သုံးရလွယ်ကူစေသည့် Link များ

Vanuatu ကျွန်းစု ပြင်းထန်တဲ့ ဆိုင်ကလုန်းဒဏ်ခံရ


ဆိုင်ကလုံးမုန်တိုင်းကြောင့် အိမ်ခြေတွေ ပျက်စီးသွားခဲ့တဲ့ Vanuatu ကျွန်းစု၊ မြို့တော် Port Vila ရဲ့မြင်ကွင်း။ (မတ် ၁၆၊ ၂၀၁၅)

သြစတြေးလျားနိုင်ငံ အရှေ့မြောက်ဖက်ယွန်းယွန်းမှာရှိတဲ့ Vanuatu ကျွန်းစုကို တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ကြုံဖူးသမျှထဲမှာ အဆိုးဝါးဆုံးဖြစ်ပြီး ပတ်ဝန်းကျင်အနေအထားဟာ ရောဂါကူးစက်ပြန့်ပွားမယ့် လက္ခဏာတွေရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

တနေရာတည်းမှာ အပျက်အစီးတွေ ဒီလောက်များလိမ့်မယ် မထင်ထားမိဘူးလို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ပစိဖိတ်ရုံးခွဲတာဝန်ခံက ပြောပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းကျရောက်မယ်လို့ သောကြာနေ့ညမှာ ပထမဦးဆုံးအကြိမ် အရေးပေါ်အခြေနေ ကြေညာခဲ့ပြီး သောက်ရေသန့်မရတာ၊ အိမ်သာအညစ်အကြေးက ပတ်ဝန်းကျင် မသန့်ရှင်းတာတွေကြောင့် နောက်ထပ် အရေးပေါ်အခြေအနေကြေညာခဲ့ရကြောင်း Oxfam အဖွဲ့ရဲ့ဒါရိုက်တာ Colin Rooyen ကပြောပါတယ်။

ရှေ့လာမယ့် သီတင်းပတ်တွေမှာ အရေးပေါ်အစားအစာတွေ လိုအပ်မှာဖြစ်တယ်လို့ ICRC ကပြောပါတယ်။ မုန်တိုင်းက ဘာမှမကျန်အောင် အဆိုးဝါးဆုံး တိုက်ခတ်သွားတာကြောင့် ဒေသခံတွေဟာ ကိုယ့်ခြံထွက်ပစ္စည်းတွေပေါ်မှာ မှီခို စားအသောက်နေရကြောင်း မြို့တော် Port Vila မှာရှိတဲ့ ပစိဖိတ် တက္ကသိုလ် ပြည်သူ့မူဝါဒရေးရာ ဒါရိုက်တာ Derek Brien ကပြောပါတယ်။ ဒါပေမယ့် စားပင်တွေရော သစ်သီးပင်တွေပါ အတော်များများ ပျက်စီးခဲ့ကြောင်း သူက ပြောပါတယ်။

မုန်တိုင်းကြောင့် ၉ဝ%ဟာ မြို့တော် Port Vila ကို ပျက်စီးစေခဲ့တာကြောင့် အဲဒီမြို့ကို Vanuatu သမ္မတ Baldwin Lonsdale က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG