သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္က တ႐ုတ္နဲ႔ အာရွ-ပစိဖိတ္ႏိုင္ငံေတြအၾကား ရန္တိုက္ေပးေနဟု တ႐ုတ္စြပ္စြဲ


ASIA-SECURITY/

အေမရိကန္ျပည္ေထာင္စုဟာ အာရွပစိဖိတ္ေဒသမွာရွိတဲ့ ႏိုင္ငံေတြရဲ႕ ေထာက္ခံမႈေတြကို အတင္းအဓမၼရယူၿပီး၊ တ႐ုတ္အစိုးရနဲ႔ ရန္တိုက္ေပးဖို႔ ႀကိဳးစားေနတယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက စြပ္စြဲလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ေဒသတြင္းမွာ မတည္ၿငိမ္မႈေတြကို ဖန္တီးေနတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ရွန္ဂရီလာ လုံၿခဳံေရးဆိုင္ရာ ထိပ္သီးအစည္းအေဝးမတိုင္ခင္တရက္က စြပ္စြဲလိုက္တဲ့အေပၚ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက ျပင္းျပင္းထန္ထန္ ေဝဖန္ၿပီးေတာ့ ပယ္ခ်လိုက္ပါတယ္။

အင္ဒို-ပစိဖိတ္ေဒသမွာရွိတဲ့ ႏိုင္ငံေတြနဲ႔အတူ ႏိုင္ငံစုံပါဝင္တဲ့ အက်ိဳးတူေဆာင္႐ြက္မႈေတြလုပ္ဖို႔ လိုအပ္ေနတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက အေလးေပးေျပာၾကားလိုက္တာဟာ တ႐ုတ္ႏိုင္ငံကို ေခ်ာင္ထဲကို တြန္းပို႔ဖို႔ ႀကိဳးစားတာျဖစ္တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ ႏိုင္ငံစုံဝါဒအသြင္ေယာင္ေဆာင္ၿပီး၊ ဘယ္ႏိုင္ငံက သူတို႔ရဲ႕ ဆႏၵေတြကို တျခားႏိုင္ငံေတြကို ေဖာ္ေဆာင္ခိုင္းတာ၊ ဒါမွမဟုတ္ တျခားႏိုင္ငံေတြကို အႏိုင္က်င့္တာေတြ မလုပ္သင့္ဘူးလို႔ သူကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ သူတို႔ရဲ႕ စစ္တပ္ကို ေခတ္မီလာေအာင္ အလွ်င္အျမန္ လုပ္ေဆာင္ၿပီးေတာ့ ေဒသတြင္းမွာ သူတို႔ရဲ႕ ၾသဇာလႊမ္းမိုးမႈနဲ႔ ရည္မွန္းခ်က္ေတြကို ခ်ဲ႕ထြင္ဖို႔ ႀကိဳးပမ္းလာေနတာ ျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ တ႐ုတ္ဟာ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံနဲ႔ လုံၿခဳံေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့ၿပီး၊ အဲဒီ သေဘာတူညီခ်က္ေၾကာင့္ တ႐ုတ္ႏိုင္ငံဟာ ပစိဖိတ္ေဒသတြင္းမွာ သူတို႔ရဲ႕ ေရတပ္စခန္းေတြ ခ်လာႏိုင္တယ္လို႔ အေတာ္မ်ားမ်ားက စိုးရိမ္ေနၾကပါတယ္။

=== Unicode ===

အမေရိကန်ပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို အတင်းအဓမ္မရယူပြီး၊ တရုတ်အစိုးရနဲ့ ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေကို ဖန်တီးနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမတိုင်ခင်တရက်က စွပ်စွဲလိုက်တဲ့အပေါ် တရုတ်ကာကွယ်ရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ပြီးတော့ ပယ်ချလိုက်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေနဲ့အတူ နိုင်ငံစုံပါဝင်တဲ့ အကျိုးတူဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အလေးပေးပြောကြားလိုက်တာဟာ တရုတ်နိုင်ငံကို ချောင်ထဲကို တွန်းပို့ဖို့ ကြိုးစားတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံစုံဝါဒအသွင်ယောင်ဆောင်ပြီး၊ ဘယ်နိုင်ငံက သူတို့ရဲ့ ဆန္ဒတွေကို တခြားနိုင်ငံတွေကို ဖော်ဆောင်ခိုင်းတာ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို အနိုင်ကျင့်တာတွေ မလုပ်သင့်ဘူးလို့ သူကပြောပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ စစ်တပ်ကို ခေတ်မီလာအောင် အလျှင်အမြန် လုပ်ဆောင်ပြီးတော့ ဒေသတွင်းမှာ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ရည်မှန်းချက်တွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ တရုတ်ဟာ ဆော်လမွန်ကျွန်းစုနိုင်ငံနဲ့ လုံခြုံရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး၊ အဲဒီ သဘောတူညီချက်ကြောင့် တရုတ်နိုင်ငံဟာ ပစိဖိတ်ဒေသတွင်းမှာ သူတို့ရဲ့ ရေတပ်စခန်းတွေ ချလာနိုင်တယ်လို့ အတော်များများက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG