သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲ လြတ္လပ္မွ်တမႈ မျဖစ္ႏိုင္” Derek Chollet


ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ အေရွ႕ေတာင္အာရွခရီးစဥ္မွာ ျမန္မာ့အေရးေဆြးေႏြးမည္

ျမန္မာစစ္ေကာင္စီက ေနာက္ႏွစ္ထဲက်င္းပဖို႔ ျပင္ေနတဲ့ ေ႐ြးေကာက္ပြဲေတြမွာ လြတ္လပ္မွ်တမွာ မဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Derek Chollet က ေျပာဆိုလိုက္ပါတယ္။ ဒီေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တဖို ႔မရွိဘဲ၊ ဒါဟာ ေဒသတြင္းနဲ႔ ႏိုင္ငံတကာကို လွည့္စားဖို႔ ႀကိဳးပမ္းမႈတရပ္သား ျဖစ္လိမ့္မယ္လို႔ ႏိုင္ငံျခားေရးအတိုင္ပင္ခံ Derek Chollet က စင္ကာပူႏိုင္ငံမွာ က်င္းပေနတဲ့ Shangri-La ေဒသတြင္း လုံၿခဳံေရးအစည္အးေဝးတခုမွာ ေျပာဆိုသြားတာပါ။

အဲဒီ ေဆြးေႏြးပြဲမွာ တတ္ေရာက္ေဆြးေႏြးသူတဦးျဖစ္တဲ့ ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Noeleen Heyzer ကလည္း ဒီေ႐ြးေကာက္ပြဲကေန မွန္ကန္ေလွ်ာ္ညီတဲ့ အရပ္ဖက္အုပ္ခ်ဳပ္ေရးတရပ္ျဖစ္ဖို႔ ျမန္မာလူထုက မယုံၾကည္ဘူးဆိုရင္ေတာ့ ဒါဟာ ေနာက္ထပ္အၾကမ္းဖက္မႈေတြအတြက္ အစျပဳခ်က္ ျဖစ္လာႏိုင္တယ္လို႔လည္း သတိေပးပါတယ္။

ဒါေပမဲ့လဲ ဒီပြဲကို တတ္ေရာက္ေဆြးေႏြးတဲ့ ထိုင္းႏိုင္ငံျခားေရးဌာန ကိုယ္စားလွယ္ Pornpimol Kanchanalak ကေတာ့ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ စိုးရိမ္ခ်က္ေတြကိုနားလည္ေပမယ့္၊ေအေရးယူမႈေတြ ျပစ္တင္ေဝဖန္မႈေတြလုပ္ေနတာေတြက ထိေရာက္မွာမဟုတ္ဘူးလို႔လည္း ဆိုပါတယ္။ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကေတာ့ ၿပီးခဲ့တဲ့ ၂၀၂၁ ဧၿပီတုန္းက ခ်မွတ္ခဲ့တဲ့ ျမန္မာ့အေရး အာဆီယံ သေဘာတူညီခ်က္ (၅) ခ်က္ကို ပိုၿပီးအေသးစိတ္ဖို႔နဲ႔ အခ်ိန္သတ္မွတ္မႈထားဖို႔ အႀကံျပဳပါတယ္။

လက္ရွိ ျမန္မာ့ႏိုင္ငံတြင္း ပဋိပကၡမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့အဖြဲ႔အစည္းေတြကို လက္နက္ေထာက္ပံ့ဖို႔ဆိုတာကေတာ့ အေမရိကန္အေနနဲ႔ လက္ရွိမွာ စဥ္းစားခ်က္မရွိဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးအတိုင္ပင္ခံ Chollet က ေျပာပါတယ္။ ျမန္မာစစ္အာဏာသိမ္းမႈ ဆႏၵျပပြဲေတြကို စစ္တပ္က အၾကမ္းဖက္ႏွိမ္နင္းၿပီးတဲ့ေနာက္၊ ျမန္မာႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာ လက္နက္စြဲကိုင္ ခုခံမႈေတြ ေပၚလာခဲ့တာပါ။ စစ္ေကာင္စီကေတာ့ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ မသမာမႈေတြရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းယူၿပီး၊ ေနာက္တႀကိမ္ေ႐ြးေကာက္ပြဲ ျပန္လုပ္မယ္လို႔ ကတိေပးထားပါတယ္။

ဒါေပမဲ့လဲ အဓိက ႏိုင္ငံေရးပါတီျဖစ္တဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္အားလုံးနီးပါးကို ဖမ္းဆီးထားၿပီး၊ ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ ေထာင္ဒဏ္ေတြ ခ်မွတ္ေနတာပါ။ လက္ရွိ ျမန္မာ့အက်ပ္အတည္းနဲ႔ ပတ္သက္လို႔ ဘယ္လိုေရွ႕ဆက္ၾကမလဲဆိုတဲ့ ေခါင္းစဥ္နဲ႔ စင္ကာပူမွာ လုပ္ေနတဲ့ ေဒသတြင္း လုံၿခဳံေရးအစည္အးေဝးႀကီးအတြင္း အခု ဇြန္လ (၁၁) ရက္ေန႔ မြန္းလြဲပိုင္းမွာ ေဆြးေႏြးၾကပါတယ္။ ဒီ အစည္းအေဝးကိုေတာ့ ျမန္မာစစ္ေကာင္စီဖက္က တတ္ေရာက္ခြင့္ မရပါဘူး။

=== Unicode ====
မြန်မာစစ်ကောင်စီက နောက်နှစ်ထဲကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောဆိုလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့မရှိဘဲ၊ ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးပမ်းမှုတရပ်သား ဖြစ်လိမ့်မယ်လို့ နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La ဒေသတွင်း လုံခြုံရေးအစည်အးဝေးတခုမှာ ပြောဆိုသွားတာပါ။

အဲဒီ ဆွေးနွေးပွဲမှာ တတ်ရောက်ဆွေးနွေးသူတဦးဖြစ်တဲ့ ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း ဒီရွေးကောက်ပွဲကနေ မှန်ကန်လျှော်ညီတဲ့ အရပ်ဖက်အုပ်ချုပ်ရေးတရပ်ဖြစ်ဖို့ မြန်မာလူထုက မယုံကြည်ဘူးဆိုရင်တော့ ဒါဟာ နောက်ထပ်အကြမ်းဖက်မှုတွေအတွက် အစပြုချက် ဖြစ်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။

ဒါပေမဲ့လဲ ဒီပွဲကို တတ်ရောက်ဆွေးနွေးတဲ့ ထိုင်းနိုင်ငံခြားရေးဌာန ကိုယ်စားလှယ် Pornpimol Kanchanalak ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေကိုနားလည်ပေမယ့်၊အေရေးယူမှုတွေ ပြစ်တင်ဝေဖန်မှုတွေလုပ်နေတာတွေက ထိရောက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီတုန်းက ချမှတ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် (၅) ချက်ကို ပိုပြီးအသေးစိတ်ဖို့နဲ့ အချိန်သတ်မှတ်မှုထားဖို့ အကြံပြုပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံတွင်း ပဋိပက္ခမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ဖို့ဆိုတာကတော့ အမေရိကန်အနေနဲ့ လက်ရှိမှာ စဉ်းစားချက်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Chollet က ပြောပါတယ်။ မြန်မာစစ်အာဏာသိမ်းမှု ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီးတဲ့နောက်၊ မြန်မာနိုင်ငံနေရာအတော်များများမှာ လက်နက်စွဲကိုင် ခုခံမှုတွေ ပေါ်လာခဲ့တာပါ။ စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းယူပြီး၊ နောက်တကြိမ်ရွေးကောက်ပွဲ ပြန်လုပ်မယ်လို့ ကတိပေးထားပါတယ်။

ဒါပေမဲ့လဲ အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အားလုံးနီးပါးကို ဖမ်းဆီးထားပြီး၊ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာပါ။ လက်ရှိ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ စင်ကာပူမှာ လုပ်နေတဲ့ ဒေသတွင်း လုံခြုံရေးအစည်အးဝေးကြီးအတွင်း အခု ဇွန်လ (၁၁) ရက်နေ့ မွန်းလွဲပိုင်းမှာ ဆွေးနွေးကြပါတယ်။ ဒီ အစည်းအဝေးကိုတော့ မြန်မာစစ်ကောင်စီဖက်က တတ်ရောက်ခွင့် မရပါဘူး။

XS
SM
MD
LG