သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ဆိပ္ကမ္းသိုေလွာင္႐ုံ မီးေလာင္မႈ ၄၉ ထက္မနည္း ေသဆုံး


Bangladesh Fire

ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ စစ္တေကာင္းဆိပ္ကမ္းၿမိဳ႕အနီးက ကုန္ေလွာင္႐ုံတခုမွာ စေနေန႔ည သန္းေခါင္အခ်ိန္ေလာက္မွာ မီးေလာင္မႈႀကီး ျဖစ္သြားခဲ့တာေၾကာင့္ အနည္းဆုံး လူ (၄၉) ေယာက္ေသဆုံးၿပီး (၁၀၀) ေက်ာ္ ထိခိုက္ ဒဏ္ရာရခဲ့တယ္လို႔ အာဏာပိုင္ေျပာတာကို ကိုးကားၿပီး ေအပီသတင္းမွာ ေရးပါတယ္။ ေသဆုံးသူေတြထဲ မီးသတ္သမား (၉) ဦးလည္း ပါဝင္တယ္လို႔ ေဒသတြင္းသတင္းေတြမွာ ေရးပါတယ္။ အဲဒီ မီးကိုၿငိမ္းသတ္ႏိုင္ဖို႔ တနဂၤေႏြညအထိ ႀကိဳးစားေနၾကဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ Dutch ဖက္စပ္ ဖြင့္ထားတဲ့ BM Inland Container Depot ကုန္ေလွာင္႐ုံႀကီးထဲမွာ ဓါတုပစၥည္းေတြ အမ်ားအျပား သိုေလွာင္ထားတာလို႔ ဆိုပါတယ္။ မီးဘယ္လို စေလာင္တယ္ဆိုတာ မသိရေသးဘူးလို႔ ဆိုပါတယ္။

အခု မီးေလာင္ျဖစ္ပြားတဲ့ စစ္တေကာင္း ဆိပ္ကမ္းၿမိဳ႕ဟာ ၿမိဳ႕ေတာ္ ဒါကာနဲ႔ ၁၃၄ မိုင္ေဝးတယ္လို႔ ဆိုပါတယ္။

မီးၿငိမ္းသတ္ဖို႔ ႀကိဳးစားၾကတဲ့ မီးသတ္သမား (၉) ဦး အနည္းဆုံး ေသဆုံးခဲ့တဲ့အျပင္၊ တျခား (၁၀) ဦးကိုလည္း မီးေလာင္ဒဏ္ရာေတြအတြက္ ကုသမႈေပးေနရတယ္လို႔ မီးသတ္ဦးစီးဌာနအရာရွိ Main Uddin က ေျပာပါတယ္။

မီးစေလာင္ၿပီး မၾကာခင္မွာဘဲ ေနာက္ဆက္တြဲ ေပါက္ကြဲမႈေတြျဖစ္ခဲ့တာေၾကာင့္ ေလာင္ကြၽမ္းတဲ့ေနရာ ပိုၿပီး က်ယ္လာတယ္လို႔ဆိုပါတယ္။ မီးသတ္သမားေတြကို ကူညီဖို႔အတြက္ အခင္းျဖစ္တဲ့ေနရာကို စစ္တပ္က ေပါက္ကြဲမႈဆိုင္ရာ ကြၽမ္းက်င္သူေတြကို ေခၚထားတယ္လို႔ ဆိုပါတယ္။ ေပါက္ကြဲမႈေၾကာင့္ အနီးနားမွာရွိတဲ့ အေဆာက္အဦးက မွန္ေတြ ကြဲကုန္ၿပီး (၂) မိုင္ခြဲေလာက္အထိ ေပါက္ကြဲမႈအရွိန္ ျပင္းထန္ခဲ့တယ္လို႔ ဆိုပါတယ္။

အခုလို မီးေလာင္ေပါက္ကြဲမႈျဖစ္တဲ့အတြက္ အံ့အားသင့္မိေၾကာင္း ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ေျပာၾကားလိုက္ၿပီး ထိခိုက္ဒဏ္ရာရသူေတြကို သင့္ေတာ္တဲ့ ကုသမႈေပးဖို႔ ၫြန္ၾကားထားပါတယ္။

===Unicode ===

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ စစ်တကောင်းဆိပ်ကမ်းမြို့အနီးက ကုန်လှောင်ရုံတခုမှာ စနေနေ့ည သန်းခေါင်အချိန်လောက်မှာ မီးလောင်မှုကြီး ဖြစ်သွားခဲ့တာကြောင့် အနည်းဆုံး လူ (၄၉) ယောက်သေဆုံးပြီး (၁၀၀) ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်ပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။ သေဆုံးသူတွေထဲ မီးသတ်သမား (၉) ဦးလည်း ပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးပါတယ်။ အဲဒီ မီးကိုငြိမ်းသတ်နိုင်ဖို့ တနင်္ဂနွေညအထိ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ Dutch ဖက်စပ် ဖွင့်ထားတဲ့ BM Inland Container Depot ကုန်လှောင်ရုံကြီးထဲမှာ ဓါတုပစ္စည်းတွေ အများအပြား သိုလှောင်ထားတာလို့ ဆိုပါတယ်။ မီးဘယ်လို စလောင်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အခု မီးလောင်ဖြစ်ပွားတဲ့ စစ်တကောင်း ဆိပ်ကမ်းမြို့ဟာ မြို့တော် ဒါကာနဲ့ ၁၃၄ မိုင်ဝေးတယ်လို့ ဆိုပါတယ်။

မီးငြိမ်းသတ်ဖို့ ကြိုးစားကြတဲ့ မီးသတ်သမား (၉) ဦး အနည်းဆုံး သေဆုံးခဲ့တဲ့အပြင်၊ တခြား (၁၀) ဦးကိုလည်း မီးလောင်ဒဏ်ရာတွေအတွက် ကုသမှုပေးနေရတယ်လို့ မီးသတ်ဦးစီးဌာနအရာရှိ Main Uddin က ပြောပါတယ်။

မီးစလောင်ပြီး မကြာခင်မှာဘဲ နောက်ဆက်တွဲ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် လောင်ကျွမ်းတဲ့နေရာ ပိုပြီး ကျယ်လာတယ်လို့ဆိုပါတယ်။ မီးသတ်သမားတွေကို ကူညီဖို့အတွက် အခင်းဖြစ်တဲ့နေရာကို စစ်တပ်က ပေါက်ကွဲမှုဆိုင်ရာ ကျွမ်းကျင်သူတွေကို ခေါ်ထားတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးနားမှာရှိတဲ့ အဆောက်အဦးက မှန်တွေ ကွဲကုန်ပြီး (၂) မိုင်ခွဲလောက်အထိ ပေါက်ကွဲမှုအရှိန် ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့အတွက် အံ့အားသင့်မိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောကြားလိုက်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို သင့်တော်တဲ့ ကုသမှုပေးဖို့ ညွန်ကြားထားပါတယ်။

XS
SM
MD
LG