သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ေပးတဲ့ အကူအညီ


တရုတ္ေပးတဲ့ အကူအညီ
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

တရုတ္ႏုိင္ငံျခားေရးဌာန၊ အာရွေရးရာအထူးကိုယ္စားလွယ္ စြန္ေကာ္ရွင္း လြန္ခဲ့တဲ့ ႏိုဝင္ဘာလမွာ ျမန္မာျပည္ကိုလာတုန္း ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္ေနတဲ့ အဖြဲ႔အစည္း (၃) ဖြဲ႔ကို ေဒၚလာ (၁) သန္း လွဴဒါန္းသြားပါတယ္။ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနကို ေဒၚလာ (၃) သိန္း၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကို ေဒၚလာ (၃) သိန္း၊ ပစ္ခတ္မႈေစာင့္ၾကည့္ေရး ပူးတြဲေကာ္မတီကို ေဒၚလာ (၄) သိန္း လွဴဒါန္းသြားပါတယ္။ အရင္ကလည္း ပူးတြဲေကာ္မတီကို ေဒၚလာ (၈) သိန္းနဲ႔ ေမာ္ေတာ္ကား (၁၀) စီး လွဴဖူးပါတယ္။ ေရွ ႔ႏွစ္မွာလည္း ဆက္လက္ၿပီး ၿငိမ္းခ်မ္းေရးအဖြဲ႔ေတြကို ေငြေၾကးကူညီပါလိမ့္မယ္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ တည္ေဆာက္ေနတဲ့ တရုတ္အစိုးရပိုင္ CITIC ေကာ္ပိုေရးရွင္းကလည္း (၂၀၁၄) ကစၿပီး ဘက္ေပါင္းစံု ပရဟိတလုပ္ငန္းေတြ လုပ္ေနပါတယ္။ ဒီႏွစ္ေတာ့ 'ေအးအတူ ပူအမွ် လက္တြဲၾက' ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေက်ာက္ျဖဴၿမိဳ ႔နယ္ စာသင္ေက်ာင္းေတြကို ေက်ာင္းသံုးပစၥည္းနဲ႔ အဝတ္အထည္ေတြ လွဴဒါန္းပါတယ္။ CITIC နဲ႔ ယူနန္ျပည္နယ္အစိုးရ ပူးတြဲေဆာင္ရြက္ေနတဲ့ လူငယ္ကၽြမ္းက်င္မႈသင္တန္းကို ဒီႏွစ္ကစၿပီး အေကာင္အထည္ေဖာ္ေနပါတယ္။ တရုတ္ကုမၸဏီရဲ ႔ လုပ္ငန္းေတြကို ေဒသခံေတြ ၾကည္ျဖဴလာေအာင္ ကြင္းဆင္းၿပီး စည္းရံုးတဲ့သေဘာ ျဖစ္ပါတယ္။

ျမန္မာျပည္သူ႔ဘဝျမွင္တင့္ေရး၊ ျမန္မာျပည္ေျမာက္ပိုင္းမွာ အိုးမဲ့အိမ္မဲံ ျဖစ္ေနသူေတြကို ကူညီေရးနဲ႔ အျခားလူမႈစီးပြားေရး ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြအတြက္ တရုတ္အစိုးရက ေဒၚလာ (၁၄၈) သန္း လွဴဒါန္းဖို႔ လြန္ခဲ့တဲ့ ဧၿပီလက သေဘာတူလိုက္ပါတယ္။ ျမန္မာျပည္မွာ လူမႈေရးမတည္မၿငိမ္နဲ႔ လက္နက္ကိုင္ပဋိပကၡ ျဖစ္ရတာဟာ ဆင္းရဲႏြမ္းပါးမႈမွာ အေျခခံတယ္လို႔ တရုတ္က ယံုၾကည္ပံုရပါတယ္။ CFPA ေခၚ ဆင္းရဲမႈေလ်ာ့ခ်ေရးအဖြဲ႔ (China Foundation for Poverty Alleviation) က (၂၀၁၃) မွာ ကြင္းဆင္းေလ့လာၿပီး ေပါက္ေဖာ္ပညာေရး စီမံခ်က္ကို တီထြင္တယ္လုိ႔ ဂ်န္အိရွင္း (Zhang Yiqian) က Global Times မွာ ေရးသားထားပါတယ္။ တကၠသိုလ္ေက်ာင္းသားတေယာက္ကို တႏွစ္က်ပ္သံုးသိန္း ၂၀၁၅ ကစၿပီး ေထာက္ပံ့လာတာျဖစ္လို႔ ေပါက္ေဖာ္စီမံခ်က္ဝင္ ေက်ာင္းသားဦးေရ (၁၃၀၀) အထိ ရိွေနၿပီ ျဖစ္ပါတယ္။

(၂၀၁၉) တရုတ္-ျမန္မာ ခ်စ္ၾကည္ေရးပညာသင္ဆုအျဖစ္ ေက်ာင္းေပါင္း (၃၀) ကို က်ပ္သိန္း (၂၂၀၀) လွဴဒါန္းၿပီး သဘာဝေဘးသင့္ဒုကၡသည္နဲ႔ စစ္ေဘးဒုကၡသည္အတြက္ က်ပ္သိန္း (၆၀၀) လွဴဒါန္းေၾကာင္း သိရိွရပါတယ္။ တရုတ္-ျမန္မာ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးစီမံကိန္းကို ၂၀၁၈ ေဖေဖၚဝါရီလကစၿပီး ေနျပည္ေတာ္တိုင္းမွာ စတင္အေကာင္အထည္ေဖာ္ပါတယ္။ လယ္ေဝးနဲ႔ တပ္ကုန္းၿမိဳ ႔နယ္ေတြမွာ ဝင္ေငြတိုးပြားေရး၊ စြမ္းရည္ျမွင့္မားေရးနဲ႔ အတတ္ပညာသင္ၾကားေရးအတြက္ တရုတ္အစိုးရက က်ပ္ေငြသန္း (၈၀၀၀) ေက်ာ္ ကူညီေထာက္ပံ့ထားပါတယ္။ စီမံကိန္းေအာင္ျမင္ရင္ မိသားစု (၁၄၀၀) လူဦးေရ (၇၀၀၀) ေက်ာ္ အက်ဳိးခံစားရဖြယ္ ရိွပါတယ္။ အခုေတာ့ ေက်ာက္တန္းၿမိဳ ႔နယ္ ကန္ေျပာက္ေက်းရြာမွာ အေကာင္အထည္ ေဖာ္ေနပါတယ္။ စီမံကိန္းၿပီးစီးခ်ိန္မွာ ဝင္ေငြတုိးပြားလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီလို လူမႈေရးအကူအညီေပးေနတဲ့ အေၾကာင္းရင္းတခုကေတာ့ (၂) ႏိုင္ငံ ဆက္ဆံေရး ေကာင္းမြန္ေနဖို႔ ျဖစ္ပါတယ္။ အထူးသျဖင့္ ဆင္းရဲတဲ့ အိမ္နီးနားခ်င္းႏုိင္ငံေတြကို ေထာက္ပံ့တာမ်ားပါတယ္။ လူမႈေရးအကူအညီေပးတဲ့ ဒုတိယအေၾကာင္းရင္းက တာဝန္သိႏိုင္ငံႀကီးအျဖစ္ တရုတ္ျပည္ သိကၡာတက္လာဖို႔ ျဖစ္ပါတယ္။ ႏိုင္ငံျခားမွာ လူမႈေရးအကူအညီေပးတာဟာ တရုတ္ျပည္ရဲ ႔ အက်ဳိးစီးပြားကို ျမွင့္တင္ရာ ေရာက္တယ္လုိ႔ ယံုၾကည္တာဟာလည္း ကူညီရတဲ့ တတိယအေၾကာင္းရင္း ျဖစ္ပါတယ္။ ယူနန္ျပည္နယ္ကို ေရနံနဲ႔ဓါတ္ေငြ႔ သယ္ယူပို႔ေဆာင္ေနတဲ့ ပိုက္လိုင္းတေလွ်ာက္က ေက်းရြာေတြမွာ ေက်ာင္းေတြ၊ ေဆးေပးခန္းေတြ တည္ေဆာက္ၿပီး ေရေကာင္းေရသန္႔ရေအာင္ တရုတ္ေရနံကုမၸဏီက ေဒၚလာ (၂၅) သန္း အကုန္အက်ခံတာဟာ ပိုက္လိုင္းကို ေဒသခံေတြ လက္ခံလာေအာင္ စည္းရံုးတာလို႔ ျမင္ၾကပါတယ္။

ေရနံဓါတ္ေငြ႔ပိုက္လုိင္း၊ ေၾကးနီစီမံကိန္းနဲ႔ အျခားလုပ္ငန္းႀကီးေတြကို သတင္းမီဒီယာေတြက အာရံုစိုက္လာတဲ့အခါမွာ ျပည္သူအခ်င္းခ်င္းဆက္ဆံေရး၊ ယဥ္ေက်းမႈဖလွယ္ေရးနဲ႔ လူမႈကူညီေထာက္ပံ့ေရး စတာေတြကို တရုတ္က ဦးစားေပးၿပီး အာရံုေျပာင္းေနတယ္လို႔ ယူဆသူေတြလည္း ရိွပါတယ္။ ျမန္မာျပည္မွာ စည္းရံုးေရးဆင္းရင္ ဘုန္းႀကီးလူတန္းစာကို ေမ့ထားလုိ႔မရေၾကာင္း တရုတ္သေဘာေပါက္ပါတယ္။ ဒါဟာ အေနာက္တိုင္းထက္သာတဲ့ အခ်က္ပါ။ ဘုန္းႀကီးေက်ာင္းတိုင္းကို တီဗီြရုပ္ျမင္သံၾကား လွဴဒါန္းတဲ့ အစီအစဥ္ကို တရုတ္က အေကာင္အထည္ေဖာ္လာတာ သံုးနွစ္ ရိွေနပါၿပီ။

လြန္ခဲ့တဲ့ ႏွစ္ကုန္ပိုင္းမွာ ယူနန္ျပည္နယ္ ႏိုင္ငံတကာ ျပည္သူ႔ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔က ဘုန္းႀကီးေက်ာင္း (၁) ေက်ာင္း တီဗီ (၁) လံုး လွဴဒါန္းပြဲကို တတိယအႀကိမ္ ရန္ကုန္ၿမိဳ ႔မွာ က်င္းပပါတယ္။ ဘုန္းႀကီးေက်ာင္း (၅၄) ေက်ာင္းအတြက္ တီဗီြ (၅၄) လံုးနဲ႔ သံုးႏွစ္စာ SkyNet အစီအစဥ္ ဝန္ေဆာင္မႈကိုပါ ပူးတြဲလွဴဒါန္းလိုက္ေၾကာင္း သိရပါတယ္။ အရင္ကလည္း တီဗီြအလံုးေပါင္း (၁၈၀) ဘုန္းႀကီးေက်ာင္းေတြကို လွဴခဲ့တာေၾကာင့္ ရန္ကုန္က ဘုန္းႀကီးေက်ာင္း (၂၃၄) ေက်ာင္းေတြဟာ တီဗီြ ၾကည့္ႏိုင္ၿပီး ျဖစ္ပါတယ္။ ဒီလုိ ဘက္စံုဆက္ဆံေရးရဲ ႔ အက်ဳိးအျမတ္ကို ခံစားရလိမ့္မယ္လို႔ တရုတ္က ေမွ်ာ္လင့္ေနပံုရပါတယ္။

==Unicode==

တရုတ်နိုင်ငံခြားရေးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် စွန်ကော်ရှင်း လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ မြန်မာပြည်ကိုလာတုန်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း (၃) ဖွဲ့ကို ဒေါ်လာ (၁) သန်း လှူဒါန်းသွားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို ဒေါ်လာ (၃) သိန်း၊ ငြိမ်းချမ်းရေးကော်မရှင်ကို ဒေါ်လာ (၃) သိန်း၊ ပစ်ခတ်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီကို ဒေါ်လာ (၄) သိန်း လှူဒါန်းသွားပါတယ်။ အရင်ကလည်း ပူးတွဲကော်မတီကို ဒေါ်လာ (၈) သိန်းနဲ့ မော်တော်ကား (၁၀) စီး လှူဖူးပါတယ်။ ရှေ့နှစ်မှာလည်း ဆက်လက်ပြီး ငြိမ်းချမ်းရေးအဖွဲ့တွေကို ငွေကြေးကူညီပါလိမ့်မယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်နေတဲ့ တရုတ်အစိုးရပိုင် CITIC ကော်ပိုရေးရှင်းကလည်း (၂၀၁၄) ကစပြီး ဘက်ပေါင်းစုံ ပရဟိတလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒီနှစ်တော့ 'အေးအတူ ပူအမျှ လက်တွဲကြ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောက်ဖြူမြို့နယ် စာသင်ကျောင်းတွေကို ကျောင်းသုံးပစ္စည်းနဲ့ အဝတ်အထည်တွေ လှူဒါန်းပါတယ်။ CITIC နဲ့ ယူနန်ပြည်နယ်အစိုးရ ပူးတွဲဆောင်ရွက်နေတဲ့ လူငယ်ကျွမ်းကျင်မှုသင်တန်းကို ဒီနှစ်ကစပြီး အကောင်အထည်ဖော်နေပါတယ်။ တရုတ်ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ဒေသခံတွေ ကြည်ဖြူလာအောင် ကွင်းဆင်းပြီး စည်းရုံးတဲ့သဘော ဖြစ်ပါတယ်။

မြန်မာပြည်သူ့ဘဝမြှင်တင့်ရေး၊ မြန်မာပြည်မြောက်ပိုင်းမှာ အိုးမဲ့အိမ်မဲံ ဖြစ်နေသူတွေကို ကူညီရေးနဲ့ အခြားလူမှုစီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တရုတ်အစိုးရက ဒေါ်လာ (၁၄၈) သန်း လှူဒါန်းဖို့ လွန်ခဲ့တဲ့ ဧပြီလက သဘောတူလိုက်ပါတယ်။ မြန်မာပြည်မှာ လူမှုရေးမတည်မငြိမ်နဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ရတာဟာ ဆင်းရဲနွမ်းပါးမှုမှာ အခြေခံတယ်လို့ တရုတ်က ယုံကြည်ပုံရပါတယ်။ CFPA ခေါ် ဆင်းရဲမှုလျော့ချရေးအဖွဲ့ (China Foundation for Poverty Alleviation) က (၂၀၁၃) မှာ ကွင်းဆင်းလေ့လာပြီး ပေါက်ဖော်ပညာရေး စီမံချက်ကို တီထွင်တယ်လို့ ဂျန်အိရှင်း (Zhang Yiqian) က Global Times မှာ ရေးသားထားပါတယ်။ တက္ကသိုလ်ကျောင်းသားတယောက်ကို တနှစ်ကျပ်သုံးသိန်း ၂၀၁၅ ကစပြီး ထောက်ပံ့လာတာဖြစ်လို့ ပေါက်ဖော်စီမံချက်ဝင် ကျောင်းသားဦးရေ (၁၃၀၀) အထိ ရှိနေပြီ ဖြစ်ပါတယ်။

(၂၀၁၉) တရုတ်-မြန်မာ ချစ်ကြည်ရေးပညာသင်ဆုအဖြစ် ကျောင်းပေါင်း (၃၀) ကို ကျပ်သိန်း (၂၂၀၀) လှူဒါန်းပြီး သဘာဝဘေးသင့်ဒုက္ခသည်နဲ့ စစ်ဘေးဒုက္ခသည်အတွက် ကျပ်သိန်း (၆၀၀) လှူဒါန်းကြောင်း သိရှိရပါတယ်။ တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံကိန်းကို ၂၀၁၈ ဖေဖေါ်ဝါရီလကစပြီး နေပြည်တော်တိုင်းမှာ စတင်အကောင်အထည်ဖော်ပါတယ်။ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တွေမှာ ဝင်ငွေတိုးပွားရေး၊ စွမ်းရည်မြှင့်မားရေးနဲ့ အတတ်ပညာသင်ကြားရေးအတွက် တရုတ်အစိုးရက ကျပ်ငွေသန်း (၈၀၀၀) ကျော် ကူညီထောက်ပံ့ထားပါတယ်။ စီမံကိန်းအောင်မြင်ရင် မိသားစု (၁၄၀၀) လူဦးရေ (၇၀၀၀) ကျော် အကျိုးခံစားရဖွယ် ရှိပါတယ်။ အခုတော့ ကျောက်တန်းမြို့နယ် ကန်ပြောက်ကျေးရွာမှာ အကောင်အထည် ဖော်နေပါတယ်။ စီမံကိန်းပြီးစီးချိန်မှာ ဝင်ငွေတိုးပွားလာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီလို လူမှုရေးအကူအညီပေးနေတဲ့ အကြောင်းရင်းတခုကတော့ (၂) နိုင်ငံ ဆက်ဆံရေး ကောင်းမွန်နေဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ အိမ်နီးနားချင်းနိုင်ငံတွေကို ထောက်ပံ့တာများပါတယ်။ လူမှုရေးအကူအညီပေးတဲ့ ဒုတိယအကြောင်းရင်းက တာဝန်သိနိုင်ငံကြီးအဖြစ် တရုတ်ပြည် သိက္ခာတက်လာဖို့ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ လူမှုရေးအကူအညီပေးတာဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွားကို မြှင့်တင်ရာ ရောက်တယ်လို့ ယုံကြည်တာဟာလည်း ကူညီရတဲ့ တတိယအကြောင်းရင်း ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ကို ရေနံနဲ့ဓါတ်ငွေ့ သယ်ယူပို့ဆောင်နေတဲ့ ပိုက်လိုင်းတလျှောက်က ကျေးရွာတွေမှာ ကျောင်းတွေ၊ ဆေးပေးခန်းတွေ တည်ဆောက်ပြီး ရေကောင်းရေသန့်ရအောင် တရုတ်ရေနံကုမ္ပဏီက ဒေါ်လာ (၂၅) သန်း အကုန်အကျခံတာဟာ ပိုက်လိုင်းကို ဒေသခံတွေ လက်ခံလာအောင် စည်းရုံးတာလို့ မြင်ကြပါတယ်။

ရေနံဓါတ်ငွေ့ပိုက်လိုင်း၊ ကြေးနီစီမံကိန်းနဲ့ အခြားလုပ်ငန်းကြီးတွေကို သတင်းမီဒီယာတွေက အာရုံစိုက်လာတဲ့အခါမှာ ပြည်သူအချင်းချင်းဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ လူမှုကူညီထောက်ပံ့ရေး စတာတွေကို တရုတ်က ဦးစားပေးပြီး အာရုံပြောင်းနေတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ စည်းရုံးရေးဆင်းရင် ဘုန်းကြီးလူတန်းစာကို မေ့ထားလို့မရကြောင်း တရုတ်သဘောပေါက်ပါတယ်။ ဒါဟာ အနောက်တိုင်းထက်သာတဲ့ အချက်ပါ။ ဘုန်းကြီးကျောင်းတိုင်းကို တီဗွီရုပ်မြင်သံကြား လှူဒါန်းတဲ့ အစီအစဉ်ကို တရုတ်က အကောင်အထည်ဖော်လာတာ သုံးနှစ် ရှိနေပါပြီ။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ယူနန်ပြည်နယ် နိုင်ငံတကာ ပြည်သူ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဘုန်းကြီးကျောင်း (၁) ကျောင်း တီဗီ (၁) လုံး လှူဒါန်းပွဲကို တတိယအကြိမ် ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ဘုန်းကြီးကျောင်း (၅၄) ကျောင်းအတွက် တီဗွီ (၅၄) လုံးနဲ့ သုံးနှစ်စာ SkyNet အစီအစဉ် ဝန်ဆောင်မှုကိုပါ ပူးတွဲလှူဒါန်းလိုက်ကြောင်း သိရပါတယ်။ အရင်ကလည်း တီဗွီအလုံးပေါင်း (၁၈၀) ဘုန်းကြီးကျောင်းတွေကို လှူခဲ့တာကြောင့် ရန်ကုန်က ဘုန်းကြီးကျောင်း (၂၃၄) ကျောင်းတွေဟာ တီဗွီ ကြည့်နိုင်ပြီး ဖြစ်ပါတယ်။ ဒီလို ဘက်စုံဆက်ဆံရေးရဲ့ အကျိုးအမြတ်ကို ခံစားရလိမ့်မယ်လို့ တရုတ်က မျှော်လင့်နေပုံရပါတယ်။

XS
SM
MD
LG