သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyber လုံခြုံရေးဥပဒေကြမ်း ထိုင်းပါလီမန် အတည်ပြု


ဘန်ကောက်က အင်တာနက်ဆိုင်တွင် အင်တာနက်သုံးနေသူကို တွေ့ရစဉ်
ဘန်ကောက်က အင်တာနက်ဆိုင်တွင် အင်တာနက်သုံးနေသူကို တွေ့ရစဉ်

ထိုင်းနိုင်ငံမှာ အများ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တရားရုံးရဲ့ ခွင့်ပြုချက်မပါဘဲ အာဏာပိုင်တွေ ဝင်ရှာလို့ရတဲ့ ဆိုင်ဘာ လုံခြုံရေး ဥပဒေကြမ်းတခုကို ထိုင်း ပါလီမန်က ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

ကွန်ပြူတာကနေ သတင်းအချက်အလက် ခိုးယူတဲ့ ပြစ်မှုတွေကို ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းက ဖော်ထုတ်ပါတယ်။

လုံခြုံရေး ခြိမ်းခြောက်မှုတွေက ကြီးမားနေတယ်လို့ သက်ဆိုင်ရာ ကော်မတီက ယူဆမယ်ဆိုရင် ကွန်ပြူတာတွေထဲမှာ ရှိတဲ့ အချက်အလက်တွေ နဲ့ ကွန်ပြူတာ စနစ်တွေ ကို တရားရုံးရဲ့ ခွင့်ပြုစာ မပါဘဲ မိတ္တူကူးဖို့၊ ဖမ်းဆီး ရှာဖွေဖို့နဲ့ လျှို့ဝှက်ချက်တွေ ကို ဖော်ထုတ်ဖို့ ဒီဥပဒေကြမ်းက ခွင့်ပြုပါတယ်။ ဒီလုပ်ရပ်တွေပတ်သက်ပြီးတော့ သက်ဆိုင်ရာတရားရုံးတွေကို နောက်ပိုင်းမှာ အကြောင်းကြားရပါလိမ့်မယ်။

လုံခြုံရေး ဥပဒေကြမ်းရဲ့ ပထမ မူကြမ်းကို စတင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစခဲ့ပေမယ့် ထိုင်း ပြည်သူတွေဘက်က လှုပ်ရှားသူတွေက အပြင်းအထန်ကန့်ကွက်ခဲ့တာကြောင့် အစောပိုင်း ရေးဆွဲထားတဲ့ မူကြမ်း ၃ခုလုံးကို ဟာမအောင်မြင်ခဲ့ပါဘူး။ထိုင်းပါလီမန်ရဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။

Cyber လုံခြုံရေးဥပဒေကြမ်း ထိုင်းပါလီမန် အတည်ပြု
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG