သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Asani ဆိုင္ကလုန္းမုန္တိုင္း ျမန္မာကမ္း႐ိုးတန္း ေဒသေတြနဲ႔ ျပည္နယ္တခ်ိဳ႕ မိုးႀကီးႏိုင္ (မိုးဇလ)


ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္းမုန္တိုင္း အာစန္နီ (Asani) ေရြ႕လ်ားေနတဲ့လမ္းေၾကာင္းျပေျမပံု (ဓာတ္ပံု-ျမန္မာ့မိုးဇလ/ေမ ၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္းမုန္တိုင္း အာစန္နီ (Asani) ရဲ႕ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံတြင္း တိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္တခ်ိဳ႕ ဒီရက္ပိုင္း မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒက ခန႔္မွန္းထားပါတယ္။ မုန္တိုင္းၿပီးသြားရင္ေတာ့ ျမစ္ဝကြၽမ္းေပၚေဒသေတြနဲ႔ ေတာင္ပိုင္းေဒသေတြမွာ တဆင့္ခ်င္း မုတ္သုံမိုးဆက္႐ြာမယ့္ အေျခအေနရွိတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ING ကတင္ျပေပးထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ အာစန္နီ ဆိုင္ကလုန္းမုန္တိုင္းဟာ လက္ရွိမွာ အဝါေရာင္အဆင့္သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံဘက္ကို ဦးတည္မယ့္ အေျခအေနမရွိေသးေပမယ့္ ေစာင့္ၾကည့္ရမယ့္အေနအထားမွာရွိတယ္လို႔ မိုးဇလ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ကေတာ့ အဝါေရာင္အဆင့္နဲ႔ပဲ ထုတ္ျပန္ထားတာေပါ့။ သို႔ေသာ္ ၁၀ ရက္ေန႔ ေနာက္ပိုင္းမွာေတာ့ မုန္တိုင္းက နည္းနည္း လမ္းေၾကာင္း ဘက္ေျပာင္းသြားဖို႔ေတာ့ ရွိတယ္။ အေရွ႕ေျမာက္ဘက္ကို ျပန္ေကြ႔ဖို႔ ရွိတယ္ဆိုေတာ့ အဲ့ဒီအေျခအေနမွာေတာ့ နည္းနည္းေတာ့ သတိထားရမွာေပါ့ေလး။ အခုေလာေလာဆယ္ေတာ့ ၁၂ ရက္ေန႔ေလာက္အထိကေတာ့ ဘဂၤလားပင္လယ္ေအာ္ ဒီအေနာက္ေျမာက္ပိုင္းဘက္ကိုေရာက္သြားမွာ။ အခုက ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းေပါ့။ အခုေျမာက္ပိုင္းကို ဆက္တက္အုံးမွာေပါ့ေနာ္။ ဘယ္ဆက္သြားမလဲဆိုတာေတာ့ ဒါ ေစာင့္ၾကည့္ရမယ့္ အေနအထားတခုေတာ့ ရွိတာေပါ့ေနာ္။”

အာစန္နီမုန္တိုင္းဟာ အိႏၵယႏိုင္ငံဘက္က ေရမိုင္ေတြမွာ ဗဟိုျပဳတဲ့အျပင္ ျမန္မာႏိုင္ငံ ကိုကိုးကြၽန္းၿမိဳ႕ အေနာက္ေျမာက္ဘက္ ေရမိုင္ (၄၄၀) မိုင္ခန႔္နဲ႔ ဟိုင္းႀကီးကြၽန္းၿမိဳ႕ အေနာက္ေတာင္ဘက္ ေရမိုင္ (၅၁၀) မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနလို႔ ေမလ ၉ ရက္ ညေနပိုင္းမွာ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ ဒီရက္ပိုင္းေတြမွာ ျမန္မာတျပည္လုံးလိုလို မိုးမ်ားႏိုင္ၿပီး မုန္တိုင္းအရွိန္ၿပီးသြားရင္ ျမစ္ဝကြၽန္းေပၚနဲ႔ ေတာင္ပိုင္းေဒသေတြမွာ မိုးဆက္႐ြာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

“မုန္တိုင္းအရွိန္ကေတာ့ အဓိကအားျဖင့္ေတာ့ သက္ေရာက္မႈအမ်ားဆုံးကေတာ့ ကမ္း႐ိုးတန္းေဒသေတြေပါ့ေလ။ ပထမဆုံး မိုးမ်ားမယ့္ အေျခအေနကို သတိျပဳရမွာကေတာ့ ကမ္း႐ိုးတန္းေဒသေပါ့ေနာ္။ ကမ္း႐ိုးတန္းေဒသဆိုေတာ့ ရခိုင္ကမ္း႐ိုးတန္းေဒသေတြရွိမယ္။ ျမစ္ဝကြၽန္းေပၚေဒသေတြရွိမယ္။ ေနာက္ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္၊ တနသၤာရီေပါ့ေနာ္။ ဒါေတာ့မုန္တိုင္းျဖစ္လာရင္ေတာ့ ကမ္း႐ိုးတန္းေဒသေတြမွာ မိုးမ်ားတယ္။ ေနာက္ ဒီျမန္မာႏိုင္ငံ အလယ္ပိုင္းေတြလည္း ဆက္ၿပီးေတာ့ မိုး႐ြာတာေတြရွိတယ္ေပါ့ေနာ္။ ေျပာရင္ေတာ့ ဒီမုန္တိုင္းအရွိန္ေၾကာင့္ေတာ့ တျပည္လုံးလိုလိုမွာေတာ့ ဒီရက္ပိုင္းမွာ မိုးမ်ားမယ့္ မိုး႐ြာမယ့္ အေျခအေနရွိတာေပါ့။ ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚနဲ႔ ေတာင္ပိုင္းေဒသေတြကေတာ့ အဲ့ဒီမုန္တိုင္းၿပီးသြားရင္ မုတ္သုံေလ ဝင္လာဖို႔ရွိတယ္ဆိုေတာ့ ဒီျမစ္ဝကြၽန္းေပၚနဲ႔ ေတာင္ပိုင္းေဒသေတြကေတာ့ မိုးဆက္မယ့္ မုတ္သုံဆက္သြားမယ့္သေဘာရွိတာေပါ့ေနာ္။”

အာစန္နီ မုန္တိုင္းေၾကာင့္ လာမယ့္ ေမလ ၁၃ ရက္ေန႔မွာဆိုရင္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္ကေန ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး တခ်ိဳ႕ေဒသေတြမွာ ေဒသအလိုက္ ေနရာကြက္ မိုးႀကီးႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ေလျပင္းေတြ က်ေရာက္ၿပီး လႈိင္ႀကီးႏိုင္ေၾကာင္းနဲ႔ မိုးသက္ေလျပင္က်ခ်ိန္ ေရျပင္၊ ေျမျပင္ေလကေတာ့ တနာရီမွာ မိုင္ ၄၀ အထိတိုက္ခတ္ႏိုင္တယ္လို႔ သတိေပးထားပါတယ္။
#CycloneAsani #အာစန္နီ #ဘဂၤလားပင္လယ္ေအာ္ #ဆိုင္ကလုန္းမုန္တုိင္း #အဝါေရာင္အဆင့္ #ဗီြအိုေအ
==============

[[Unicode]]


Asani ဆိုင်ကလုန်းမုန်တိုင်း မြန်မာကမ်းရိုးတန်း‌ဒေသတွေနဲ့ ပြည်နယ်တချို့ မိုးကြီးနိုင် (မိုးဇလ)

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ (Asani) ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တချို့ ဒီရက်ပိုင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားပါတယ်။ မုန်တိုင်းပြီးသွားရင်တော့ မြစ်ဝကျွမ်းပေါ်ဒေသတွေနဲ့ တောင်ပိုင်းဒေသတွေမှာ တဆင့်ချင်း မုတ်သုံမိုးဆက်ရွာမယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ING ကတင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အာစန်နီ ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိမှာ အဝါရောင်အဆင့်သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်မယ့် အခြေအနေမရှိသေးပေမယ့် စောင့်ကြည့်ရမယ့်အနေအထားမှာရှိတယ်လို့ မိုးဇလ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ကတော့ အဝါရောင်အဆင့်နဲ့ပဲ ထုတ်ပြန်ထားတာပေါ့။ သို့သော် ၁၀ ရက်နေ့ နောက်ပိုင်းမှာတော့ မုန်တိုင်းက နည်းနည်း လမ်းကြောင်း ဘက်ပြောင်းသွားဖို့တော့ ရှိတယ်။ အရှေ့မြောက်ဘက်ကို ပြန်ကွေ့ဖို့ ရှိတယ်ဆိုတော့ အဲ့ဒီအခြေအနေမှာတော့ နည်းနည်းတော့ သတိထားရမှာပေါ့လေး။ အခုလောလောဆယ်တော့ ၁၂ ရက်နေ့လောက်အထိကတော့ ဘင်္ဂလားပင်လယ်အော် ဒီအနောက်မြောက်ပိုင်းဘက်ကိုရောက်သွားမှာ။ အခုက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပေါ့။ အခုမြောက်ပိုင်းကို ဆက်တက်အုံးမှာပေါ့နော်။ ဘယ်ဆက်သွားမလဲဆိုတာတော့ ဒါ စောင့်ကြည့်ရမယ့် အနေအထားတခုတော့ ရှိတာပေါ့နော်။”

အာစန်နီမုန်တိုင်းဟာ အိန္ဒယနိုင်ငံဘက်က ရေမိုင်တွေမှာ ဗဟိုပြုတဲ့အပြင် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ အနောက်မြောက်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်နဲ့ ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် ရေမိုင် (၅၁၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေလို့ မေလ ၉ ရက် ညနေပိုင်းမှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီရက်ပိုင်းတွေမှာ မြန်မာတပြည်လုံးလိုလို မိုးများနိုင်ပြီး မုန်တိုင်းအရှိန်ပြီးသွားရင် မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေမှာ မိုးဆက်ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“မုန်တိုင်းအရှိန်ကတော့ အဓိကအားဖြင့်တော့ သက်ရောက်မှုအများဆုံးကတော့ ကမ်းရိုးတန်းဒေသတွေပေါ့လေ။ ပထမဆုံး မိုးများမယ့် အခြေအနေကို သတိပြုရမှာကတော့ ကမ်းရိုးတန်းဒေသပေါ့နော်။ ကမ်းရိုးတန်းဒေသဆိုတော့ ရခိုင်ကမ်းရိုးတန်းဒေသတွေရှိမယ်။ မြစ်ဝကျွန်းပေါ်ဒေသတွေရှိမယ်။ နောက်မြန်မာနိုင်ငံတောင်ပိုင်း မွန်၊ တနင်္သာရီပေါ့နော်။ ဒါတော့မုန်တိုင်းဖြစ်လာရင်တော့ ကမ်းရိုးတန်းဒေသတွေမှာ မိုးများတယ်။ နောက် ဒီမြန်မာနိုင်ငံ အလယ်ပိုင်းတွေလည်း ဆက်ပြီးတော့ မိုးရွာတာတွေရှိတယ်ပေါ့နော်။ ပြောရင်တော့ ဒီမုန်တိုင်းအရှိန်ကြောင့်တော့ တပြည်လုံးလိုလိုမှာတော့ ဒီရက်ပိုင်းမှာ မိုးများမယ့် မိုးရွာမယ့် အခြေအနေရှိတာပေါ့။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေကတော့ အဲ့ဒီမုန်တိုင်းပြီးသွားရင် မုတ်သုံလေ ဝင်လာဖို့ရှိတယ်ဆိုတော့ ဒီမြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေကတော့ မိုးဆက်မယ့် မုတ်သုံဆက်သွားမယ့်သဘောရှိတာပေါ့နော်။”

အာစန်နီ မုန်တိုင်းကြောင့် လာမယ့် မေလ ၁၃ ရက်နေ့မှာဆိုရင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်ကြီးနိုင်ကြောင်းနဲ့ မိုးသက်လေပြင်ကျချိန် ရေပြင်၊ မြေပြင်လေကတော့ တနာရီမှာ မိုင် ၄၀ အထိတိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။
#CycloneAsani #အာစန်နီ #ဘင်္ဂလားပင်လယ်အော် #ဆိုင်ကလုန်းမုန်တိုင်း #အဝါရောင်အဆင့် #ဗွီအိုအေ
==============

XS
SM
MD
LG