သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Debbie အဆင့် ၄ မုန်တိုင်း သတိပေးချက် Australia ထုတ်ပြန်


Debbie ဆိုင်ကလုန်းမုန်တိုင်း Airlie ကမ်းခြေဘက်ကို ဝင်ရောက်နေ
Debbie ဆိုင်ကလုန်းမုန်တိုင်း Airlie ကမ်းခြေဘက်ကို ဝင်ရောက်နေ

Australia နိုင်ငံ အရှေ့မြောက် ကမ်းရိုးတမ်းဘက်ကို အင်အားပြင်း မုန်တိုင်း စတင်ဝင်နေတာနဲ့အတူ ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Debbie ဆိုင်ကလုန်းမုန်တိုင်းဟာ ပြင်းအားအဆင့် ၄ နဲ့ဝင်ရောက်လာမှာဖြစ်ပြီး လေပြင်းတိုက်ခတ်နှုန်း တနာရီ မိုင် ၁၈၀ ကျော်လောက်ရှိနိုင်တယ်လို့ Australia နိုင်ငံ မိုးလေဝသဗြူရိုက ခန့်မှန်းထားပါတယ်။

Queensland ပြည်နယ် အရှေ့ဖက်ကမ်းရိုးတမ်းမှာရှိတဲ့ Bowen မြို့ကနေ မြောက်ပိုင်း မိုင် ၆၀ လောက် အကွာအဝေးမှာရှိတဲ့ Ayr မြို့အထိကို ဒေသစံတော်ချိန် အင်္ဂါနေ့ နေ့လည်ပိုင်းလောက်မှာ Debbie ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်မယ်လို့ ခန့်မှန်းထားပါတယ်။

အင်္ဂါနေ့ အစောပိုင်းထဲက မုန်တိုင်းလမ်းကြောင်းတလျှောက်က မြို့တွေမှာ လေပြင်းတွေတိုက်နေတာမှာ အရှေ့မြောက် ကမ်းလွန် Hamilton ကျွန်းပေါ်က လေယာဉ်ကွင်းမှာဆိုရင် လေပြင်းတိုက်နှုန်း မိုင် ၁၂၀ ကျော်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ တချို့နေရာတွေမှာလည်း မိုးသည်းထန်စွာ ရွာနေပါတယ်။

Queensland ပြည်နယ် မြောက်ပိုင်းက နေအိမ်ပေါင်း ၂ သောင်းကျော်လည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ မြေနိမ့်ပိုင်းမှာ နေကြတဲ့ ပြည်သူ ၂ သောင်းခွဲလောက်ကို ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ပျက်ဆီးဆုံးရှုံးမှုတွေများခဲ့တဲ့ Yasi ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရပြီးထဲက အပြင်းဆုံးမုန်တိုင်းဖြစ်လိမ့်မယ်လို့ Queensland ပြည်နယ်ဝန်ကြီးက သတိပေးထားပါတယ်။ Yasi ဆိုင်ကလုန်းမုန်တိုင်းတုန်းကတော့ အဆိုးဆုံးပြင်းအားအဆင့် ၅ နဲ့ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG