သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်သမ္မတဟောင်းဈာပန ကမ္ဘာ့ခေါင်းဆောင်တွေတက်

Торнадо підіймав у повітря тварин та автівки та кидав їх на стіни будівель.
Торнадо підіймав у повітря тварин та автівки та кидав їх на стіни будівель.

ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) အတွက် ပရာ့ခ်မြို့တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဂါရဝပြုတက်ရောက်ကြပါတယ်။ အသက် ၇၅ နှစ်အရွယ် ချက်ခေါင်းဆောင်ဟောင်းဟာ အိပ်ပျော်နေချိန် အသက်ရှူလမ်းကြောင်း ယိုယွင်းပြီး တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ပြဇာတ်ရေးဆရာတစ်ဦးဖြစ်တဲ့ မစ္စတာ ဟာဗဲလ်ဟာ သူ့နိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံသမ္မတ ဖြစ်ခဲ့သူပါ။ မစ္စတာဟာဗဲလ် အတွက် ပရာ့ခ်ရဲတိုက်မှာ ပြုလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ကြမယ့်သူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ခင်ပွန်းသည် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton)၊ ဂျာမဏီဝန်ကြီးချုပ် အဲန်ဂလာ မာခဲလ် (Angela Merkel)၊ အစ္စရေးလ် သမ္မတ ရှီမွန် ပဲရက်(စ်) (Shimon Peres) နဲ့ ပြင်သစ်သမ္မတ နီကိုးလတ်စ် ဆာကိုဇီ (Nicolas Sarkozy) တို့လည်း ပါဝင်ပါလိ့မ်မယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပရာ့ခ်မြို့တော် ဘုရားကျောင်းတစ်ခုမှာ ခေါင်းသွင်း ပြသထားတဲ့ သမ္မတဟောင်းရဲ့ ရုပ်ကလပ်ကို ချက်ပြည်သူ ထောင်ပေါင်းများစွာတို့ တန်းစီပြီး ဂါရဝပြုခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရာထူးလက်ခံခဲ့တဲ့ မစ္စတာ ဟာဗဲလ်ဟာ ချက်ကိုစလိုဗားကီးယားမှာ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီကို ကြီးကြပ်ဖော်ဆောင်ပြီး ချက်နဲ့ စလိုဗားကီးယား နှစ်နိုင်ငံ ခွဲခြမ်းမှုကိုလည်း ငြိမ်းချမ်းစွာ ဆောင်ကျဉ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ စလိုဗားကီးယားနိုင်ငံ ကလည်း မစ္စတာဟာဗဲလ်ကို ဂုဏ်ပြုသောအားဖြင့် သောကြာနေ့ကို တနိုင်ငံလုံး ဝမ်းနည်းမှု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

This item is part of
XS
SM
MD
LG