ဆိုက်ပရက်စ် (Cyprus) ကျွန်းနိုင်ငံမှာရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်းအတွက် သဘောတူညီမှု တစုံတရာရနိုင်ဖို့ နောက်ဆုံးကြိုးပမ်းတဲ့အနေနဲ့ ဆိုက်ပရက်စ် ခေါင်းဆောင်တွေ ဟာ နိုင်ငံတကာက ငွေချေးမယ့်သူတွေနဲ့ အရေးပေါ် ဆွေးနွေးနေပါတယ်။ တကယ်လို့သာ တနင်္လာနေ့မှာ အဖြေထွက်မလာဘူးဆိုရင် ဆိုက်ပရက်စ်က ဘဏ်လုပ်ငန်းတွေ ပြိုပျက်ပြီး နိုင်ငံဟာလည်း ဒေဝါလီခံရတဲ့ အခြေအနေ ဆိုက်ရောက်သွားနိုင်ပါတယ်။
ဥရောပသမဂ္ဂထဲက ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံအဖြစ်ကနေလည်း ထွက်သွားရနိုင်တဲ့ အလားအလားတွေကြောင့် ယူရိုငွေရဲ့ တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်နေပါတယ်။ ဥရောပသမဂ္ဂ၊ ဥရောပဗဟိုဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့တာဝန်ရှိသူတွေနဲ့ ဆိုက်ပရက်စ် သမ္မတ Nicos Anastasiades ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ် (Brussels) မြို့တော်မှာ ဆွေးနွေးနေကြပါတယ်။
နိုင်ငံတကာက အရေးပေါ်ချေးငွေ ဒေါ်လာ ၁၃ ဘီလျံ ရရှိနိုင်ဖို့ ဆိုက်ပရက်စ် က ဒေါ်လာ ၇ ဘီလျံခွဲ ရှာဖို့လိုပါတယ်။ ဒါပေမဲ့ ဒီငွေပမာဏကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဆိုက်ပရက်စ်နိုင်ငံ နှစ်ကြိမ်ရှာဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဘဏ်အပ်ငွေတွေအပေါ် အခွန်ကောက်မယ့်အစီအစဉ်ကို ပါလီမန်က ပယ်ချခဲ့တဲ့အတွက် မအောင်မြင်ခဲ့သလို၊ ရုရှားကလည်း ဆိုက်ပရက်စ်ကို အကူအညီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အရေးပေါ်ငွေချေးမယ့်သူတွေနဲ့ သဘောတူထားတဲ့အတိုင်း လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ဆိုက်ပရက်စ်က နောက်ဆုံးအချိန်ကျမှ ကြိုးစားတဲ့အတွက် ငွေချေးမယ့်သူတွေဘက်က အယုံအကြည် မရှိသလောက် ဖြစ်နေတယ်လို့ ဘရက်ဆဲလ် ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးနေတဲ့ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာသိပ္ပံက Hung Tran က ဗွီအိုအေကို ပြောပါတယ်။