သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day နှစ် ၇၀ ပြည့်အခမ်းအနား Normandy မှာ ကျင်းပ


 Normandyမှာ ကျင်းပတဲ့ D-Day အခမ်းအနားမှာ အမေရိကန် သမ္မတ အိုဘားမား မိန့်ခွန်းပြော (ဇွန် ၆၊ ၂၀၁၄)
Normandyမှာ ကျင်းပတဲ့ D-Day အခမ်းအနားမှာ အမေရိကန် သမ္မတ အိုဘားမား မိန့်ခွန်းပြော (ဇွန် ၆၊ ၂၀၁၄)
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီ သိမ်းပိုက်မှုကို စတင်တွန်းလှန်ခဲ့တဲ့ D-Day စစ်ဆင်ရေး အနှစ် ၇၀ ပြည့် အခန်းအနားမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဂုဏ်ပြုစကား ပြောကြားသွားပါတယ်။ အမေရိကန် နဲ့ မဟာမိတ်တွေ အနေနဲ့ အကြီးမားဆုံး အန္တာရာယ်နဲ့ ရင်ဆိုင်ရတဲ့ ကာလမျိုးမှာ လွတ်လပ်ခွင့်တွေ ရှင်သန်နိုင်အောင် ဘယ်လောက်တောင် ပေးဆပ်ခဲ့ကြရသလဲ ဆိုတာကို သတိရကြဖို့ ဒီကို လာရတာဖြစ်တဲ့အကြောင်း ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေက မိန့်ခွန်းမှာ သမ္မတ အိုဘားမား ပြောဆိုသွားတာပါ။

ကမ္ဘာ့စစ်သမိုင်းမှာ အကြီးဆုံး ထိုးစစ်တခုအဖြစ် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က ထိုးစစ်မှာတော့ မဟာမိတ်တပ်ဖွဲ့ဝင် လေထီးနဲ့ ကမ်းတပ် စစ်သည်ပေါင်း ၁ သိန်း ၆ သောင်း ပူးတွဲ စစ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ဆင်ရေးနေ့ တနေ့တည်းမှာတင် မဟာမိတ် တပ်ဖွဲ့ဝင် ၄၅၀၀ ကျဆုံးခဲ့တဲ့ ထိုးစစ်ကြောင့် နောက်ဆုံးမှာတော့ မဟာမိတ်တပ်တွေ ဥရောပမှာ အောင်ပွဲခံနိုင်ခဲ့တာပါ။

နိုင်ငံပေါင်း ၁၈ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ D-Day နေ့ အခမ်းအနားမှာ ပြင်သစ်သမ္မတ Francois Hollande ကလည်း ကမ္ဘာကြီးတခုလုံးကို ပြောင်းလဲစေခဲ့တဲ့ ပေးဆပ်မှု အဖြစ်နဲ့လည်း စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

နော်မန်ဒီကမ်းခြေက အခန်းအနားမှာ အခုအခါ အသက် ၉၀ တဝိုက် အရွယ်တွေ ရှိနေကြပြီဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ပြန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG