သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် ဇွန်လမြန်မာပြည်ခရီး ရလဒ်မျှော်မှန်း

ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)

ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn ဟာ လာမယ့်ဇွန်လမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ဖို့ရှိပြီး၊ ခရီးစဉ်အတွက် အပြုသဘောရလဒ် ထွက်လာဖို့ မျှော်မှန်းထားတယ်လို့ ကမ္ဘောဒီယားနိုင်ငံ The Phnom Penh Post သတင်းစာက ရေးပါတယ်။ မနေ့ကလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို Mr.Sokhonn က အွန်လိုင်းကနေ တတ်ရောက်ပြီး၊ သူ မြန်မာပြည်သွားမယ့် ခရီးစဉ်ကို ပြောဆိုခဲ့တာလို့ဆိုပါတယ်။ အထူးကိုယ်စားလှယ် Prak Sokhonn ဟာ မတ်လကုန်ပိုင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာပါ။ အဲဒီတုန်းကတော့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ကို တွေ့ဆုံခဲ့ပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့နိုင်ခဲ့ပါဘူး။ ဒေါ်အာင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းခဲ့ပေမယ့်၊ စစ်ကောင်စီက ခွင့်မပြုခဲ့တာပါ။ စစ်ကောင်စီ ပြောခွင့်ရသူကတော့ ဖမ်းဆီးခံရသူ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရဆဲကာလ ဖြစ်တာမို့လို့ အကြောင်းပြပါတယ်။

အခု ဒီတခေါက်ခရီးစဉ်မှာတော့ အကြမ်းဖက်မှုရပ်ဆိုင်းရေး၊ ထိတွေ့ဆက်ဆံမှုတွေရှိရေး၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး၊ လူသားချင်းစာနာကူညီမူနဲ့ အပြုသဘောဆောင်ရေးတို့ကို အလေးပေးသွားမယ်လို့ အထူးကိုယ်စားလှယ်က ပြောကြောင်း The Phnom Penh Post က ရေးပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံအနေနဲ့ မြန်မာ့အရေးအာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက် အထူးကိုယ်စားလှယ်ခန့်ပြီး မြန်မာ့အရေး ကိုင်တွယ်နေတာပါ။ ဒါပေမယ့်လည်း မြန်မာစစ်ကောင်စီဘက်က ဒီအချက်တွေကို လိုက်လျောမှု မရှိဘူးဆိုပြီး အာဆီယံအတွင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးကိစ္စမှာလည်း အာဆီယံက မလုပ်နိုင်သေးဘဲ ကြန့်ကြာနေပါတယ်။ မြန်မာစစ်ကောင်စီကတော့ အာဆီယံဘက်က လိုလားချက်နဲ့ သူတို့ချမှတ်ထားတဲ့ မူဘောင်ကွဲလွဲတာကြောင့် အခုလိုကြန့်ကြာရတာလို့ ဗွီအိုအေကို ပြောထားပါတယ်။

== Unicode ===

XS
SM
MD
LG