သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချယ်ဆီးအသင်းရောင်းချဖို့ အပြီးသတ်သဘောတူညီမှုရ


Britain Soccer Chelsea Ownership
Britain Soccer Chelsea Ownership

အင်္ဂလန် ပရီမီယာလိဂ်က ချယ်ဆီးအသင်းကို ရောင်းချဖို့အတွက် အပြီးသတ် သဘောတူညီမှု ရသွားပြီဖြစ်တယ်လို့ ချယ်ဆီးအသင်းက ဒီနေ့ မေလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ချယ်ဆီးအသင်းကို အမေရိကန်က LA Dodgers အသင်းရဲ့ ပိုင်ရှင်တဦးဖြစ်သူ Todd Boehly ဦးဆောင်တဲ့ ကုမ္ပဏီများအဖွဲ့က ဝယ်လိုက်တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အရောင်းအဝယ်နဲ့ အသင်းကို ပိုင်ရှင်အသစ်ဆီကို လွှဲပြောင်းတဲ့ကိစ္စတွေကို တနင်္လာနေ့မှာ အပြီးသတ်လုပ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီကုမ္ပဏီများအဖွဲ့ဟာ ချယ်ဆီးအသင်းကို ဝယ်ဖို့အတွက် အခုလ အစောပိုင်းက အနိုင်ရခဲ့ပြီး၊ ဗြိတိန်အစိုးရနဲ့ ပရီမီယာလိဂ်တို့ကလည်း အရောင်းအဝယ်ကိစ္စကို ဆက်လုပ်ဖို့ ဒီသီတင်းပတ်မှာ သဘောတူလိုက်တာဖြစ်ပါတယ်။

အသင်းကို Todd Boehly နဲ့ Clearlake Capital ကုမ္ပဏီများအဖွဲ့ကို ရောင်းချဖို့၊ အပြီးသတ် သဘောတူညီချက်ကို မနေ့ညက ရခဲ့တယ်လို့ ချယ်ဆီးအသင်းက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်၊ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရာကနေ ရုရှားဘီလျံနာသူဌေးကြီး ရိုမန်အက်ဗရာမိုဗစ်ချ်ပိုင်တဲ့ ချယ်ဆီးအသင်းကို အခုလို ရောင်းချရတဲ့အထိ ဖြစ်ခဲ့တာပါ။

== Unicode ===





XS
SM
MD
LG