သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
ဗြိတိန်မှာ တပတ် ၄ ရက်လုပ်၊ ၃ ရက်နား အစီအစဉ် စမ်းသပ်မည်
Pressure Drop ကုမ္ပဏီကတော့ ဒီစမ်းသပ်အစီအစဉ်ကို လုပ်လိုက်ခြင်းအားဖြင့်၊ ဝန်ထမ်းတွေရဲ့ လုပ်အားနဲ့ ထုတ်လုပ်မှုပိုင်းတွေမှာ၊ တိုးတက်လာရုံတင်မကဘဲ သူတို့ရဲ့ ကျန်းမာရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးတွေမှလည်း တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
=== Unicode ===
ဗြိတိနိုင်ငံက ကုမ္ပဏီတချို့ဟာ တပတ်မှာ အလုပ် (၄) ရက်လုပ်ပြီး (၃) ရက် နားဖို့ကိစ္စကို စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
Pressure Drop ဘီယာကုမ္ပဏီအပါအဝင် ဗြိတိန်က ကုမ္ပဏီ (၆၀) လောက်ဟာ တပတ်ကို (၄) ရက်ပဲ၊ အလုပ်လုပ်တာကို (၆) လ လောက် စမ်းသပ်တဲ့အနေနဲ့ စတင်ကြတော့မှာဖြစ်ပြီး အဲဒီထဲမှာ အလုပ်သမား (၃,၀၀၀) လောက် ပါဝင်မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကို သူတို့ရဲ့လစာတွေနဲ့ ဝင်ငွေတွေ ထိခိုက်မှုမရှိစေဘဲ၊ အလုပ်ချိန်တွေ လျှော့ချနိုင်အောင် အကူအညီပေးဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုမျိုး အလားတူ တပတ် (၄) ရက်ပဲလုပ်ပြီး (၃) ရက်နားတဲ့ စမ်းသပ်တဲ့အစီအစဉ်တွေကိုလည်း စပိန်၊ အိုက်စလန်၊ အမေရိကန်၊ ကနေဒါ နိုင်ငံတွေမှာ စတင်လုပ်ဆောင်နေပြီး၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာလည်း လာမယ့် သြဂုတ်လမှာ စတင်ဖို့ သတ်မှတ်ထားပါတယ်။
လန်ဒန်မြို့က Pressure Drop ဘီယာကုမ္ပဏီဝန်ထမ်း Louis Bloomsfield ကတော့ အလုပ်ပိတ်ရက် တရက်ပိုရတဲ့ အချိန်အတွင်း ပရဟိတလုပ်ငန်းတွေမှာ၊ လုပ်အားပေးတာ၊ ကျောင်းတက်တာနဲ့ မိသားစုကို အချိန်ပေးတာတွေ ပိုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
XS
SM
MD
LG