ဘိုလီးဗီးယားႏိုင္ငံ သမၼတေဟာင္း Jeanine Anez ကို ၂၀၁၉ ခုႏွစ္တုန္းက အာဏာသိမ္းယူမႈနဲ႔ ေထာင္ဒဏ္ (၁၀) ႏွစ္ အျပစ္ေပးလိုက္ပါတယ္။ အၾကမ္းဖက္ဆႏၵျပမႈေတြေၾကာင့္ သမၼတ Evo Morales ရာထူးက ႏုတ္ထြက္ၿပီး၊ ျပည္ပထြက္ေျပးရတဲ့ေနာက္၊ ၂၀၁၉ ခုႏွစ္မွာ သူမ အာဏာယူလိုက္တာပါ။ ဖြဲ႔စည္ပုံအေျခခံဥပေဒကို ဆန႔္က်င္ၿပီး၊ ကိုယ့္ကိုကိုယ္ သမၼတအျဖစ္ ေၾကညာလုပ္ေဆာင္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ သူမမွာ အျပစ္ရွိတယ္လို႔ တရား႐ုံးက စီရင္ခဲ့ပါတယ္။ သမၼတ Morales နဲ သူ႔ရဲ႕ ပါတီကေတာ့ ဒါဟာ အာဏာသိမ္းမႈ ျဖစ္တယ္လို႔ ေျပာဆိုပါတယ္။ Anez ကို လိုလားေထာက္ခံသူေတြကေတာ့ အာဏာသိမ္းတယ္ဆိုတဲ စြဲခ်က္ကို ျငင္းဆိုၾကပါတယ္။ သမၼတ Morales ဟာ အာဏာအလြဲသုံးလုပ္ခဲ့တာေတြေၾကာင့္ လမ္းမေပၚကို လူေတြထြက္လာရၿပီး၊ အေရးအခင္းႀကီး ျဖစ္ခဲ့ရတယ္လို႔ သူတို႔က ေျပာပါတယ္။ အဲဒီေနာက္ သမၼတနဲ႔ ဒုသမၼတတို႔ေနရာ လစ္လပ္သြားတာေၾကာင့္ အထက္လႊတ္ေတာ္ ဒုဥကၠဌျဖစ္သူ Anez က ယာယီသမၼတအျဖစ္ တာဝန္ယူခဲ့ရတယ္ဆိုၿပီး Anez ကို ေထာက္ခံသူေတြက ေျပာပါတယ္။
အခု တရား႐ုံးစီရင္ခ်က္ကိုေတာ့ ျပန္ၿပီးအယူခံဝင္မယ္လို သူ႔ေရွေနေတြက ေျပာပါတယ္။ Morales က တိုင္းျပည္က ထြက္သြားတာေၾကာင့္ တိုင္းျပည္ကို တည္ၿငိမ္ေအာင္ လုပ္ခဲ့တာသာျဖစ္ၿပီး၊ သူ႔အေနနဲ႔ေတာ့ သမၼတျဖစ္ဖို႔ ႀကိဳးစားလုပ္ေဆာင္တာမ်ိဳး မရွိခဲ့ဘူးလို႔၊ သူမကို ထိန္းသိမ္းထားတဲ့ ေထာင္ထဲကေန Anez က ေၾကညာခ်က္ ထုတ္ေျပာခဲ့ပါတယ္။ ေအာက္တိုဘာ (၂၀) ရက္ေန႔ ေ႐ြးေကာက္ပြဲမွာ မဲလိမ္တယ္ဆိုၿပီး၊ ႏိုင္ငံအဝွမ္း ဆႏၵျပကန္ကြက္မႈေတြကေန Morales က ရာထူးက ဆင္းေပးခဲ့ရတာပါ။ ေ႐ြးေကာက္ပြဲ မဲလိမ္မႈဆိုတာကိုလည္း Morales က ျငင္းဆိုၿပီး၊ အဲဒီေ႐ြးေကာက္ပြဲမွာ သူအႏိုင္ရခဲ့တယ္လို႔ ေျပာပါတယ္။ ဆႏၵျပမႈေတြေၾကာင့္ လူ (၃၇) ဦး ေသဆုံးခဲ့ရၿပီး၊ သမၼတ Morales လည္း မက္ဆီကိုႏိုင္ငံကို တိမ္းေရွာင္ခိုလႈံခဲ့ရပါတယ္။
၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ သူ႔ရဲ႕ပါတီ ျပန္အႏိုင္ရၿပီး၊ Morales လည္း ဘိုလီဗီးယားကို ျပန္လာခဲ့ပါတယ္။ ဒီ တရားစီရင္မႈဟာ ျပစ္ဒဏ္လြတ္ကင္းခြင့္ရမႈေတြကို ဆန႔္က်င္တဲ့ သမိုင္းဝင္ျဖစ္ရပ္ပဲလို႔ Morales ရဲ႕ ပါတီ ဒုတိယအႀကီးအကဲက ေျပာပါတယ္။ တရား႐ုံးဟာ ဘိုလီးဗီယားစစ္တပ္ အႀကီးအကဲေဟာင္း Williams Kaliman နဲ႔ ရဲခ်ဳပ္ေဟာင္း Vladimir Calderon တို႔ကိုလည္း ေထာင္ဒဏ္ (၁၀) ႏွစ္စီ အမိန႔္ခ်ခဲ့ပါတယ္။ အျခား စစ္ဖက္အႀကီးအကဲေဟာင္း ေလးဦးကိုလည္း ေထာင္ဒဏ္အသီးသီး ခ်မွတ္ခဲ့ပါတယ္။
==== Unicode ====
ဘိုလီးဗီးယားနိုင်ငံ သမ္မတဟောင်း Jeanine Anez ကို ၂၀၁၉ ခုနှစ်တုန်းက အာဏာသိမ်းယူမှုနဲ့ ထောင်ဒဏ် (၁၀) နှစ် အပြစ်ပေးလိုက်ပါတယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် သမ္မတ Evo Morales ရာထူးက နုတ်ထွက်ပြီး၊ ပြည်ပထွက်ပြေးရတဲ့နောက်၊ ၂၀၁၉ ခုနှစ်မှာ သူမ အာဏာယူလိုက်တာပါ။ ဖွဲ့စည်ပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး၊ ကိုယ့်ကိုကိုယ် သမ္မတအဖြစ် ကြေညာလုပ်ဆောင်တယ်ဆိုတဲ့ စွဲချက်နဲ့ သူမမှာ အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ခဲ့ပါတယ်။ သမ္မတ Morales နဲ သူ့ရဲ့ ပါတီကတော့ ဒါဟာ အာဏာသိမ်းမှု ဖြစ်တယ်လို့ ပြောဆိုပါတယ်။ Anez ကို လိုလားထောက်ခံသူတွေကတော့ အာဏာသိမ်းတယ်ဆိုတဲ စွဲချက်ကို ငြင်းဆိုကြပါတယ်။ သမ္မတ Morales ဟာ အာဏာအလွဲသုံးလုပ်ခဲ့တာတွေကြောင့် လမ်းမပေါ်ကို လူတွေထွက်လာရပြီး၊ အရေးအခင်းကြီး ဖြစ်ခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။ အဲဒီနောက် သမ္မတနဲ့ ဒုသမ္မတတို့နေရာ လစ်လပ်သွားတာကြောင့် အထက်လွှတ်တော် ဒုဥက္ကဌဖြစ်သူ Anez က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ရတယ်ဆိုပြီး Anez ကို ထောက်ခံသူတွေက ပြောပါတယ်။
အခု တရားရုံးစီရင်ချက်ကိုတော့ ပြန်ပြီးအယူခံဝင်မယ်လို သူ့ရှေနေတွေက ပြောပါတယ်။ Morales က တိုင်းပြည်က ထွက်သွားတာကြောင့် တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ခဲ့တာသာဖြစ်ပြီး၊ သူ့အနေနဲ့တော့ သမ္မတဖြစ်ဖို့ ကြိုးစားလုပ်ဆောင်တာမျိုး မရှိခဲ့ဘူးလို့၊ သူမကို ထိန်းသိမ်းထားတဲ့ ထောင်ထဲကနေ Anez က ကြေညာချက် ထုတ်ပြောခဲ့ပါတယ်။ အောက်တိုဘာ (၂၀) ရက်နေ့ ရွေးကောက်ပွဲမှာ မဲလိမ်တယ်ဆိုပြီး၊ နိုင်ငံအဝှမ်း ဆန္ဒပြကန်ကွက်မှုတွေကနေ Morales က ရာထူးက ဆင်းပေးခဲ့ရတာပါ။ ရွေးကောက်ပွဲ မဲလိမ်မှုဆိုတာကိုလည်း Morales က ငြင်းဆိုပြီး၊ အဲဒီရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်လို့ ပြောပါတယ်။ ဆန္ဒပြမှုတွေကြောင့် လူ (၃၇) ဦး သေဆုံးခဲ့ရပြီး၊ သမ္မတ Morales လည်း မက်ဆီကိုနိုင်ငံကို တိမ်းရှောင်ခိုလှုံခဲ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ သူ့ရဲ့ပါတီ ပြန်အနိုင်ရပြီး၊ Morales လည်း ဘိုလီဗီးယားကို ပြန်လာခဲ့ပါတယ်။ ဒီ တရားစီရင်မှုဟာ ပြစ်ဒဏ်လွတ်ကင်းခွင့်ရမှုတွေကို ဆန့်ကျင်တဲ့ သမိုင်းဝင်ဖြစ်ရပ်ပဲလို့ Morales ရဲ့ ပါတီ ဒုတိယအကြီးအကဲက ပြောပါတယ်။ တရားရုံးဟာ ဘိုလီးဗီယားစစ်တပ် အကြီးအကဲဟောင်း Williams Kaliman နဲ့ ရဲချုပ်ဟောင်း Vladimir Calderon တို့ကိုလည်း ထောင်ဒဏ် (၁၀) နှစ်စီ အမိန့်ချခဲ့ပါတယ်။ အခြား စစ်ဖက်အကြီးအကဲဟောင်း လေးဦးကိုလည်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။