သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအတိုက်အခံတွေကို သေဒဏ်စီရင်မှုမလုပ်ဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ် ပန်ကြား


Cambodia's Prime Minister Hun Sen speaks to the media during a press conference at the Peace Palace in Phnom Penh on February 24, 2020. (Photo by TANG CHHIN Sothy / AFP)
Cambodia's Prime Minister Hun Sen speaks to the media during a press conference at the Peace Palace in Phnom Penh on February 24, 2020. (Photo by TANG CHHIN Sothy / AFP)

မြန်မာစစ်ကောင်စီခေါင်းဆောင်အနေနဲ့ အတိုက်အခံတွေကို သေဒဏ်စီရင်ဖို့ ပြင်ဆင်နေတာကို ပြန်စဉ်းစားဖို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် (၄) ဦးကို စစ်ကောင်စီအနေနဲ့ နောက်ဆုံးအဆင့် သေဒဏ်အတည်ပြုပြီး၊ အကျဉ်းထောင်က ဆက်လုပ်ဖို့သာ ကျန်တော့တယ်လို့ပြောအပြီး အခုလို တောင်းဆိုလာတာပါ။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အခုလို ဆုံးဖြတ်ထားပြီး ဖြစ်တာအပေါ်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပြင် အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေလည်း အလွန်အမင်း စိုးရိမ်နေရပါတယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန် မနေ့က ပို့လိုက်တဲ့စာထဲ ရှင်းပြထားပါတယ်။

ဒါ့အပြင် ဒီသေဒဏ်အစီအစဉ်ကို လက်တွေ့လုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်တုံ့ပြန်မူတွေ ဆက်ဖြစ်စေလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် ဟွန်ဆန်က ထောက်ပြထားပါတယ်။

တဆက်ထဲမှာ အခုလို သေဒဏ် တကယ်စီရင်လိုက်လျှင် လတ်တလော မြန်မာပြဿနာအတွက် ငြိမ်းချမ်စွာအဖြေရှာပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာဖို့ အာဆီယံနဲ့ လက်ရှိဥက္ကဋ္ဌ ကမ္ဘောဒီယားတို့ ကြိုးပမ်းမူအပေါ် ကြီးမားတဲ့ ဆိုးကျိုးဖြစ်စေလိမ့်မယ်လို့ စာထဲမှာ ဆက်လျက်ထောက်ပြထားပါတယ်။

အခုလို အာဆီယံ ဘုံသဘောတူညီချက်ငါးချက်နဲ့ ကြိုးပမ်းနေတာအပေါ် စစ်ကောင်စီက ဂရုမစိုက်တာကြောင့် အလုပ်မဖြစ်ဘူးလို့ ဝေဖန်မူတွေ တိုးလာနေချိန်မှာ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဒီလကုန် မြန်မာကိုထပ်သွား ကြိုးပမ်းဖို့ရှိနေပါတယ်။

=== Unicode ===







XS
SM
MD
LG