သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုင္ကလုန္း Bulbul ေၾကာင့္ ၁၃ ဦးမကေသ၊ အမ်ားအျပား ေပ်ာက္ဆံုး


အိႏၵိယတြင္ ဆုိင္ကလုန္း Bulbul ေၾကာင့္ မုိးသည္းထန္စြာ ရြာသြားေနသည့္ၾကားထဲ သြားလာေနၾကရသည့္ ေဒသခံတခ်ဳိ႕။ (ႏုိဝင္ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဆိုင္ကလုန္းမုန္တိုင္း Bulbul ၀င္ေရာက္တိုက္ခတ္ေနတဲ့ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏုိင္ငံေတြရဲ႕ ကမ္း႐ုိးတန္းေတြမွာ တနဂၤေႏြေန႔မွာေတာ့ အနည္းဆံုး လူ ၁၃ ဦး ေသဆံုး၊ ငါးဖမ္းသမားေတြလည္း ေပ်ာက္ဆံုးေနပါတယ္။

တနာရီ ေလတိုက္ႏႈန္း ၁၂၀ ကီလိုမီတာေက်ာ္ကေန အျမင့္ဆံုး ၁၃၀ ကီလိုမီတာေက်ာ္ အထိ ျပင္းအားရွိတဲ့ ဆိုင္ကလုန္း Bulbul က ဘဂၤလားေဒ့ရွ္ အေနာက္ေတာင္ပိုင္း ကမ္း႐ုိးတန္းေဒသကို ၀င္ေရာက္လာခ်ိန္မွာေတာ့ အားေလ်ာ့လာခဲ့ပါတယ္။

ႏုိင္ငံတ၀န္းမွာေတာ့ မိုးအဆက္မျပတ္ ရြာသြန္းေနပါတယ္။ ေနာက္ ၁၂ နာရီအထိ ငါးဖမ္းသမားေတြ ပင္လယ္မထြက္ၾကဖို႔လည္း အာဏာပုိင္တုိ႔က သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းမွာေတာ့ ဘဂၤလားေဒ့ရွ္ ကမ္း႐ုိးတန္းေဒသက လူေပါင္း ၂ သန္းနီးပါးက မုန္တိုင္းေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ဆိုင္ကလုန္းမုန္တိုင္းေရွာင္ အေဆာက္အအံုေတြမွာ ခိုလံႈခဲ့ၾကပါတယ္။

ဘဂၤလားပင္လယ္ေအာ္အတြင္း ဆိုင္ကလုန္းရာသီက ဧၿပီကေန ဒီဇင္ဘာလအထိ ၾကာျမင့္ပါတယ္။ ဒါေပမယ့္လည္း ေဘးလြတ္ရာ ခိုလံႈေရးအတြက္ တိုးျမႇင့္ ေဆာင္ရြက္ခဲ့တာေၾကာင့္ ဒီဘက္ႏွစ္ပိုင္းေတြမွာေတာ့ အေသအေပ်ာက္ က်ဆင္းလာခဲ့ပါတယ္။

----------------------------------

(Unicode)

ဆိုင်ကလုန်း Bulbul ကြောင့် ၁၃ ဦးမကသေ၊ အများအပြား ပျောက်ဆုံး

ဆိုင်ကလုန်းမုန်တိုင်း Bulbul ဝင်ရောက်တိုက်ခတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတွေမှာ တနင်္ဂနွေနေ့မှာတော့ အနည်းဆုံး လူ ၁၃ ဦး သေဆုံး၊ ငါးဖမ်းသမားတွေလည်း ပျောက်ဆုံးနေပါတယ်။

တနာရီ လေတိုက်နှုန်း ၁၂၀ ကီလိုမီတာကျော်ကနေ အမြင့်ဆုံး ၁၃၀ ကီလိုမီတာကျော် အထိ ပြင်းအားရှိတဲ့ ဆိုင်ကလုန်း Bulbul က ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသကို ဝင်ရောက်လာချိန်မှာတော့ အားလျော့လာခဲ့ပါတယ်။

နိုင်ငံတဝန်းမှာတော့ မိုးအဆက်မပြတ် ရွာသွန်းနေပါတယ်။ နောက် ၁၂ နာရီအထိ ငါးဖမ်းသမားတွေ ပင်လယ်မထွက်ကြဖို့လည်း အာဏာပိုင်တို့က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသက လူပေါင်း ၂ သန်းနီးပါးက မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆိုင်ကလုန်းမုန်တိုင်းရှောင် အဆောက်အအုံတွေမှာ ခိုလှုံခဲ့ကြပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုန်းရာသီက ဧပြီကနေ ဒီဇင်ဘာလအထိ ကြာမြင့်ပါတယ်။ ဒါပေမယ့်လည်း ဘေးလွတ်ရာ ခိုလှုံရေးအတွက် တိုးမြှင့် ဆောင်ရွက်ခဲ့တာကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာတော့ အသေအပျောက် ကျဆင်းလာခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG