ဖေဖေါ်ဝါရီလမှာ ပယင်းမှော်ဒေသက ကေအိုင်အေစခန်းတွေကို အစိုးရတပ်က သိမ်းပိုက်နိုင်တဲ့အတွက် ပယင်းထွက်ရာဒေသကိုရော သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းကိုရော ချုပ်ကိုင်နိုင်တဲ့သဘော ဖြစ်သွားပါတယ်။ ၂၀၁၈ ဇူလိုင်လမှာ ပယင်းတူးဖော်ရေးကို ပြန်လည်ခွင့်ပြုခဲ့ပြီး အသေးစားလုပ်ငန်းတွေကို အစိုးရက လုပ်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ ထုတ်လုပ်ခွင့်ရတယ်ဆိုတာကိုတော့ အစိုးရတပ်အပေါ်မျာ မူတည်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က ဖော်ပြထားပါတယ်။


မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG