႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ အေနာက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုလုပ္ေဆာင္ေရးအတြက္ ရည္႐ြယ္ၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ဟာ အခုလေႏွာင္းပိုင္းမွာ က်င္းပမယ့္ ေနတိုး စစ္ေရးမဟာမိတ္အဖြဲ႕ ထိပ္သီးစည္းေဝးပြဲကို တက္ေရာက္ဖို႔ စီစဥ္ေနတယ္လို႔ ဒီကိစၥနဲ႔ နီးစပ္သူေတြေျပာတာကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။
ယူကရိန္းႏိုင္ငံအတြင္း ႐ုရွားက စစ္ရာဇဝတ္မႈ က်ဴးလြန္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ Kishida က အႀကိမ္ႀကိမ္ စြပ္စြဲေျပာဆိုေနေပမယ့္ ဝန္ႀကီးခ်ဳပ္ Kishida ရဲ႕ အခုလို ရပ္တည္၊ လုပ္ေဆာင္ခ်က္ေတြဟာ သာမွန္ထက္ပိုတဲ့ ျပင္းထန္တဲ့ ရပ္တည္ခ်က္အျဖစ္ ရႈျမင္ၾကပါတယ္။
ဂ်ပန္နဲ႔ ႐ုရွားအၾကား ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ၾကာျမင့္လာၿပီျဖစ္တဲ့ နယ္နိမိတ္ ပိုင္ဆိုင္မႈရာရွာ အျငင္းပြားမႈေတြ ရွိထားတာေၾကာင့္ ႐ုရွားနဲ႔ပတ္သက္ရင္ ဂ်ပန္ေခါင္းေဆာင္ေတြက သတိထား ရပ္တည္ခဲ့ၾကတာပါ။
က်ိဳဒိုသတင္းဌာနက စေနေန႔မွာ စတင္ေဖာ္ျပခဲ့တဲ့ ဒီကိစၥနဲ႔ပတ္သက္လို႔ ဂ်ပန္အစိုးရဘက္က တစုံတရာ ထုတ္ေဖာ္ ေျပာဆိုႏိုင္ျခင္းမရွိေၾကာင္း အစိုးရေျပာခြင့္ရက ဆိုပါတယ္။
ေနတိုးအဖြဲ႕ ထိပ္သီးစည္းေဝးပြဲကိုေတာ့ စပိႏ္ုနိင္ငံ၊ Madrid ၿမိဳ႕မွာ ဇြန္လ (၂၉) ရက္ကေန (၃၀) ရက္ေန႔အထိ (၂) ရက္ၾကာ က်င္းပမွာ ျဖစ္ပါတယ္။ ဒါဟာ ဂ်ပန္ႏိုင္ငံမွာ ဇူလိုင္ (၁၀) ရက္ေန႔ က်င္းပဖို႔ရွိတဲ့ ေ႐ြးေကာက္ပြဲေတြအတြက္ မဲဆြယ္စည္း႐ုံးရမယ့္အခ်ိန္နဲ႔ တိုက္ဆိုင္ေနတာပါ။
အထက္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ႏိုင္ငံေရးအေျခအေနေတြကို သုံးသပ္ၿပီးမွ ေနတိုး ထိပ္သီးစည္းေဝးပြဲကို တက္မယ္၊ မတက္ဘူးဆိုတာကို ဝန္ႀကီးက ဆုံးျဖတ္မယ္လို႔ အစိုးရအရာရွိေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး က်ိဳဒိုသတင္းမွာ ေရးပါတယ္။
=== Unicode ===
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ရေးအတွက် ရည်ရွယ်ပြီး ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ယူကရိန်းနိုင်ငံအတွင်း ရုရှားက စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဝန်ကြီးချုပ် Kishida က အကြိမ်ကြိမ် စွပ်စွဲပြောဆိုနေပေမယ့် ဝန်ကြီးချုပ် Kishida ရဲ့ အခုလို ရပ်တည်၊ လုပ်ဆောင်ချက်တွေဟာ သာမှန်ထက်ပိုတဲ့ ပြင်းထန်တဲ့ ရပ်တည်ချက်အဖြစ် ရှုမြင်ကြပါတယ်။
ဂျပန်နဲ့ ရုရှားအကြား ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်လာပြီဖြစ်တဲ့ နယ်နိမိတ် ပိုင်ဆိုင်မှုရာရှာ အငြင်းပွားမှုတွေ ရှိထားတာကြောင့် ရုရှားနဲ့ပတ်သက်ရင် ဂျပန်ခေါင်းဆောင်တွေက သတိထား ရပ်တည်ခဲ့ကြတာပါ။
ကျိုဒိုသတင်းဌာနက စနေနေ့မှာ စတင်ဖော်ပြခဲ့တဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဂျပန်အစိုးရဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိကြောင်း အစိုးရပြောခွင့်ရက ဆိုပါတယ်။
နေတိုးအဖွဲ့ ထိပ်သီးစည်းဝေးပွဲကိုတော့ စပိန်ုနိင်ငံ၊ Madrid မြို့မှာ ဇွန်လ (၂၉) ရက်ကနေ (၃၀) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ဇူလိုင် (၁၀) ရက်နေ့ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးရမယ့်အချိန်နဲ့ တိုက်ဆိုင်နေတာပါ။
အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပြီးမှ နေတိုး ထိပ်သီးစည်းဝေးပွဲကို တက်မယ်၊ မတက်ဘူးဆိုတာကို ဝန်ကြီးက ဆုံးဖြတ်မယ်လို့ အစိုးရအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ရေးပါတယ်။