ကေမာၻဒီးယားႏိုင္ငံရဲ႕ ေဒသႏၲရ ေ႐ြးေကာက္ပြဲေတြကို ဒီကေန႔ တနဂၤေႏြေန႔ မနက္မွာ စတင္ ဖြင့္လိုက္ၿပီး၊ ႏွစ္ေပါင္း (၃၇) ႏွစ္ေက်ာ္ အုပ္ခ်ဳပ္လာခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ပါတီကို အတိုက္အခံကို စိန္ေခၚႏိုင္မလား စိတ္ဝင္စားေနၾကပါတယ္။
ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ဖႏုံးပင္ၿမိဳ႕ျပင္က ေက်ာင္းတစ္ေက်ာင္းမွာ ဖြင့္ထားတဲ့ မဲ႐ုံမွာ သူ႔ဇနီးနဲ႔အတူ မဲသြားထည့္ခဲ့ပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္မွာ တစ္ပါတီကပဲ လႊမ္းမိုးတဲ့ ႏိုင္ငံ အျဖစ္ ကေမာၻဒီးယားကို ေျပာင္းပစ္ခဲ့တဲ့သူပါ။
၂၀၁၇ ခုႏွစ္က ေဒသႏၲရ ေ႐ြးေကာက္ပြဲေတြမွာ အတိုက္အခံပါတီ ကေမာၻဒီးယားအမ်ိဳးသား ကယ္တင္ေရးပါတီ (CNRP) က ၄၄ ရာႏႈန္း လူထုမဲကို ရရွိခဲ့ေပမဲ့ တရား႐ုံး ဆုံးျဖတ္ခ်က္အရ၊ ပါတီဟာ ပယ္ဖ်က္ခံခဲ့ရပါတယ္။ ပါတီေခါင္းေဆာင္ Kem Sokha ဟာ ဖမ္းဆီးေထာင္ တစ္ႏွစ္ ခ်ခံခဲ့ရၿပီး၊ ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔လည္း ဆက္လက္တရားရင္ဆိုင္ေနရပါတယ္။ ပါတီကို ပူးတြဲတည္ေထာင္သူ Sam Rainsy ဟာ တိုင္းျပည္က ထြက္ေျပးခဲ့ရၿပီး၊ ျပင္သစ္မွာ ေနထိုင္ေနရပါတယ္။
ဒီ ေ႐ြးေကာက္ပြဲမွာေတာ့ Sam Rainsy ထူေထာင္ခဲ့တဲ့ ဖေယာင္းတိုင္အလင္းပါတီ - Candlelight Party (CP) က မဲဆႏၵနယ္ေျမတိုင္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ အဓိက အတိုက္အခံပါတီ ျဖစ္လာပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ ပါတီ (၁၇) ပါတီ ဟာ ေနရာ ၁၁၆၀၀ အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကပါတယ္။ ကေမာၻဒီးယားမွာ ေက်း႐ြာအုပ္စုေပါင္း ၁၆၅၂ ရွိပါတယ္။ မဲေပးႏိုင္သူ (၉) သန္းေက်ာ္က မဲေပးၾကမွာပါ။
ေ႐ြးေကာက္ပြဲ မတိုင္မီမွာ အတိုက္အခံ ကိုယ္စားလွယ္ေလာင္းေတြကို ပစ္မွတ္ထား ေႏွာင့္ယွက္ပိတ္ပင္တဲ့ ပုံစံေတြကို ေတြ႕ရတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရ ႐ုံး ေျပာေရးဆိုခြင့္ရွိသူ Liz Throssell က ေျပာပါတယ္။
=== Unicode ===
ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ စတင် ဖွင့်လိုက်ပြီး၊ နှစ်ပေါင်း (၃၇) နှစ်ကျော် အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီကို အတိုက်အခံကို စိန်ခေါ်နိုင်မလား စိတ်ဝင်စားနေကြပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဖနုံးပင်မြို့ပြင်က ကျောင်းတစ်ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံမှာ သူ့ဇနီးနဲ့အတူ မဲသွားထည့်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ တစ်ပါတီကပဲ လွှမ်းမိုးတဲ့ နိုင်ငံ အဖြစ် ကမ္ဘောဒီးယားကို ပြောင်းပစ်ခဲ့တဲ့သူပါ။
၂၀၁၇ ခုနှစ်က ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အတိုက်အခံပါတီ ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ (CNRP) က ၄၄ ရာနှုန်း လူထုမဲကို ရရှိခဲ့ပေမဲ့ တရားရုံး ဆုံးဖြတ်ချက်အရ၊ ပါတီဟာ ပယ်ဖျက်ခံခဲ့ရပါတယ်။ ပါတီခေါင်းဆောင် Kem Sokha ဟာ ဖမ်းဆီးထောင် တစ်နှစ် ချခံခဲ့ရပြီး၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့လည်း ဆက်လက်တရားရင်ဆိုင်နေရပါတယ်။ ပါတီကို ပူးတွဲတည်ထောင်သူ Sam Rainsy ဟာ တိုင်းပြည်က ထွက်ပြေးခဲ့ရပြီး၊ ပြင်သစ်မှာ နေထိုင်နေရပါတယ်။
ဒီ ရွေးကောက်ပွဲမှာတော့ Sam Rainsy ထူထောင်ခဲ့တဲ့ ဖယောင်းတိုင်အလင်းပါတီ - Candlelight Party (CP) က မဲဆန္ဒနယ်မြေတိုင်းမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ အဓိက အတိုက်အခံပါတီ ဖြစ်လာပါတယ်။ ဒီရွေးကောက်ပွဲမှာ ပါတီ (၁၇) ပါတီ ဟာ နေရာ ၁၁၆၀၀ အတွက် ဝင်ရောက်ယှဥ်ပြိုင်နေကြပါတယ်။ ကမ္ဘောဒီးယားမှာ ကျေးရွာအုပ်စုပေါင်း ၁၆၅၂ ရှိပါတယ်။ မဲပေးနိုင်သူ (၉) သန်းကျော်က မဲပေးကြမှာပါ။
ရွေးကောက်ပွဲ မတိုင်မီမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို ပစ်မှတ်ထား နှောင့်ယှက်ပိတ်ပင်တဲ့ ပုံစံတွေကို တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေ ရုံး ပြောရေးဆိုခွင့်ရှိသူ Liz Throssell က ပြောပါတယ်။